ဂျက်မားစကားပြောတဲ့အခါ ဘာလို့လူတွေ အာရုံစိုက်ပြီး နားထောင်ကြတာလဲ...(အပိုင်း-၁)

in #busy6 years ago

ဂျက်မားဟာ အကြောင်းကတော့ ထွေထွေထူးထူး ရှင်းပြစရာ
လိုမယ်မထင်တော့ပါဘူး။ ကျရှုံးမှုများစွာကို ဖြတ်ကျော်ပြီးမှ
အောင်မြင်မှုတွေကို ရယူနိုင်ခဲ့တဲ့ ဂျက်မားကိုတော့အားလုံး
သိပြီး ဖြစ်ကြမှာပါ။ ဂျက်မား ပြောတဲ့ မိန့်ခွန်းဗီဒီိယိုတွေကို
လည်းတော်တော်များများ ကြည့်ပြီး ဖြစ်ကြမှာပါ။ ဂျက်မား
စကားပြောတဲ့ အခါ နားထောင်တဲ့ ပရိသတ်တွေက အာရုံ
စူးစိုက်မှုအပြည့်နဲ့ နားထောင်လေ့ရှိကြပါတယ်။ ဘာကြောင့်
ပါလဲ..ဂျက်မားဟာ အောင်မြင်ပြီး ချမ်းသာတဲ့သူတစ်ယောက်
ဖြစ်လို့ပါလား...Techinasia.com က Editor တစ်ယောက်
ဖြစ်တဲ့ C.Custerကတော့ “Why everybody listens
when Jack Ma talks (it’s not just because he’s rich)”
ဆိုတဲ့ ဆောင်းပါးမှာ အသေးစိတ် သုံးသပ်ရေးသားခဲ့ပါတယ်။

C.Custer ဟာ Tech in Asia မှာ Video Producer တစ်ဦး
လည်း ဖြစ်နေတော့ သူတို့ဆီက Tech CEO တွေ၊ စွန့်ဦးတီထွင်
လုပ်ငန်းရှင်တွေ ပြောတဲ့ဗီဒီယိုတွေကို လူတွေဘယ်လောက်
ကြည့်နေလဲ ပြန်ပြီး Analyse လုပ်ရပါတယ်။ ထူးခြားတာ တစ်ခု
က သူတို့တင်သမျှ ဗီဒီယိုတွေထဲမှာ ဂျက်မားရဲ့ ဗီဒီယိုတွေက
ကြည့်ရှုသူတွေရဲ့ အာရုံစူးစိုက်မှုကို အမြဲတမ်း ပိုရလေ့ရှိပါတယ်။
ဂျက်မားဟာ အောင်မြင်ပြီး ချမ်းသာသူဖြစ်လို့ သူ့ဗီဒီယိုတွေကို
လူကြည့်များတာ မှန်ပါတယ်။ ဒါပေမယ့် သူ့လို ချမ်းသာပြီးအောင်
မြင်တဲ့ အခြားလူတွေ ပြောထားတဲ့ဗီဒီယိုတွေကျတော့ ဘာလို့
ဂျက်မားရဲ့ဗီဒီယိုတွေလောက် လူတွေရဲ့ အာရုံစူးစိုက်မှုကို မရတာ
ပါလဲ...အခြား အကြောင်းအရင်း များစွာလည်း ရှိနေပါသေးတယ်။
သူရေးခဲ့တဲ့ ဆောင်းပါးကို အားလုံးလည်း ဖတ်လို့ရအောင်
ပြန်လည်ပြီး ဘာသာပြန်ဖော်ပြပေးလိုက်ပါတယ်။ အတိအကျ
ပြန်ထားတာမဟုတ်ပဲ အကျဉ်းချုံးပြီး နားလည်အောင် ပြန်
ပေးထားတာပဲ ဖြစ်ပါတယ်။ ဂျက်မား စကားပြောတဲ့အခါ
ဘာလို့ လူတွေ အာရုံစူးစိုက်မှုအပြည့်နဲ့ နားထောင်ကြတာ
ပါပဲ....

