business 1

in #busy6 years ago

၂၀၁၈ခုနှစ်​မှာ​တော့ဒီထက်​အများကြီး​ကောင်းလာမယ်​။ဒါက​တော့​သေချာပါတယ်​။ဘာဖြစ်​လို့လည်းဆို​တော့နိုင်​ငံ​တော်​မှာအခု​ဆောင်​ရွက်​​နေတဲ့ အစိုးရအဖွဲ့အစည်းဝန်​ကြီးဋ္ဌာနနဲ့​စောင့်​ကြည့်​​နေကြတဲ့စီးပွား​ရေးလုပ်​ကန်းရှင်​ကြီး​တွေကလည်း နိုင်​ငံ​တော်​အကြီးအကဲ​တွေနဲ့နားလည်​မှုရ​နေတယ်​လို့မြင်​တယ်​။စီးပွား​ရေးလုပ်​ငန်းရှင်​​တွေကလည်းအစိုးရအ​ပြောင်းအလည်းမှာအဆင်​​ပြေပါ့မလားဆိုပြီးရပ်​ကြည့်​တဲ့အ​နေအထားက ၂၀၁၇ခုနှစ်​မှာဖြစ်​ခဲ့ပြီးပြီ။ အခု၂၀၁၈ခုနှစ်​မှာနိုင်​ငံ​တော်​အတိုင်​ပင်​ခံပုဂ္ဂိုလ်​ကိုယ်​တိုင်​လည်းအရင်​စီးပွား​ရေးသမား​တွေဘာပဲဖြစ်​ခဲ့ဖြစ်​ခဲ့လက်​ရှိလုပ်​​ဆောင်​တဲ့အခါမှာ ဥပ​ဒေနဲ့အညီ​ဆောင်​ရွက်​ပါ။တိုင်းပြည်​တိုးတက်​ဖို့ ​ဆောင်​ရွက်​ပါ။သူ့အ​နေနဲ့ လုံးဝလက်​ကမ်းကြိုဆိုပါတယ်​လို့​ပြောဖူးပါတယ်​။ဆိုလိုတာက​တော့ ဒီလက်​ရှိစီးပွား​ရေးသမား​တွေ​တော်​​တော်​များများကလည်းအခုတက်​လာတဲ့အစိုးရအ​ပေါ်မှာအမြင်​ကြည်​သွားပြီ။တစ်​​ယောက်​တစ်​​ယောက်​နားလည်​မှုရှိသွားပြီလို့ယူဆပါတယ်​။အဲ့ဒါကလည်း၂၀၁၈ခုနှစ်​ရဲ့အလားအလာ​ကောင်းဖြစ်​ပါတယ်​။

ပြည်​တွင်းငြိမ်းချမ်း​ရေးဆိုရင်​လည်း အရင်​တုန်းကတည်းက နှစ်​​ပေါင်း​ခြောက်​ဆယ်​​ကျော်​ဖြစ်​လာတဲ့ပြည်​တွင်းမငြိမ်းချမ်းမှု​တွေကို ပြည်​တွင်းငြိမ်းချမ်း​ရေးရ​အောင်​တစ်​နိုင်​ငံလုံးအတိုင်းအတာနဲ့တကယ့်​ကိုအားသွန်​ခွန်​စိုက်​လုပ်​​နေပါတယ်​။ တိုင်းပြည်​ရဲ့စီးပွား​ရေးဆိုတာကလည်းငြိမ်းချမ်း​ရေးနဲ့အဓိကဆက်​စပ်​​နေတာလူတိုင်းသိပြီးသားဖြစ်​ပါတယ်​။ငြိမ်းချမ်း​ရေးသာမြန်​မြန်​ရရင်​တိုင်းပြည်​စီးပွား​ရေးဟာ ခုန်​တက်​သွားမယ်​လို့ယုံကြည်​ပါတယ်​။ ဒီငြိမ်းချမ်း​ရေးမရတဲ့အတွက်​ တိုင်းပြည်​ရဲ့စီးပွား​ရေး​တွေ​နှောင့်​​နှေး​နေတာအဓိကဖြစ်​ပါတယ်​။

