တကယ်မလွယ်ပါဘူး

in #busy6 years ago (edited)

@bobokyaw.jpg

စတီးမစ်ပေါ်မှာ နှစ်ကြာရှည်အောင် လုပ်ဆောင်ရန်အတွက် လိုအပ်ချက်ကတော့ စိတ်ရှည်မှုပါဘဲ
စိတ်မရှည်တက်သူအတွက်ကတော့ စတီးမစ်ဟာ အိပ်မက်ဆိုးတွေ ဖန်တီးပေးနိုင်ပါတယ်
အစကတည်းက ၀င်မလာခဲ့တာက ပိုကောင်းပါတယ် ၀င်လာခဲ့မိရင်လည်း တစ်ခုခုတော့
ရအောင် ယူသွားမှသာ အရင်းမရှုံးနိုင်မှာဖြစ်ပါတယ်
တကယ်တမ်းတော့ စတီးမစ်အလုပ်က လွယ်လင့်တကူအလုပ်ထဲမှာ မပါဘူး
လုပ်ရင်လုပ်သလောက်ရလိမ့်မယ် ဆိုတာလည်း မဟုတ်ပါဘူး တော်တန်ရုံ ဇွဲနဘဲ နဲ့တော့ စတီးမစ်မှာ
ရပ်တည်ဖို့ အတော်ကို ခက်ခဲလွန်းပါတယ်
အရင်းအနှီး စိုက်ထုတ်နိုင်သူအတွက်လည်း မလွယ်ပါဘူး အမြတ်အစွန်းတစ်ခုတည်းအတွက်ဆိုရင်
တော့ စတီးမစ်မှာ မရင်းနှီးသင့်ပါဘူး
ဝါသနာနဲ့ ရပ်တည်ချင်သူများအတွက်လည်း စတီးမစ်က နေရာတစ်ခု မဟုတ်သေးပါဘူး
စတီးမစ်လုပ်မိတဲ့ ကိုယ့်အဖြစ်ကိုလည်း ပြန်တွေးကြည့်တော့ သနားလာမိတယ်
ဘာလို့များ ဒီလောက် အပင်ပန်းခံ နေမိတာလဲလို့ အကြိမ်ကြိမ်ပြန်မေးမိတယ်
တကယ်ဆိုရင် အချိန်တွေများစွာ ပေးဆပ်ထားခဲ့ရတာ ကိုယ်ပြန်ရတာ ဘာတွေလဲ
အချိန်အခါမရောက်သေးဘူးဆိုတဲ့ အဖြေတစ်ခုကလွဲပြီး ကိုယ့်မှာ ရေရာသေချာတဲ့ ပိုင်ဆိုင်မှု
ဘာမှ မရှိခဲ့ပါလား
သေချာပြန်တွေးကြည့်မိတယ် အိပ်ပျက်ညတွေ နေ့စဉ်ရက်ဆက် အလုပ်အကိုင်ပျက်ယွင်းမှုတွေ များစွာ အချို့ တန်ဖိုးကြီးမားတဲ့ ဆုံးဖြတ်ချက်တွေတောင် ပါတယ်
သွားနေတဲ့လမ်းကြောင်း သွေဖီသွားတဲ့အထိ လုပ်ဆောင်ခဲ့မိပြီ
နောက်ထပ် ဘယ်လောက် ကြာရှည် ခံလိမ့်ဦးမည်လဲ မသိတော့ပါ
ရင်းနှီးမြှုပ်နှံခြင်းတွေက အကျိုးအမြတ် မရသရွေ့တော့ ဒါဟာ ဆုံးရှုံးမှုတွေပါဘဲ
အပျော်သဘော မဟုတ်တော့တာက အသေအချာပါဘဲ ပျော်လို့ လုပ်နေတာမဟုတ်တော့ဘူး
မပျော်လည်း လုပ်နေရပြီလေ
ယုံကြည်မှုဆိုတာ အကောင်အထည်မမြင်ရသရွေ့တော့ သူဖြတ်သန်းရတဲ့ အချိန်တွေက ဆောင်းအိပ်မက်တွေလိုပါဘဲ
ဒီအချိန်ရောက်မှတော့ ပြန်မလှည့်တော့ပါဘူး ကမ်းနဲ့ ဝေးခဲ့ပြီဘဲလေ
သေချာ ဂရုဏာထားပြီး တွေးကြည့်စမ်းပါ စတီးမစ်လုပ်နေတဲ့ သူတွေဟာ သိပ်သနားစရာကောင်းပါတယ်
ရှင်သန် နိုးထချိန်မရောက်သေးသမျှတော့ ရေငုံလို့နှုတ်ပိတ် ကြိတ်မှိတ်ကာ နေရပါဦးမယ်
ပေးဆပ်မှုတွေကများလွန်းခဲ့ပြီလေ
Author : @bobokyaw

Sort:  

စတီးမစ်လုပ်သူတွေ တကယ်သနားစရာကောင်းပါတယ်

ဆောင်းအိပ်မက်လိုပဲ။အယ့်လယ်
How to trade steemmonsters cards.

https://steemit.com/game/@mmunited/howtotradesteemmonsterscards-7ruwxbpmz5

ဂယောက်ဂယက်ပါဘဲဗျာ အမှန်တကယ် ဖြစ်မယ့်နေ့တော့ မျှော်တုန်း

Coin Marketplace

STEEM 0.14
TRX 0.12
JST 0.026
BTC 54657.34
ETH 2331.85
USDT 1.00
SBD 2.14