အမျိုးသမီးများ ကျန်းမာရေး

in #busy6 years ago

U5drf9J9wPHU5YGSZtt4utsm9SLHVdH_640x480.jpg

သားဆက်ခြားခြင်း အဆက်လေးကို ဆက်လက်ရေးသားပါမည်။ အိမ်ထောင်သည်
အမျိုးသမီးတိုင်းနှင့် မကင်းနိုင်သောအရာတစ်ခုသည် ကလေးမွေးဖွားရခြင်း ဖြစ်ပါလေသည်။ ကလေးတစ်ဦးနှင့် တစ်ဦးကို နှနှစ်ခန့်ခြားနားပြီး ယူရန်ဆိုသည်ကို
ရေးခဲ့ပြီး ဖော်ပြခဲ့ပြီး ဖြစ်ပါလေသည်။ ထိုသို့ သားဆက်ခြားရန်အတွက် စိတ်ချရသော
တားဆေးများကို တိကျစွာ အသုံးပြုရန်လည်း လိုအပ်ပါလေသည်။
သားဆက်ခြားခြင်းသည် အိမ်ထောင်သည်များအတွက် သားသမီးယူမည် မယူမည်။
တကယ်လို့ ယူမည်ဆိုလျှင်လည်း ဘယ်ကာလ အပိုင်းအခြားလောက်တွင်တော့ ယူကြ
မည် စသဖြင့် ပေါ့နော်။ အဲဒီလို အရေးကြီးလှပါသော မိသားစုအရေးအရာများကို ဆုံး
ဖြတ်ချက်များကို မှန်ကန်စွာချမှတ်နိုင်စေရန်အတွက်လည်း အထောက်အကူဖြစ်စေပါ
လေသည်။
ကျန်းမာရေး ဌာနများနှင့် ဆေးခန်းများသည် သားဆက်ခြားနည်း အမျိုးမျိုးကို ပေးစွမ်းနိုင်ပါလေသည်။ အိမ်ထောင်ရှင်များအနေဖြင့် မိမိတို့ရဲ့ အခြေအနေနဲ့ကိုက်ညီသော လက်ခံနိုင်သော စိတ်ချရသော ကယိကထမများသော
ထိလည်း ထိရောက်ပါလေသော နည်းလမ်းတစ်ခုကို ရွေးချယ်ကျင့်သုံးနိုင်ပါလေသည်။ မိမိတို့အတွက် အသင့်လျှော်ဆုံး နည်းလမ်းကို အနီးစပ်ဆုံး ကျန်းမာရေး ၀န်ထမ်းအား တိုင်ပင်ပြီးလျှင် အကြံဥာဏ်တောင်းသင့်ပါ
လေသည်။
သားဆက်ခြားနည်းများတွင် ပါဝင်သော စားဆေးများ ထိုးဆေးများနှင့် ကြက်ပေါင်း ရာဘာအစွပ်များကို မိမိတို့ ဒေသရှိ အခြေခံကျန်းမာရေး ၀န်ထမ်းများနှင့် မိခင်နှင့်
ကလေး စောင့်ရှောက်ရေး အသင်းများထံမှ ရယူနိုင်ပါလေသည်။
သားဆက်ခြားခြင်းအတွက် အမျိုးသမီးများရော အမျိုးသားများပါ တာဝန်ရှိပါလေသည်။
အမျိုးသားများ အားလုံးအနေဖြင့်လည်း သားဆက်ခြားခြင်းရဲ့ အကျိုးကျေးဇူးများကို
နားလည်လက်ခံ သဘောပေါက်ကာ မိသားစုနှင့်အတူ ပူးပေါင်းဆောင်ရွက်သင့်ပါ
လေသည်။
ကျန်းမာရေးအသိများ တိုးပွားနိုင်ကြပါစေနော်
@nightgirl

photo-google image

Sort:  

Congratulations! This post has been upvoted from the communal account, @minnowsupport, by nansu from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63267.39
ETH 2572.65
USDT 1.00
SBD 2.80