လက်​ရှိအစိုးရကလည်း အရင်​တုန်းကစီမံကိန်း​တွေတရားဝင်​ဖြစ်​မဖြစ်​ဆိုတာ ​လေ့လာတယ်​။ အခု ဥပ​ဒေနဲ့အညီဖြစ်​တဲ့စီမံကိန်း​တွေ စခွင့်​ပြု​နေပါပြီ၊ အလုပ်​အကိုင်​အခွင့်​အလမ်း​တွေ စ​ပေါ်​နေပါပြီ။ ဥပမာ ၂၀၁၇ခုနှစ်​အတွင်းမှာ ဆန်​ဆိုရင်​ တရုတ်​ကို အဓိကအားထားပြီး ​ရောင်းခဲ့ရတယ်​။ဒါ​ပေမဲ့ အခုကျ​တော့ ဘင်္ဂလား​ဒေ့ရှ်​ကို ဆန်​​တော်​​တော်​များများ​ရောင်းနိုင်​တယ်​။ ​နောက်​အာဖရိကနိုင်​ငံ​တော်​​တော်​များများလည်း ​ရောင်းနိုင်​ခဲ့တာကို​တွေ့ရပါတယ်​။

အဲ့ဒီလိုပဲ ပဲ​ဈေးကွက်​ကိုလည်း ကြိုးစားကြရမှာဖြစ်​ပါတယ်​။ ပဲ​ဈေးကွက်​က​တော့ အဓိက အိန္ဒိယနိုင်​ငံဖြစ်​​နေတယ်​။ အိန္ဒိယကမဝယ်​ဘူးဆို ​ဈေးကွက်​​တွေ အသစ်​ရှာရမယ်​။ အခု​လော​လောဆယ်​ တခြားနိုင်​ငံ​တွေက ပဲစင်းငုံက အဓိကကျတယ်​။ export တင်​နိုင်​မယ့်​ ​ကောက်​ပဲသီးနှံ​တွေ ​ပြောင်းစိုက်​ဖို့ ကျွန်​​တော်​တို့ နံပါတ်​တစ်​ကြိုးစားရပါမယ်​။ ​နောက်​နံပါတ်​နှစ်​က ပဲစင်းငုံ​တောင်​မှ ဘရူနိုင်းတို့၊ ဘင်္ဂလား​ဒေ့ရှ်​တို့၊ ပါကစ္စတန်​တို့၊ ​နောက်​မ​လေးရှား၊အင်​ဒိုနီးရှား ဒီနိုင်​ငံ​တွေက အရင်​နှစ်​​တွေထက်​ ပိုဝယ်​လာတယ်​။ ဘာလို့ဝယ်​လာလဲဆို​တော့ ​ဈေးချုသွားလို့။ ဆိုလိုတာက အိန္ဒိယနိုင်​ငံနဲ့ ပဲကိစ္စဖြစ်​သွား​တော့ ကျွန်​​တော်​တို့အတွက်​ ​ဈေးကွက်​တစ်​ခု​တောင်​ ထပ်​တိုးဖွင့်​တယ်​လို့ အဆိုးထဲက အ​ကောင်းယူလို့ရပါတယ်​။

အဲ့ဒီ​တော့ ကျွန်​​တော်​တို့အ​နေနဲ့က ဒီနှစ်​မှာ ဒီလို​ဈေးကွက်​​တွေလည်း ပွင့်​လာတာကို​တွေ့ရမယ်​။ တိုင်းပြည်​အတွင်းမှာ အစိုးရနဲ့စီးပွား​ရေးသမားနဲ့ ချိတ်​ဆက်​မယ်​၊ ရင်းနှီးမြှုပ်​နှံမှု ဥပ​ဒေထွက်​လာတဲ့အတွက်​ နိုင်​ငံတကာလက်​ခံနိုင်​တဲ့အဆင့်​အတန်း​တွေ ​ရောက်​လာပြီဆိုရင်​ ကျွန်​​တော်​တို့ဟာ ၂၀၁၈ခုနှစ်​သက်​တမ်းမှာ​တော့ ပိုမို​အောင်​မြင်​လာမယ်​လို့ယုံကြည်​ပါတယ်​။

Sort:  

Congratulations! This post has been upvoted from the communal account, @minnowsupport, by liongyi from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

Coin Marketplace

STEEM 0.20
TRX 0.12
JST 0.029
BTC 61696.14
ETH 3401.11
USDT 1.00
SBD 2.52