(၁) ဖြေးဖြေးနဲ့ရှင်းရှင်းလင်းလင်း ပြောခြင်း

Simplicity ဆိုတာ တစ်ခါတစ်လေ အကောင်းဆုံး ဖြစ်နေတတ်
ပြန်ပါတယ်။ ဂျက်မား အင်္ဂလိပ်စကားပြောတဲ့အခါ အရိုးရှင်းဆုံး
ပြောလေ့ရှိပြီး ဖြေးဖြေးနဲ့မှန်မှန်ပြောလေ့ရှိပါတယ်။ သူက တစ်ခါ
တစ်လေ စကားပြောနေရင်းနဲ့ ခဏရပ်တာမျိုးလည်း ရှိတတ်ပါ
တယ်။ ဂျက်မား အင်္ဂလိပ်စကားကို အရိုးရှင်းဆုံးနဲ့ ဖြေးဖြေးပြော
တာ သူ့ရဲ့ မိခင်ဘာသာစကား မဟုတ်လို့များလား...တကယ်တော့
ဂျက်မားဟာ အင်္ဂလိပ်လိုပြောချိန်တင်မကပဲ တရုတ်လိုပြောချိန်
မှာလည်း ဒီ Technique ကိုပဲသုံးပါတယ်။ ဂျက်မားစကားပြော
တဲ့အခါ သူအဓိက ထားတာတာက နားထောင်နေတဲ့ ပရိသတ်
အများစုနားလည်ဖို့ပါ။ လူတိုင်း သူပြောနေတာကို လိုက်မီနိုင်ဖို့
နားလည်ဖို့ ဖြေးဖြေးပဲ ပြောလေ့ရှိပါတယ်။ တစ်ခါတစ်လေ ခဏ
ရပ်တန့်ပြီး ပရိသတ်ကို စဉ်းစားချိန်ပေးတတ်ပါတယ်။ ခဏလေး
ဆိုပေမယ့် အဲ့ဒီအချိန်တွင်းမှာ ပရိသတ်က ခဏ Break ရပြီး
သူပြောနေတာကို နားလည်သွားပါတယ်။ သူစကားပြောတဲ့အခါ
လူတိုင်း နားမလည်နိုင်လောက်မယ့် နည်းပညာ အသုံးအနှုန်းတွေ
သိပ်ပြီး သုံးနှုန်းလေ့မရှိပါဘူး။ အဲ့ဒီလို ခက်ခဲတဲ့ အသုံးအနှုန်းတွေ
ကို ရှောင်တဲ့အတွက် သူ့ပရိသတ်က သူပြောတာကို အပြည့်အဝ
နားလည်လေ့ရှိပါတယ်။ နည်းပညာ နယ်ပယ်ထဲက လူတွေမဟုတ်
တောင် သူပြောတာကို နားလည်လေ့ရှိကြပါတယ်။

(၂) အရေးကြီးနေရာများတွင် မတူညီတဲ့စကားလုံးဖွဲ့စည်းပုံနှင့်
တူညီတဲ့စကားကို ၂ကြိမ်ထပ်ပြောခြင်း

ဂျက်မား အသုံးများတဲ့နောက်ထပ် စကားပြော Technique တစ်ခု
က Repetition ဖြစ်ပါတယ်။ https://www.facebook.com/techinasia/videos/1502868139751594/
ဥပမာ ဒီဗီဒီယိုဟာ ဆိုရင် ဂျက်မား
ရဲ့ လူကြည့်များတဲ့ ဗီဒီယိုတွေထဲက တစ်ခုဖြစ်ပါတယ်။ ဒီဗီဒီယို
ထဲမှာဝန်ထမ်းခန့်တဲ့အကြောင်းကို ဂျက်မားပြောတဲ့အခါ
“အကောင်းဆုံးဝန်ထမ်းဆိုတာ သင်ထိန်းကျောင်းလေ့ကျင့်ပေး
တဲ့ ဝန်ထမ်းတွေပါ”လို့ဆိုခဲ့ပါတယ်။ ဒါပေမယ့် ခဏအကြာမှာပဲ
အဲ့ဒီ အကြောင်းအရာကိုမတူညီတဲ့ စကားလုံးဖွဲ့စည်းပုံနဲ့ နောက်
တစ်ကြိမ်ထပ်ပြောပါတယ်။ ဒီလို ထပ်ပြောသွားတာဟာ စကား
မှားပြီး ထပ်ပြောတာမဟုတ်ပါဘူး။ရည်ရွယ်ချက်ရှိရှိသုံးသွားတဲ့
စကားပြော Technique တစ်ခုပါ။ အကြောင်းအရာတစ်ခုကို
စကားလုံးဖွဲ့စည်းပုံပြောင်းပြီး နောက်တစ်ကြိမ်ထပ်ပြောခြင်း
ဟာ တစ်နည်းအားဖြင့် နားထောင်သူတွေရဲ့ခေါင်းထဲကို
Message တစ်ခု ရိုက်သွင်းနေခြင်း ဖြစ်ပါတယ်။ ဒါ့အပြင်
၂ကြိမ်ပြောတာဖြစ်တဲ့အတွက် သူပြောသွားတဲ့အကြောင်းအရာ
ကိုပရိသတ်က စဉ်းစားပြီး နားလည်အောင်လုပ်ဖို့ အချိန်ပိုရ
သွားပါတယ်။(စကားကြွင်း = ကျွန်တော်တို့ဆီက တရားပွဲတွေ
မှာ ဘုန်းကြီးတွေသုံးလေ့ရှိပါတယ်) စကားတစ်ခုကို ထပ်ပြော
တယ်ဆိုတာ အမြဲတမ်းလုပ်လို့ကောင်းတဲ့အရာတော့ မဟုတ်
ပါဘူး။ ဒါပေမယ့် ပရိသတ်တွေအတွက် အရေးပါတဲ့ အရေးကြီး
အချက်မျိုးကိုတော့ နှစ်ကြိမ်ထပ်ပြောခြင်းဟာ ပရိသတ်တွေ
အတွက် စဉ်းစားချိန်ပိုရသလို သူတို့ရဲ့ခေါင်းထဲကိုလည်း
ရောက်စေပါတယ်။

