ဂျက်မားစကားပြောတဲ့အခါ ဘာလို့လူတွေ အာရုံစိုက်ပြီး နားထောင်ကြတာလဲ...(အပိုင်း-၂)

in #busy6 years ago

(၄) လက်ဟန်ခြေဟန်ဖြင့် စကားပြောခြင်း

ဗီဒီယို အယ်ဒီတာတစ်ယောက်ရဲ့ အမြင်အရပြောရမယ်ဆိုရင်
ဂျက်မားစကားပြောတိုင်း အရမ်းထင်ရှားတာ တစ်ခုရှိပါတယ်။
အဲ့ဒါကတော့ ဂျက်မားဟာ လက်ဟန်ခြေဟန် သုံးခြင်းပါပဲ။
ဂျက်မားဟာ စကားပြောစင်နောက်နေ ပြောတာမျိုး သိပ်ပြီး
တွေ့ရလေ့မရှိပါဘူး။ သူက စတိတ်စင်ပေါ်မှာ ရွေ့လျားနေပြီး
သူပြောချင်တဲ့ အချက်ကို ကိုယ်ဟန်၊လက်ဟန်၊ မျက်နှာဟန်
တွေနဲ့ ပုံဖော်လေ့ရှိပါတယ်။ သူဟာ ထိုင်ခုံပေါ်မှာ ထိုင်ပြော
နေသည့်တိုင်အောင် လက်တွေနဲ့ ပုံဖော်သူပါ။ ခန္ဓာကိုယ်
အစိတ်အပိုင်းတွေကို သုံးပြီး သူပြောချင်တဲ့ အချက်ကိုပုံဖော်
လေ့ရှိပါတယ်။

ဒီဗီဒီယိုကို ကြည့်ကြည့်ပါ။ https://www.facebook.com/techinasia/videos/1485167311521677/

သူက ထိုင်နေပေမယ့် သူပြောချင်တဲ့အချက်ကို ပြောဖို့ သူ့ရဲ့
လက်တွေ ခေါင်းတွေ လှုပ်ရှားနေတာကို တွေ့ရပါလိမ့်မယ်။

  • သူတစ်ခုခုကို ရေတွက်တဲ့အခါ သူ့လက်ချောင်းတွေကို �
    အသုံးပြုပါတယ်။

  • သူမားကတ်တင်းတို့ဘာတို့ကို သိပ်နားမလည်ဘူးလို့
    ပြောတဲ့အချိန်မှာ သူ့လက်တွေက “Wave off”ပုံစံလုပ်
    နေပါတယ်။

  • သူအရေးကြီးတဲ့အချက်တွေကို ပြောနေတဲ့အခါ လက်မ�နဲ့
    လက်ညိုးကို ထိထားတဲ့ပုံကို သေချာကြည့်ကြည့်ပါ။�လက်ကို
    နောက်ဆုတ်လိုက် ရှေ့ဘက်ကို အားယူလိုက်�လုပ်နေတာ
    တွေ့ရပါလိမ့်မယ်။

  • သူပြောနေတဲ့ သင်ခန်းစာကို သူ့ရင်ထဲကနေ နားလည်�ခဲ့
    တယ်ဆိုတာကို ပြောဖို့ သူ့ရင်ဘတ်ကို ဖိပြခဲ့ပါတယ်။

  • ဝန်ထမ်းတွေကို ငှားတဲ့အကြောင်း ပြောတဲ့အခါမှာ�
    လက်ကို အပြင်ဘက်ကနေ အထဲဘက်ကို ရွေ့လျားတဲ့�ပုံစံ
    သုံးခဲ့ပါတယ်။ ဝန်ထမ်းတွေကို ကုမ္ပဏီထဲ ခေါ်ယူတာ�ကို
    ဆိုလိုချင်လို့ပါ။

  • လက်ညိုးတစ်ချောင်းထဲကို ထောင်ထားပြီး အရေးကြီး�တဲ့
    အချက်ကို ပြောခဲ့ပါတယ်။

  • “Look at the young man” ဆိုတဲ့ နေရာကို သေချာ
    �ကြည့်ကြည့်ပါ။ ဝန်ထမ်းတစ်ယောက်ကြည့်တဲ့အခါ�
    ဘယ်လို ကြည့်ရမယ်ဆိုတာကို စိတ်ကူးနဲ့ ပုံဖော်ပြတာ
    ဖြစ်ပါတယ်။

