နားလည်တက်သိသောနေရာကို သွားပါ

in #busy6 years ago

quocpliey63tvvritp8a.jpg
ကျန်းမာရေးဝန်ထမ်းမှ လုပ်ဆောင်ပေးမည့် အရာများ
ကလေးမွေးဖွားမည့် မိခင်များအကြောင်းကို ရေးလာတာဖြစ်ပါသည်။ ဆောင်ရန်
ရှောင်ရန်များကို သိသလောက်ဝေမျှခြင်းသာဖြစ်ပါသည်။ ကိုယ်ဝန်ဆောင်ချိန်အတွက် အထောက်အကူပြုမည့် အချက်များကို ဆက်လက်ဖော် ပြမည်ဖြစ်ပါသည်။ ကိုယ်န်ျေဆာင်ချိန်တွင် မိမိကိုယ်ဝန်ရှိနေပြီဟု
စတင်သိသည်နှင့် နီးစပ်ရာကျန်းမာရေး ၀န်ထမ်း ကျန်းမာရေးဆေးခန်း ဆေးရုံ
များသို့ သွားရောက်ပြသသင့်ပါလေသည်။ ကျန်းမာရေး ၀န်ထမ်းများက ကလေးတစ်ဦးကို ကောင်းမွန်စွာ မွေးဖွားနိုင်ရန် အောက်ပါအတိုင်း ကူညီဆောင်
ရွက်ပေးမည်ဖြစ်ပါသည်။
ကလေးမွေးဖွားမည့် မိခင်သည် အရပ်ပုနေလျှင် အသက်ဆယ့်ရှစ်နှစ်အောက်ဖြစ်
နေမည်ဆိုလျှင် ဒါမှမဟုတ်ပါဘဲ အသက်သုံးဆယ့်ငါးနှစ်အထက် ရှိနေမည်ဆိုလျှင်
အန်တရာယ်ကင်းစွာ မွေးဖွားနိုင်သော အခြေအနေတွင် ရှိ မရှိကို သေချာစစ်ဆေး
ပေးပါလိမ့်မည်။ ပြသနာများ ပေါ်ပေါက်လာမယ်ဆိုလျှင်တော့ ကျန်းမာရေး ဌာန ဒါမှမဟုတ် ဆေးရုံတွင် အန်တရာယ် ကင်းရှင်းစွာ မွေးဖွားနိုင်စေရန်အတွက်
ကိုယ်ဝန် အခြေအနေကို မပြတ်တမ်း စစ်ဆေးပေးမည်ဖြစ်ပါလေသည်။
ကိုယ်ဝန်ဆောင်သည့် မိခင်သည် သွေးအားနည်း ခြင်းကို ကာကွယ်ရန် သံဓါတ်
အားဆေးများကို သောက်သုံးစေမည် ပေးမည် ဖြစ်ပါလေသည်။
မွေးကင်းစကလေးနင့် မိခင်ကိုပါ မေးခိုင်ရောဂါ ကာကွယ်ရန် အတွက် ကိုယ်ဝန်ဆောင်မိခင်အား မေးခိုင်ရောဂါ ကာကွယ်ဆေး ကို နှစ်ကြိမ် ထိုးပေးမည် ဖြစ်ပါလေသည်။
တစ်ချို့က ဆေးရုံ ဆေးခန်း သွား၇မှာ ကြောက်လန့်တက်ကြတယ်
မကြောက်ပါနဲ့ ဆေးရုံဆေးခန်းမှာ သင့်အတွက် လိုအပ်သော ကျန်းမာရေး
အထောက်အကူတွေ များစွာ ရနိုင်ပါတယ် ငွေကြေးမတက်နိုင်လို့ ဆိုပြီးတော့
လည်း ဒီအတိုင်း မနေသင့်ပါဘူး။ ကျန်းမာရေးဌာနမှာ ငွေကြေးချို့တဲ့သူများ
အတွက် ကို အကူအညီပေးနေသော လူမှု အဖွဲ့မစည်းတွေ များစွာရှိနေပါတယ်
စရိတ်မျှပေး ကျန်းမာရေး ဆိုတဲ့ အစီအစဉ် ကောင်းတွေ လည်း ရှိလို့ နေပါတယ်
ဒီအတွက်ကြောင့် သင့်က်ျးမာရေးကို အထောက်အကူများစွာပြု ပေးနိုင်တဲ့
ဆေးရုံ ဆေးခန်းနဲ့ ကျန်းမာရေးဝန်ထမ်းများထံကို သွားရောက်ရောက် ဆွေးနွေး
တာတွေကို မဖြစ်မနေပြုလုပ်စေချင်ပါတယ်
ကဘာပေါ်ရှိ ကလေးမိခင်များအားလုံး ကျန်းမာပျော်ရွှင်နိုင်ကြပါစေဟု ဆုတောင်း အပ်ပါသည်။
@nightgirl
photo- google image

Sort:  

သိထားသင့်ပါတယ်

Congratulations! This post has been upvoted from the communal account, @minnowsupport, by nansu from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 64143.39
ETH 2638.98
USDT 1.00
SBD 2.80