လက်နက်ကုန်သည်(မောင်မြင့်ကြွယ်)အခန်း၂။အပိုင်း၃

in #busy6 years ago

my lpgo.jpg
မိနစ်နှစ်ဆယ်ကြာ ရိုက်ကူးထားသော ဆေးရောင်စုံကားက ကင်းနီးရက်အမ် ၈၁ သည်နိုင်ငံတကာ လက်နက်မှောင်ခိုဈေးကွက်တွင် အဘယ်ကြောင့် အ၀ယ်သွက်နေသည်ကို သက်သေခံလျက်ရှိသည်။ ထိုလက်နက်သည် အမျိုးစုံအသုံးချနိုင်သော လက်နက်ဖြစ်သည်။ တစ်စက္ကန့်တွင် တချက်နှုန်း ပစ်ခတ်နိုင်သော ထိုလက်နက်က တင့်ကားများကို သံတိုသံစများဖြစ်သွားစေနိုင်သည်။ အားဖြည့်ကွန်ကရိနှင့် ဆောက်ထားသော ဗန်ကာ များကိုလဲ ဖျက်စီးပစ်နိုင်သည်။ ကောင်းကင်ယံမှ လေယာဉ်များကိုလဲ ပစ်ချနိုင်သည်။ နောက်ဆုံးအနေနှင့် နှစ်ဧက အကျယ်အ၀န်းရှိသော လယ်ကွင်းထဲတွင် ကြည်းတပ်မှစစ်သားများသဏ္ဍန် နေရာချထားသော လူရုပ်များအား လေနှင့်ဖောက်ခွဲ၍ ပစ်လိုက်သော ကျည်ဆံများထဲမှ ထွက်လာကြသည့် သံမဏိ အစအနကလေးများက အစိပ်စိပ်အမွှာမွှာဖြစ်အောင် ဖျက်စီးပြလိုက်လေသည်။
ကျွန်မဖောက်သည်က ၀ယ်ဖို့သေချာကြောင်းပြောဖို့ ကျွန်မကိုအာဏာလွှဲအပ်လိုက်ပါတယ်။ ပိတ်ကားပေါ်တွင် အရုပ်နှင့် အသံများ ပျောက်ကွယ်သွားသည်နှင့် တပြိုင်နက် အယ်လီဆန်က ပြောလိုက်၏။ ပစ္စည်းပမာဏကတော့ ကျွန်မတို့ စစချင်းဆွေးနွေးခဲ့တဲ့အတိုင်းပါပဲ။ အယ်လီဆန်က မင်ဒယ်ကိုကြည့်လိုက်သည်။ ပေါလ်ရေ အားလုံးပေါ်မှာ ခြုံငုံပြီးတော့ ဈေးနှုန်းကိုပြင်ဆင်ဖို့တော့ လိုအပ်လိမ့်မယ်။
ဝယ်ယူမည့် ပမာဏမှာ ပစ်ကွင်းရှာ ကိရိယာ ပါသော ကင်းနီးယက် အမ် ၈၁ ×၂၄ လက်နှင့် အပိုပစ္စည်းများ ကျည်ဆံမျိုးစုံ ကိုးသောင်းတို့ပင်ဖြစ်သည်။ ယခုကိစ္စမှာ တရားမ၀င် ၀ယ်ယူသည့် ကိစ္စ ဖြစ်နေသောကြောင့် အစ်ပရက်စ် ကထိုပစ္စည်းအားလုံးပေါ်တွင် ခြုံငုံပြီး ဒေါ်လာ ၄၅သန်း ဟုဆိုထားသည်။ ၀ယ်ယူသူသည် တဲလ်အဗစ်မြို့ ဘင်ဂူရီယန် လေဆိပ်မှ သယ်ယူရမည် ဖြစ်သည်။
ပေါလ်မင်ဒယ် တွန့်ဆုတ်ဆုတ် ဖြစ်နေပုံရသည်။
IMG_20180328_164749.jpg

