ပျော်ရွှင်ဖွယ်မိသားစုလေးတစ်ခုတည်ဆောက်ပါ

in #busy6 years ago

17-56-35-received_322775461535055.jpeg

ကိုရန်နိုင် ရှင်ကကျမကိုပဲအမြဲအပြစ်ပုံချနေတယ်
ရှင်ကကျတော့ကော ဘာတွေလုပ်ကျွေးနေလဲပြော
စမ်းပါအုံး တစ်နေ့လာလဲအရက်ဖိုးတောင်းနှစ်ရက်လာ
လဲဖဲကြွေးတောင်းနဲ့ ရှင့်ကိုရှင်ကော သူေဋ္ဌးသားမှတ်
နေလားပြောစမ်းပါအုံးဟင် ကျမမှာတော့ရှင်ပေးထား
တဲ့လက်ဆောင်သုံးယောက်နဲ့ လုပ်ကိုင်စားသောက်နေ
ရတာဖြစ်နိုင်ရှင့်ကိုပြန်အမ်းပစ်ချင်တယ်သိလားရှင်
သိရဲ့လား ဒါကတော့ကျမနေ့တိုင်းကြားနေရတဲ့ ဘေး
တစ်အိမ်ကျော်က လင်မယားနှစ်ယောက်ရဲ့ ဆူညံပူညံ
အသံများပဲ ဖြစ်ပါတယ်သူတို့လင်မယားစညားခါကစ
တုန်းကတော့ ဘေးလူတွေအမြင်ကတ်တဲ့အထိကို
အချစ်သဲနေကြခဲ့တဲ့စံပြစုံတွဲဆိုရင်ဘေးအိမ်တွေက
လက်မခံသူမရှိတဲ့အထိအောချခဲ့ရတာလေ။အခုကျ
တော့လည်း တစ်နေ့တစ်နေ့ရန်ဖြစ်နေကြတဲ့အသံက
မပြတ်နိုင်တော့ပါ ဒီကြားထဲမှာရပ်ကွက်ရုံးကိုဘယ်နှစ်
ကြိမ်သွားပြီးပြီလဲမသိသေး အချစ်ဆိုတာဒီလိုပဲလားလို့
ကျမတွေးနေမိတယ် ချစ်တယ်ပြောတုန်းကတော့
အသဲအမဲချစ်ပြ လွမ်းပြ ဆွေးပြရတာတွေဟာ ပိုးကောင်
လေးတွေကိုသတ်မဲ့အဆိပ်ရည်လေးတွေမြူ ဆွယ်တာ
အရမ်းချစ်စရာကောင်းပေမဲ့လည်း အခုလိုတွေ့ကြုံလာ
ရပြန်တော့လည်း စိတ်ပျက်မိပါသေးတယ်အချစ်ဆို
တန်ဖိုးထားကောင်းမှန်းမသိတဲ့သူတွေကြောင့် ကျမတို့
နှလုံးသားတွေကြေကွဲ ကြရတာပေါ့။

ဆက်ရန်ရှိသေးသည်

Post Write Nge Nge

Photo Credit www.google.com

Coin Marketplace

STEEM 0.20
TRX 0.12
JST 0.028
BTC 66043.66
ETH 3593.27
USDT 1.00
SBD 2.46