Japan's unbelievable school lunches are surprisingly educational.

in #busy6 years ago

https://m.facebook.com/story.php?story_fbid=1797208547254063&id=1790784227896495
ဒီဗီဒီယိုလေး ကြည့်မိတော့ သူတို့ ပညာရေးကို အားကျ
မိတယ်။ ဂျပန် ဘာလို့တိုးတက်တာလဲ..ဂျပန်တွေဘာလို့
ဦးနှောက်ကောင်းတာလဲ..ကွင်းကွင်းကွက်ကွက် ပေါ်စေ
တဲ့ ဗီဒီယိုပါ။ ဂျပန်က တစ်နိုင်ငံလုံးတိုးတက်ဖို့ ပညာရေး
ကို အများကြီး ရင်းနှီးလိုက်တယ်။ အကျိုးဆက်က နိုင်ငံ
ကို အကျိုးပြုမယ့်၊ စဉ်းစားဥာဏ် ရင့်သန်တဲ့၊ အဖွဲ့အစည်း
နဲ့အလုပ်လုပ်တတ်တဲ့၊ အရည်အချင်းရှိတဲ့ လူငယ်လေးတွေ
အများကြီး သူတို့ကျောင်းတွေကနေ ထွက်လာတယ်။

သူတို့က Lunch Time ကို Break Time လို့ မသတ်မှတ်
ဘူး။ နေ့လည်စာ စားချိန်ဟာလည်း ဘဝအတွက် အရေးပါ
တဲ့ အရာများစွာကို သင်ပေးလို့ရတဲ့ အချိနိလို့ သတ်မှတ်
တယ်။ ဒါဆို နေ့လည်စာ စားချိန်ကို စာတွေ အလွတ်ကျက်
ခိုင်းပြီး ဖျက်ဆီးလိုက်တာလားဆိုတော့ မဟုတ်သေးဘူး
ဗျ။ နေ့လည်စာ စားချိန်မှာသင်တဲ့အရာတွေက တစ်နေ့
ဘဝမှာ တကယ်ကြုံလာမယ့်အရာတွေ..ဒါ့အပြင် သင်ယူ
ရတာလည်း ပျော်စရာကောင်းတယ်။ Lunch ကျွေးတဲ့
အခါ အလှည့်ကျ ထမင်းဟင်းထည့်ပေးတာတွေ လုပ်ရ
တယ်။ ပြီးရင် ပန်းကန်တွေ ဆေးရတယ်။ ဒီလိုလုပ်ရခြင်း
ဖြင့် ကလေးတွေက ပူးပေါင်းလုပ်ဆောင်တတ်မှုနဲ့
လူ့ပတ်ဝန်းကျင်မှာ ပြုမူရမယ့် အပြုအမူကို တတ်မြောက်
လာတယ်။ ထမင်းဟင်း ထည့်ပေးတဲ့ ကျောင်းသား
ကျောင်းသူတွေကို အခြားကျောင်းသား၊ကျောင်းသူတွေ
က ကျေးဇူးတင်ကြောင်း ပြောရတယ်။ Thank you
ဆိုတာ ဘယ်လိုပြောရလဲ..ဘယ်သူတွေကိုပြောရလဲ
ငယ်ငယ်တည်းက ကလေးတွေရဲ့ ခေါင်းထဲကို ထည့်ပေး
လိုက်တယ်။

နောက်တစ်ခုက ကလေးတွေက Lunch မီနူးကို
လေ့လာရတယ်။ ဘယ်လိုအစားအစာတွေမှာ ဘယ်လို
အာဟာရဓာတ်တွေ ပါနေလဲဆိုတာကို လေ့လာရ
တယ်။ ဂျပန်ဟာ ကလေးအဝလွန်ရောဂါဖြစ်တဲ့နှုန်း
အနည်းဆုံး နိုင်ငံတစ်ခုလည်း ဖြစ်တယ်။ မြန်မာနိုင်ငံ
ရဲ့ ပညာရေးစနစ်ကိုလည်း အဲ့ဒီလိုလေး ဖြစ်စေချင်မိ
တယ်။ ဒါမှ တစ်နေ့ သူတို့လေးတွေ လုပ်ငန်းခွင်ထဲ
ရောက်တဲ့အခါ လူတွေနဲ့ ပူးပေါင်းလုပ်ဆောင်တတ်
လာမယ်။ ကျေးဇူးတင်ထိုက်သူကို ကျေးဇူးတင်တတ်
လာမယ်။ အပေါင်းအသင်း ဆန့်မယ်။ ရှက်တတ်ကြောက်
တတ်တာ နည်းသွားမယ်။ အစားအသောက်နဲ့ ပတ်သက်
ပြီး ဗဟုသုတ ပိုရှိလာမယ်။ ဘဝအတွက် တကယ်အသုံး
ဝင်မယ့် ဒီလို အလေ့အကျင့်မျိုးတွေကို ကျောင်းမှာတစ်ခါ
တည်း သင်ပေးလိုက်တာကို သဘောကျမိတယ်။

#(I.M.T)

Sort:  

This post received 0.81 SBD upvote from @tipU funded by @mooen | @mooen now has a chance to win free @steembasicincome share :) | @tipU voting service quick guide.

Coin Marketplace

STEEM 0.20
TRX 0.13
JST 0.029
BTC 66426.55
ETH 3459.91
USDT 1.00
SBD 2.62