ခုကိစ္စမှာ အထူးကိစ္စ အနေနှင့် မက်လုံးပေးရမှု့တွေ ဒါမှမဟုတ် ပြည်သူ့ဆက်သွယ်မှု့ဆိုင်ရာ စရိတ်စကတွေမပါခဲ့ဘူး။ အယ်လီဆန်က လက်နက် ထုတ်လုပ်မှု့လုပ်ငန်းတွင် တွင်ကျယ်စွာ အသုံးပြုနေကြသော အူကြောင်ကြောင် ဝေ့လည်ကြောင်ပတ် စကားလုံးများကို မနှစ်ချိုက်သောကြောင့် ရှုံ့မဲ့၍ ပြောဆိုလိုက်သည်။ ထိုစကား အသုံးအနှုန်းများကို အမေရိကန်နှင့် ဥရောပမှ လော့ခ်ဟိဒ် ဒက်ဆော့တ် နှင့် ဗစ်ကားစ် တို့ကဲ့သို့ အလွန်ကြီးမားသော ကုမ္ပဏီကြီးများကပင် သုံးစွဲနေကြသည်။ အကျင့်ဖောက်ပြန်မှု့သည် လက်နက်ရောင်းဝယ်ရေးလုပ်ငန်းတွင် နိစ္စဓူဝ ဖြစ်ပေါ်နေသည်။ လက်နက်ထုတ်လုပ်သူများသည် လာဘ်ပေးရန် နှင့် တိတ်တိတ်ပုန်းပြန်ပေးရန်တို့အတွက် ထုံးစံအတိုင်း ရာခိုင်နှုန်း နှစ်ဆယ်စောင်း၍ ဈေးဆိုလေ့ ရှိသည်။
ဒါဆိုရင်ကျသင့်ငွေ စုစုပေါင်းဟာ သုံးဆယ့်ခြောက်သန်းအထိ ကျဆင်းသွားသင့်တယ်။
ကောင်းပါတယ်။
မင်ဒယ်က ခေါင်းညိမ့်ရင်းပြောလိုက်သည်။
ကောင်းပြီ
ဇူးရခ်ျ မှာရှိတဲ့ ဘေယာခရက်ဒစ် ဘဏ်က ကျသင့်ငွေတ၀က်ကို ဒီကနေ့ အိတ်စရက် စရင်းထဲ ပြောင်းထည့်ပေးလိမ့်မယ်။ ကျန်တဲ့ငွေကိုတော့ ပစ္စည်းကိုတင်ပို့ပေးဖို့ ကျွန်မကနောက်ဆုံးအကြောင်းကြားတဲ့ အချိန်ကျရင် အဲ့ဒီဘဏ်ကပဲပေးလိမ့်မယ်။
အယ်လီဆန် မတ်တပ်ရပ်လိုက်၏ကိုးနာရီ ထိုးလုနီးပါး ရှိနေပေပြီ။ အယ်လီဆန်သည် ဆယ်နာရီခွဲတွင် လာဂွာဒီးယား လေဆိပ်မှ ချီကာဂိုသို့သွားရမည်ဖြစ်သည်။ အမေရိကန်နိုင်ငံထဲတွင် တဆင့်ပြီး တဆင့် သွားရမည့် သူ့ခရီးစဉ်၌ ချီကာဂိုသည် ပထမဦးဆုံးရပ်နားရမည့် နေရာပင်တည်း။ အယ်လီဆန်သည် အိတ်စပရပ်မှ အရောင်းကိုယ်စားလှယ် နှစ်ယောက်နှင့် လက်ဆွဲနှုတ်ဆက်ရင်း ထိုအချိန်ခန့်မှာပင် စီဂျေ၏ လေယာဉ်သည် ၀ါရှင်တန်၌ ဆင်းသက်နေပေလိမ့်မည်ဟု တွေးလိုက်မိလေ၏။
အမေရိကန်နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးနှင့် အိမ်ဖြူတော်မှ ညွှန်ကြားရေးမှုးချုပ်တို့သည် နယူးယောခ့် တွင် သူနှင့်လာရောက်တွေ့ဆုံရန်အတွက် ၀ါရှင်တန်မြို့တော်မှ နှစ်ယောက်စလုံး ထွက်ခွာလာနိုင်ကြမည် မဟုတ်ဟု ချားလ်ကင်းဖီးလ် နားလည်ထားပါသည်။ ထို့ကြောင့် သူတို့နှင့်တွေ့ဆုံရန် စီဂျေက လေယာဉ်နှင့် လာရောက်ခဲ့ခြင်းဖြစ်သည်။ စီစီအိုင် ကုမ္ပဏီမှ ဂပ်ဖ်စထရင်း လေယာဉ်သည် ၀ါရှင်တန်မြို့ နေရှင်နယ် လေဆိပ်သို့ ဆယ်နာရီ ဆယ့်ခွန်နစ်တွင် ဆင်းသက်လာသည်။ နောက်ထပ်နာရီဝက်ကြာသောအခါ အိမ်ဖြူတော်မှ မျက်နှာလိုမျက်နှာရ လုပ်သော ၀န်ထမ်းများက ကုဋေကြွယ် သူဌေးကြီးအား မာလီဝိုလ်စကီ ၏ရုံးခန်းထဲသို့ ခေါ်သွင်းလာကြသည်။ ထို ရုံးခန်းသည် မကြာခနဆိုသလို အပန်းဖြေခရီးထွက်လေ့ရှိသော သမ္မတကြီး၏ရုံးခန်းနှင့်ဆက်နေသော အခန်းပင်ဖြစ်သည်။
changer .jpg

Sort:  

Congratulations! This post has been upvoted from the communal account, @minnowsupport, by maythzinkyaw from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.029
BTC 56836.82
ETH 2341.45
USDT 1.00
SBD 2.41