နားလည်မှု

in #busy6 years ago

ချစ်မိသွားတာအတွက်
ဘာအကြောင်းပြချက်မှ မရှိသလို
မချစ်မိတော့တာအတွက်လည်း
ဘာအကြောင်းပြချက်မှ မရှိတဲ့အတွက်
အငြင်းဆန်ခံရချိန်မှာ ဘာကိုမှ သွားမတောင်းဆိုပါနဲ့ ။

တစ်ယောက်နဲ့တစ်ယောက် ရှာဖွေမှုခြင်းလည်း
တူချင်မှ တူပါလိမ့်မယ် ။
သာယာမှုသက်သက်ကိုသာ ရှာဖွေသူတွေကို
ဘယ်လောက်စစ်တဲ့ ချစ်မေတ္တာကို ပေးနေနေ
တန်ဖိုးထား နားလည်ပေးနိုင်မှာမှ မဟုတ်တာ ။
တန်ဖိုးဘယ်လောက် ရှိနေသူဖြစ်နေနေ ၊ တန်ဖိုးမသိသူတွေအတွက် တကယ် တန်ဖိုးမရှိပါဘူး ။
တန်ဖိုးမထားတတ်သူတွေအတွက်လည်း
တကယ် တန်ဖိုးရှိမလာပါဘူး ။
အချိန်ကုန် မခံကြစေချင် ။

ကိုယ့်ကို တန်ဖိုးထားမယ့်နေရာ ၊
ကိုယ့်တန်ဖိုးကို သိတဲ့နေရာကိုသာ ရှာဖွေရပါတယ် ။
နေရာရွေးပြီး နားခိုတတ်ကြပါစေ ။

Coin Marketplace

STEEM 0.20
TRX 0.14
JST 0.030
BTC 64170.07
ETH 3425.12
USDT 1.00
SBD 2.59