(၃) ဟာသများကို ကြားညှပ်အသုံးပြုခြင်း

စကားပြောတဲ့အခါ ဟာသလေးနဲ့ ပြောတတ်တဲ့သူလောက်
နားထောင်ကောင်းတာ မရှိပါဘူး။ မပျင်းလည်း မပျင်းရသလို
စိတ်ဝင်စားဖို့လည်း ကောင်းပါတယ်။ ဂျက်မားဟာလည်း အဲ့ဒီလို
ပါပဲ။ စကားပြောတဲ့အခါ ဟာသလေး အမြဲနှောတတ်ပါတယ်။
တစ်ခါတစ်လေ သူ့ရုပ်ကိုတောင် သူပြန်ပြီး နောက်ပြောင်ကာ
ဟာသ ပြောတတ်ပါသေးတယ်။ ဒါ့အပြင် သူဘယ်လို ကျရှုံးခဲ့
ကြောင်း၊ KFC မှာ သူတစ်ယောက်တည်း အရွေးမခံရကြောင်း
စတာတွေလည်း ပြောတတ်ပါသေးတယ်။ အဲ့ဒီလို ပြောခြင်း
ကြောင်း ရလဒ်၂ခုရပါတယ်။ တစ်ခုက Engaging ပါ။ Engaging
ဆိုတာ ပြောသူနဲ့နားထောင်သူ အပေးအယူမျှလာပြီး နားထောင်
သူက သေသေချာချာ လိုက်နားထောင်လာတာဖြစ်ပါတယ်။
ရယ်သင့်တဲ့အခါရယ်...နားထောင်သင့်တဲ့အခါ နားထောင်
အဲ့လိုဖြစ်လာတာပါ။ နောက်တစ်ခုက Disarming ပါ။
ရယ်မောခြင်းက လူတွေရဲ့ ခံစားချက်ကို ကောင်းမွန်စေပါတယ်။
ဒါ့အပြင် ဂျက်မားက သူကျရှုံးခဲ့တာတွေ ပြောပြနေတော့
နားထောင်နေတဲ့လူတွေက ဂျက်မားတောင် ကျရှုံးခဲ့သေးတာပဲ
ငါကျရှုံးနေတာလည်း အထူးအဆန်းမဟုတ်ပါဘူးဆိုပြီး သူတို့ရဲ့
စိတ် သက်တောင့်သက်သာရာ ရလာပါတယ်။ ဘီလီယံနာကြီးပါ
လားဆိုတဲ့ အသိစိတ်ပျောက်သွားပြီး ဂျက်မားဟာလည်း ငါတို့
လို သာမန်လူပါပဲလား၊ ပြောလို့ဆိုလို့ ကောင်းတဲ့သူ၊ ကျရှုံးဖူးတဲ့
သူ၊ ဟာသတွေ ပြောတတ်တဲ့သူ စသဖြင့် ပရိသတ်က ထင်မြင်
လာပြီး ဂျက်မားပြောတဲ့စကားတွေကို ပိုမို စိတ်ဝင်စားလာကြတာ
ဖြစ်ပါတယ်။

စာလည်း ရှည်သွားပြီဆိုတော့ ကျန်တဲ့ (၃)ချက်ကို အပိုင်း(၂)
အဖြစ်နောက်မှဆက်ရေးပေးတော့မယ်နော်။ တစ်ခါတည်း
အရှည်ကြီးဖတ်ရင်ပျင်းသွားမှာစိုးလို့ပါ။ ဆက်ဖတ်ချင်တဲ့သူ
တွေရှိသေးရဲ့လား....
FB_IMG_1524787794563.jpg

Coin Marketplace

STEEM 0.26
TRX 0.11
JST 0.033
BTC 64777.26
ETH 3101.53
USDT 1.00
SBD 3.84