  • သူမလုပ်စေချင်တဲ့အရာကို ပြောတဲ့အခါ သူ့လက်တွေ�
    ခါနေတာကို သတိထားကြည့်ကြည့်ပါ။

  • ကျောင်းသားတွေအကျောင်းပြောတဲ့အခါ မတူညီမှု�၂ခုကို
    ဖော်ပြခဲ့ပြီး Contrast ကို ဖော်ပြချင်လို့ မတူ�ညီတဲ့
    Direction ၂ခုကို လှည့်ထိုင်ပြီး မျက်နှာမူပြခဲ့�ပါတယ်။

  • “So this is the way that I benefit” ဆိုတဲ့နေရာ
    ကို�ကြည့်ကြည့်ပါ။ သူရဲ့လက်တွေကို Circle ပုံစံလှည့်
    နေပြီး�အဲ့ဒီကနေ အကျိုးရှိတယ်လို့ ဖော်ပြချင်တဲ့အချိန်မှာ
    အဲ့ဒီလက်တွေကို သူ့ဘက်ကို ဆွဲယူလိုက်ပါတယ်။

မိနစ် အနည်းငယ်အတွင်းမှာ Body Language အများကြီး
သုံးသွားခဲ့တာ ဖြစ်ပါတယ်။ Elon Musk ပြောတဲ့ ဒီဗီဒီယိုကို
ကြည့်ကြည့်ပါ။ https://www.facebook.com/techinasia/videos/1510080729030335/

ဂျက်မား ဗီဒီယိုနဲ့ ယှဉ်ကြည့်ရင် ၂ယောက်လုံး ထိုင်ပြော
ရတာချင်းတူပေမယ့် Elon Musk က Body Language
သိပ်ပြီး မသုံးခဲ့ပါဘူး။ Elon Musk ရော ဂျက်မားရောဟာ �
စိတ်ဝင်စားစရာကောင်းပြီး အရေးကြီးတဲ့ အရာတွေကို
ပြောနေခဲ့တာပါ။ ဒါပေမယ့် ဂျက်မားရဲ့ တင်ဆက်ပုံက
အမြင်အားဖြင့် ပိုဆွဲဆောင်မှု ရှိနေတာတော့ အမှန်ပါပဲ။

(၅) နားလည်လွယ်မယ့် ဥပမာနဲ့ နှိုင်းယှဉ်ပြခြင်း

နည်းပညာဆိုတာ သာမန်လူတွေအတွက် ရှုပ်ထွေးတတ်
ပါတယ်။ နည်းပညာ စီးပွားရေး လုပ်နေတဲ့သူတွေ အများ�ကို
ရှင်းပြတဲ့အခါ အခက်တွေ့တတ်ပါတယ်။ ဂျက်မားက� တော့
ခက်ခက်ခဲခဲတွေကို သိပ်ပြီး ပြောလေ့မရှိပါဘူး။
ပရိသတ်နားမလည်လောက်မယ့် အရာမျိုးဆိုရင်လည်း �
နားလည်လွယ်မယ့် ဥပမာနဲ့ နှိုင်းယှဉ်ပြောပြလေ့ရှိပါတယ်။
ဒီဗီဒီိယိုကို https://www.facebook.com/techinasia/videos/1502868139751594/ ကြည့်ကြည့်ပါ။

