ကိုယ့်ကိုနဲ့ ကိုယ်တောင်

in #busy8 years ago (edited)

DQmReker4GQyg2qBUsDgVjNWRyQfxnXuNEEkPb1Qon68PKC.jpg

မျှော်လင့်သမျှ
ဆန္ဒတွေတိုင်း
ပျော်ခွင့်ရမယ်ဆိုရင်
ချစ်ရသူမေ့အနား
အပြေးသွားကာ
လာခဲ့ချင်ပါတယ် မေ...

ဖြစ်ချင်တာကဆန္ဒ
ဖြစ်နေတာကဘဝမို့
ကံကြမ္မာကြိုးဆွဲရာကနေရတဲ့
မေနဲ့ကျွန်တော် ကျွန်တော်နဲ့မေ
အခုတော့
အချစ်ဆိုတဲ့
စည်းကလေးမှာ
အမုန်းပန်းစိုက်လို့
အမုန်းမျက်ရည်တွေ
သွန်းလောင်းသွားခဲ့တဲ့မေ
ကျွန်တော့ရင်ထဲမှာတော့မေပြုခဲ့သမျှ
နုခဲ့ရတဲ့သူမို့
မေကြိုက်သလို
ဆုံးဖြတ်ခဲ့မှတော့
ကျွန်တော့်အနားက
မသွားပါနဲ့လို့
မတားလိုတော့ပါဘူး မေ
မေစိတ်ချမ်းသာခွင့်ရမယ်ဆိုရင်
ပေးဆပ်ပြီးချစ်တတ်ခဲ့တဲ့
ကျွန်တော့်နှလုံးသားကပျော်နေမှာပါမေ

Sort:  

ဖြစ်ချင်တာတွေ ဖြစ်အောင် လုပ်ယူလိုက်ပါ ညီရေ

Coin Marketplace

STEEM 0.04
TRX 0.33
JST 0.100
BTC 61923.74
ETH 1755.88
USDT 1.00
SBD 0.38