သတိရလိုက်ပါသူငယ်ချင်း

in #busy6 years ago

DQmWKx68g3MTGzwTM5cLynXGSTFp56X744xxFDkiEPqoKzY_640x480.jpg

ချစ်ခဲ့ဖူးတဲ့ ချစ်သူရေ
တစ်ခွန်းတော့ ပြောခဲ့ချင်ပါတယ်
နင်ဆိုတဲ့ ငါချစ်ရတဲ့ သူဟာလေ
ဘယ်ကောင်းကင်မှာပဲသာနေသာနေ
ဘယ်ရင်ခွင် ပဲရောက်နေရောက်နေ
ကို့ ရင်ခွင်ရဲ့အသက်ရှုသံကို
ကြားယောင်နေခဲ့ရင်
တစ်ခါ တရံလောက်တော့သတိရပေးပါနော်
နင်ခံစားနေရပြန်ပြီလားမငိုပါနဲ့ သူငယ်ချင်းရယ်..
သူငယ်ချင်းရေ နင်ရဲ့အဝေးဟိုမှာ ကြည့်စမ်း...
မင်းအတွက် လှပတဲ့ အနာဂတ်တွေ ရှိသေးတယ်နင်တွေ့ရဲ့လား
စတိမပျက်လိုက်ပါနဲ့မငိုပါနဲ့ သူငယ်ချင်းရယ်..
နင့်အတွက်လေအချစ်ကို ဆုံးရှုံးရုံနဲ့တော့
သူငယ်ခချင်းရေမင်းဘဝတစ်ခုလုံး ပျက်သုဉ်းမသွားပါဘူးဒါကိုတော့
ငါလေနင့်ကို ပြောပြနိုင်ပါတယ်
နင့်ခံစားချက်တွေကိုလက်ချောင်းလေးတွေနဲ့ ရေတွက်ကြည့်
အရွယ်ဆိုတာ မင့်းမှာ ရှိသေးတယ်ဒါကို နင်မေ့နေနိုင်တယ်နော်
နင်လေဘာကို အားငယ်နေတာလဲ ..။
နင့်အတွက်တော့အချစ်ဆိုတာ...........
ဘဝထဲမှာရှိတဲ့ အစိတ်အပိုင်းလေး တစ်ခုပါပဲ..
သူမရှိရင် မဖြစ်ဖူးဆိုပေမယ့်..
ရူးမတက်တော့ မခံစားပါနဲမေ့သင့်တာကို မေ့လိုက်ပါတော့
တစ်ယောက်ထဲလို့ မတွေးပါနဲ့ နင်ဟာ တစ်ယောက်တည်းမဟုတ်ပါဘူး
ဒီကမ္ဘာမှာလေ ကိုယ်ချင်းစာစိတ်မရှိသူတွေ ရှိနေပေမယ့် နင့်အတွက်ကိုနားလည်သော
မင့်းကို ဖေးမ ကူညီချင်သူလဲ ရှိနေနိုင်တာပဲလေနင်တစ်ကြိမ်တော့ နောက်ထပ် ဆုံတွေ့နိုင်ပါသေးတယ်ဟာ
@ladyrose
photo-google image

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63004.58
ETH 2548.62
USDT 1.00
SBD 2.81