တိုက်ပွဲတွေကို ရပ်လိုက်ပြီ

in #busy6 years ago (edited)

@bobokyaw.jpg
အားလုံးစောင့်မျှော်နေကြတဲ့ အချိန်တစ်ခုကတော့ တဖြည်းဖြည်း နီးကပ်လို့လာနေ
ပါပြီ ယခုဆိုလျှင် နာရီပိုင်းမျှသာ လိုပါတော့တယ်။ မနက်ဖန်မနက်ခင်းအစောပိုင်းမှာ
စတင်ဖွင့်လှစ်လို့ရပါတော့မယ် ဘာကဒ်တွေရကြမှာလဲ ဘယ်လိုအကောင်တွေရ
မှာလဲ တန်ဖိုးကြီးတဲ့ အကောင်တွေ ပါလာမှာလား ရှိပြီးသား အကောင်တွေထဲက
ဘဲ လေဘယ်မြင့်တာတွေ ရနိုင်မည်လား။သို့လော သို့လော အတွေးများစွာ
မျှော်လင့်ချက်များစွာနဲ့ ရင်ခုန်စရာတော့ ကောင်းလို့နေပါတယ်
ဂိမ်းကစားတယ်ဆိုတာ အဲ့ဒီလို မျှော်လင့်ချက် တွေနဲ့ စိတ်အစဉ်ကို စွဲဆောင်ထား
ပေးနိုင်မှသာ ကစားရတာ ပျော်စရာကောင်းပါတယ် နောက်တစ်ခန်းမှာ ဘာတွေ
တွေ့ရမှာလဲ ဘယ်လိုဖြစ်မှာလဲ ဆိုတဲ့ မျှော်ရည်မှန်းရတဲ့ စိတ်ဟာ ဘယ်ခံစားချက်
နဲ့မှမတူပါဘူး သူ့မှာ အားအင်တွေများစွာရှိပါတယ်
ဟုတ်ပါတယ် ဒီရာသီလိဒ်ပွဲစဉ်ဟာ ခက်ခဲသလောက် ပျော်စရာကောင်းခဲ့ပါတယ်
နေ့စဉ်ရတဲ့ ဘုတ်စတားကတ်တွေထဲကလည်း တန်ဖိုးကြီးကဒ်တွေကို ဒီရာသီလိဒ်အတွင်းမှာဘဲ ရရှိခဲ့တာများပါတယ်
မကောင်းတာ တစ်ခုကတော့ ကဒ်ဈေးတွေ မတည်ငြိမ်ခြင်းပါဘဲ တန်ဖိုးက
စတင်းဈေးလိုဘဲ တအိအိကျပါတယ်။ သူ့ထက်ငါ အပြိုင် ဈေးချရောင်းလို့ ဈေးကျ
နေတာဖြစ်ပါတယ်
တည်ငြိမ်တဲ့ ဈေးဖန်တီးပေးလာရင်တော့ ပိုပြီး ပျော်စရာကောင်းမယ်
ပိုပြီးတော့ စိတ်ဝင်စားဖွယ် ကောင်းလာလိမ့်မယ်လို့ မြင်ပါတယ်
မနက်ဖန်မှာ တန်ဖိုးကြီးကဒ်တွေ ရလာခဲ့ရင်တောင် ချရောင်းဖို့ စိတ်မကူးတော့
ပါဘူး နောက်ရာသီပွဲစဉ်မှာ မျက်နှာမငယ်ချင်တော့ပါဘူး သူများနဲ့ တန်းတူ တိုက်ခိုက်မှု စွမ်းရည်တွေ ပိုင်ဆိုင်နိုင်ဖို့အတွက် ဟီးရိုးကောင်းတွေလိုအပ်တယ်
ဆိုတာကို သိလာတဲ့အတွက်ဖြစ်ပါတယ်
ဒီနေ့က နောက်ဆုံးနေ့ နောက်ဆုံးအချိန်ဖြစ်လို့ တိုက်ပွဲကို အငမ်းမရတိုက်နေရမယ်လို့ ထင်ခဲ့တာပါ တကယ်တော့ အဲ့ဒီလိုမဟုတ်ပါဘူး
ဒီနေ့မှာ တိုက်ပွဲတွေကို ရပ်လိုက်ကြပါပြီ ဆက်မတက်နိုင်တော့ဘူးဆိုတာ သေချာသွားစေခဲ့လို့ပါ မိမိရရှိပြီးသား ဘုတ်စတားလောက်နဲ့ဘဲ စောစောစီးစီး
ကျေနပ်လိုက်ကြပါတယ်။မရပ်လို့လည်း မရတော့တဲ့အခြေအနေပါ တိုက်ပွဲက
အခက်ခဲဆုံးအပိုင်းကိုရောက်လာတဲ့သဘောပါဘဲ ရှေ့တိုးမရတော့ ဆက်မတိုးတော့ပါဘူး အချိန်ကုန်လူပန်းဖြစ်စေနိုင်လို့ပါ။ နောက်ရာသီ
အတွက်ကို ဘယ်လို ထိုးစစ်ဆင်ရမယ်ဆိုတာ ကြိုတင်ဇယားချပြီး တိုင်ပင်ကြပါတယ် သူ့အမြင် ကိုယ့်အမြင်ဖလှယ်ကြပါတယ် အများဆုံးပြော
ဖြစ်တာတော့ မနက်ဖန် မနက်ကို စောစောထပြီး ရာသီလိဒ် ပွဲစဉ်ပြီးဆုံးခြင်းကို
ထိုင်ကြည့်ကြပါ့မယ်။ နောက်ဆုံး မီနစ်တွေမှာ ရင်ခုန်စွာစောင့်ပါမယ်
ပြီးတော့ ကိုယ့်ရဲ့ဘုတ်စတားကတ်တွေကို ရင်ခုန်စွာဖွင့်ကြည့်ကြပါ့မယ်
ဒီဂိမ်းက မကြာခင်မှာ အကျိုးကျေးဇူးတွေ ယူဆောင်လာပေးတော့မယ်လို့
ခန့်မှန်းရပါတယ်။ စတင်းဈေးတက်လာတာနဲ့အမျှ ဒီဂိမ်းကလည်း အရောင်တောက်လာပါလိမ့်မယ်။ တင်ကြို ကစားထားသူများ ပျော်ကြရပါဦးမယ်
Author : @bobokyaw

Sort:  

ရင်ခုန်စွာနဲ့စောင့်နေတယ် ဟီးး

အချိန်ကိုက် အမှီတက်ရောက်နိုင်တဲ့ ဘရားသားရဲ့
စကေးကိုတော့ လေးစားတယ်ဗျာ

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.028
BTC 62924.41
ETH 2436.05
USDT 1.00
SBD 2.52