ဒီဗီဒီယိုမှာ အရည်အသွေး ထူးချွန်လွန်းတဲ့ လူတွေကို
ဝန်ထမ်းခန့်�မိရင် ဘာဖြစ်မလဲဆိုတာကို ဘိုရင်းလေယာဉ်
ဥပမာနဲ့�ရှင်းပြထားပါတယ်။ ဘိုရင်း အင်ဂျင်ကြီးကို
Tractor�(လယ်ထွန်စက်)ထဲ ထည့်ထားသလို ဖြစ်နေမှာ
ပေါ့။ အင်ဂျင်လည်း မပျော်ဘူး။ လယ်ထွန်စက်လည်း
မပျော်�ဘူးဖြစ်နေမှာပေါ့ လို့ဆိုခဲ့ပါတယ်။ အရည်အချင်း
ပြည့်ဝ�လွန်းသူကို မလိုအပ်ပဲငှားမိရင် ရနိုင်တဲ့ ဒုက္ခကို
ပြောပြခဲ့တာဖြစ်ပါတယ်။ သူ့ဥပမာက မှတ်မိလွယ်ပြီး
နည်းနည်းလည်း ဟာသဆန်ပါတယ်။ သူပေးသွားတဲ့
ဥပမာက သူ့ရဲ့ မိန့်ခွန်းပြီးသွားရင်တောင် လူတွေရဲ့ မျက်လုံး
ထဲ ကျန်ရစ်နေနိုင်ပါတယ်။ အရည်းအချင်းပြည့်ဝလွန်းသူ
ကို ငှားရင် ဒုက္ခရောက်နိုင်တယ်ဆိုတာကို လူတိုင်း
ချက်ချင်း နားလည်ဖို့ မလွယ်ပါဘူး။ ဒါပေမယ့် ဘိုရင်း
လေယာဉ်ကြီးရဲ့အင်ဂျင်ကြီးကို လယ်ထွန်စက်ထဲ တပ်ရင်
ဘာဖြစ်မယ်ဆိုတာတော့ ခန့်မှန်းကြည့်လို့ရပါတယ်။
ဒီလို စကားပြောနည်းကို ဂျက်မား ဆရာအဖြစ် အသက်
မွေးခဲ့စဉ်က သုံးခဲ့ဖူးတာ ဖြစ်နိုင်ပါတယ်။ နှိုင်းယှဉ်ဥပမာ
ပေးခြင်းဟာ အရမ်းကောင်းတဲ့ စာသင်နည်း Method
တစ်ခုဖြစ်ပါတယ်။ ဒီနည်းလမ်းကို သုံးခြင်းဖြင့် နားထောင်
သူ ပရိသတ်ဟာ သူတို့နားလည်ပြီးသားအရာနဲ့ သူတို့
မသိသေးတဲ့အရာတစ်ခုကို နှိုင်းယှဉ်ပြီး နားလည်အောင်
လုပ်လို့ရပါတယ်။ ဒီလို စကားပြောနည်းမျိုးကို သင်ပြော
တတ်သွားရင် ပရိသတ်တွေလည်း သင်ပြောတာကို မှတ်မိ
ဖို့ပိုလွယ်သွားပါလိမ့်မယ်။

(၆) တစ်ခါတစ်လေ ပြင်းပြင်းထန်ထန် ပြောခြင်း

ဂျက်မားဟာ တစ်ခါတစ်လေ ပြင်းထန်တဲ့စကားလုံးတွေကို
သုံးတတ်ပါတယ်။ ဒီဗီဒီယိုကို ကြည့်ကြည့်ပါ။ https://www.facebook.com/techinasia/videos/1516391678399240/

ဒီဗီဒီယိုမှာဆိုရင် ဆင်ခြေဆင်တတ်ပေးတတ်တဲ့သူတွေကို
ဂျက်မားက “Stupid”လို့သုံးခဲ့ပါတယ်။ နည်းနည်းလေးတော့
ပြင်းတဲ့ အသုံးအနှုန်းဖြစ်ပါတယ်။ (နောက်ပိုင်းမှာ သူ့မှာလည်း
အဲ့ဒီလို ဆင်ခြေတွေ ရှိခဲ့ဖူးပါတယ်လို့ပြောရင်း စကားရဲ့ပြင်းအား
ကို လျှော့သွားခဲ့ပါတယ်။) ဒါပေမယ့် ဒီနေရာမှာ အဓိကပြော
ချင်တာက ဂျက်မားရဲ့ တိုက်ရိုက်ပြောပုံပါ။ တစ်ခါတစ်လေ
တိုက်ရိုက် ပြင်းပြင်းထန်ထန် ပြောတာဟာ လူတွေရဲ့ အာရုံ�
စူးစိုက်မှုကို ပိုရတတ်ပါတယ်။ ဒီလိုပြောခြင်းဟာ ကောင်းတယ်
မကောင်းဘူး လူတွေ ငြင်းခုံလေ့တော့ရှိပါတယ်။ ဒါပေမယ့်
နှစ်ဖက်လုံးကို မျှပြီး ဟိုကတော့ကောင်းပါတယ်..ဒီဟာက
တော့မဆိုးပါဘူး ပြောတာထက် တစ်ခုခုဘက်က ရပ်တည်
လိုက်တာက တစ်ခါတစ်လေ ပိုပြီးထိရောက်ပါတယ်။ ဂျက်မား
က အဲ့ဒီ နည်းစနစ်ကို မကြာခဏ သုံးလေ့ရှိပါတယ်။ သူစကား
ပြောတဲ့အခါ ဒါကိုလုပ်၊ ဒါကို မလုပ်နဲ့ဆိုတာ ပြတ်ပြတ်သား
သား ပြောလေ့ရှိပါတယ်။ ကြားနေဝါဒမျိုး ပြောခဲပါတယ်။

