တက်ကြွစွာနေထိုင်ပါ
ဘ၀မှာပေါ့ ဖြစ်နိုင်သမျှ အကောင်းဆုံးကိုသာမျှော်လင့်ပါ
အကောင်းဘက်အပြုဘက် အောင်မြင်မည့်ဘက်ကိုအမြဲစိတ်မှာ
မျှော်တွေးနေသူအတွက် အမြဲလန်းဆန်းတက်ကြွနေမှာအသေအချာပါ
ထက်သန်စိတ်လေးက သင့်တစ်နေ့တာကို အကောင်းဆုံး
မောင်းနှင်ပေးပါလိမ့်မည်။ အကောင်းဘက်အပြုဘက်ကို မျှော်
လင့်မှုထားရှိလေသောအခါ နေ့ရက်တွေက လှပနေတက်တယ်။
ယုံကြည်မှုကို များများထား ထက်သန်စိတ်ကိုများများမွေး
စိတ်အားထက်သန်လာတဲ့အခါ သင့်ရဲ့ ဟန်ပန်အမူအရာတွေ
ကလည်း တက်ကြွလန်းဆန်း မြင်သူတကားကို ဆွဲဆောင်မှု
ရှိနေစေမည်ပေါ့။ သင့်စိတ်ပျော်ရွှင်တဲ့အခါ ဘယ်အရာကိုကြည့်
သည်ဖြစ်စေ အကောင်းဆုံး ထင်မြင်တက်တယ် သင်စိတ်ညစ်နေတဲ့အခါ ဘယ်အရာကိုကြည့်ကြည့်
ကြည့်လေရာဟာ စိတ်ပျက်အားလျှော့စရာလို့ထင်မြင်တက်တယ်
ပျော်ရွှင်ကြည်နူးစိတ်လေးတစ်ခုကတောင် ဒီလောက် သက်ရောက်မှု အားရှိတယ် ဆိုရင် သင့်စိတ်တစ်ခုလုံးကို
သေချာပဲ့ကိုင်သင့်တယ် မဟုတ်ဘူးလား စိတ်ကူးအတွေးနဲ့
တက်ကြွတဲ့ ဟန်ပန်တွေက ကူးစက်တက်တယ်
သူတို့အားလုံး သင့်ကို သတိထားမိလိမ့်မယ် သင့်လုပ်ဖော်ကိုင်ဖက်တွေပေါ့ သင့်ကို အရေးပေးလိမ့်မယ်
ပျော်ရွှင်တက်ကြွတဲ့လူကို လူတွေသတိထားမိလွယ်တယ်လေ
ဒီအခါ သင်ဘာလုပ်လုပ်အောင်မြင်တယ်ဆိုတာဖြစ်လာတော့
တယ် ဒါဟာစိတ်ကူးဆန်လွန်းတယ်ထင်နေတယ်မဟုတ်လား
ဒါတကယ်ကို အပြင်လောကမှာ ဖြစ်နေတာပါ စိတ်အတွေးဆို
တာ ခန်ဒါကိုယ်မှာ ထင်ဟပ်နေတက်ပါတယ် ပျော်နေလား စိတ်ညစ်နေတာလား စိတ်တက်ကြွနေတာလား စိတ်အားထက်သန်နေတာလား အောင်မြင်နေသူလား ကျရှုံးနေသူလားဆိုတာ လူကိုကြည့်ပြီး ဆုံးဖြတ်တက်ကြတယ်နော် ဒါကိုမမေ့နဲ့ အမြဲတန်း လန်းဆန်းတက်ကြွအောင်နေပါ။ သွက်လက်ချက်ချာသော ပေါ့ပါးဖြတ်လက်မှုကို သဘောမကျတဲ့သူ မရှိပါဘူး ဆန့်ကျင်ဘက်တွေကလဲ သင့်ကို သတိထားစောင့်ကြည့်ပြီး
သဘောကျနှစ်သက်နေနိုင်ပါတယ် သင့်အပြုအမူက သင့်ဘ၀ကို
ပုံဖော်နေတယ်ဆိုတာ အင်မတန်ရိုးရှင်းပါတယ် အနေအထိုင် အပြုအမူက ဘယ်လောက်အရေးကြီးတယ် ဆိုတာ သင်သိနိုင်ပါပြီလေ။ ဒီနေ့ကစပြီး လန်းဆန်းတက်ကြွစွာ နေထိုင်ပြောဆို လုပ်ကိုင်ပါတော့မည်ဟု စိတ်မှာ ဆုံးဖြတ်ပါသည်။ ဒီနေ့ကစပါမည်။ အဲ့ဒီလို ပြတ်သားတဲ့ စတင်ခြင်းနဲ့ ယနေ့ပင် အစပြုပြီး သင့်ရဲ့ ပုံစံကို ပြုပြင်ပြောင်းလဲ ယူလိုက်ပါ သင့်ကိုအောင်မြင်သူ တစ်ယောက်အဖြစ် မကြာခင်
စင်ပေါ်မှာ တွေ့လာရပါလိမ့်မည်။
Author : @mm7
Photos credit; Google Image
ရေးတာတွေ ကောင်းလွန်းနေပါသည်။
Thanks you bro.
အမြဲပျော်ရွှင်လန်းဆန်းနေပါတယ်ခင်ဗျာ
တော်လိုက်တာ
ဟုတ်ကဲ့ပါဗျာ
kindly follow back and upvote my posts please....
အဲ့လိုတော့ မတောင်းပါနဲ့