စီးပွားရေးလုပ်ငန်းလုပ်တဲ့အခါ၊ စွန့်ဦးတီထွင်စီးပွားရေးလုပ်
တဲ့အခါ အများရှေ့မှာ စကားပြောရဲခြင်းဟာ အရေးအကြီးဆုံး
Skill မဟုတ်ပေမယ့် လိုအပ်တဲ့ Skill တစ်ခု ဖြစ်ပါတယ်။
Business မှာ Pitch ဆိုတာ ရှိပါတယ်။ Pitch မှာ Sales
Pitch, Investor Pitch စသဖြင့် အမျိုးမျိုးရှိပါတယ်။ Pitch
ဆိုတာ အဓိကအားဖြင့် မိမိရဲ့ အိုင်ဒီယာ၊ မိမိရဲ့ ကုန်ပစ္စည်း
ကောင်းကြောင်းကို နားထောင်နေသူ ယုံအောင် လုပ်တာပါ
ပဲ။ ဈေးထဲမှာ ပဲသီးသွားဝယ်တယ် ဈေးသည် နှစ်ဦးကို
မေးကြည့်တယ်။ နောက်ဆုံး အဲ့ဒီ၂ဦးထဲက တစ်ဦးဆီက
သင်ဝယ်လိုက်တယ်။ သင်မဝယ်ခင်မှာ သူတို့ပဲသီးကို
သင်ဘာလို့ ဝယ်သင့်ကြောင်း သူတို့ ပြောပြကြလိမ့်မယ်။
အဲ့ဒါ Pitch ပါပဲ။ ယနေ့ခေတ်လုပ်ငန်းတွေမှာဆိုရင်တော့
ကွန်ပျူတာနဲ့ Powerpoint File နဲ့ သွားရောင်းကြရတာ
ပေါ့။ အဲ့ဒီလို အခြေအနေမျိုးမှာ ကိုယ်ပြောတာကို နား
ထောင်တဲ့သူဟာ တစ်ယောက်ထဲမဟုတ်ပဲ အများကြီး
လည်းရှိနေတတ်တဲ့ အခြေအနေမျိုးတွေရှိပါတယ်။ အဲ့ဒီ
အခါမှာ စကားပြောကောင်းဖို့ အရေးကြီးပါတယ်။
ကျောင်း�သားဘဝမှာ သို့မဟုတ် သင်တန်းတက်နေတဲ့
အချိန်တွေ�မှာလည်း Public Speaking ဆိုတာ
လုပ်ရလေ့ရှိပါတယ်။�အဲ့ဒီလို အခြေအနေတွေမှာလည်း
လူအများရှေ့ Present ကောင်းကောင်း လုပ်တတ်သူက
အခွင့်အလမ်းကောင်းတွရတတ်ပါတယ်။ ဂျက်မား
သုံးသွားတဲ့နည်းလမ်းတွေဟာ �လူတွေအများကြီးရှေ့မှာ
ဖြစ်ဖြစ်၊ အရမ်းမများတဲ့ လူအုပ်ရှေ့မှာ ဖြစ်ဖြစ် သုံးလို့ရတာ
တွေချည်းပါပဲ။ သင့်ရဲ့ Idol က �Mark Zuckerberg ပဲ
ဖြစ်ဖြစ်၊ Elon Musk ပဲ ဖြစ်ဖြစ် စကားပြောတဲ့နေရာမှာ
တော့ ဂျက်မားရဲ့ စကားပြောပုံကို လေ့လာကြည့်သင့်ပါတယ်။
#မိုးရှင်းFB_IMG_1527939266901.jpg

Coin Marketplace

STEEM 0.20
TRX 0.13
JST 0.029
BTC 66426.55
ETH 3459.91
USDT 1.00
SBD 2.62