စတင်းပါဝါက တကယ်အရေးကြီးသလား

in #busy6 years ago

power-station-374097_960_720.jpg

ဒီညအတွက်တော့ စတင်းပါဝါအကြောင်းလေး ရေးပါဦးမယ် စတင်းပါဝါဆိုတာ စတီးမစ်
အသုံးပြုသူတိုင်းရဲ့ ဆုလာဘ်တစ်ခုဆိုရင်လည်း မမှားတန်ရာပါဘူး စတင်းပါဝါဆိုတာ
စတီးမစ်ပေါ်မှာ လျှောက်လှမ်းနေကြဦးမည့်သူများအတွက် အမြဲတမ်းအရေးကြီးပါတယ်
ဘာကြောင့် စတင်းပါဝါ အရေးကြီးသလဲဆိုတာကိုတော့ ဆရာများက ရှင်းလင်းပြပြီး
ဖြစ်ပါတယ် ကိုယ်တိုင်ကတော့ စတင်းပါဝါရဲ့ အလုပ်လုပ်ပုံနဲ့ အရေးပါပုံကို နားလည်မိသလို ရှိပါတယ် ခက်သည်က ကိုယ်နားလည်သလို အခြားသူ နားလည်လာ
အောင် ရှင်းမပြတက်ပါဘူး ဒါကလည်း ကိုယ့်ရဲ့ အားနည်းချက်ပါဘဲ။
လူတစ်ယောက်မှာ နှလုံး က အရေးကြီးသလိုပါဘဲ နှလုံး အလုပ်လုပ်ခြင်း ရပ်တန့်သွားတဲ့ သူဟာ မကြာခင် သေဆုံးရတာပါဘဲ နှလုံးက အသက်ရှင်သန်နေသမျှ ကာလပါတ်လုံး အလုပ်လုပ်နေရပါတယ် နှလုံးမှတဆင့်
အခြားနေရာများသို့ သွေးများကို လှည့်ပါတ်စီးဆင်းစေခြင်းဖြင့် အသက်ရှင်သန်ခြင်းကို
ဖြစ်ပေါ်နေစေတာပါဘဲ
twilight-532720_960_720.jpg

ဒီသဘောအတိုင်းပါဘဲ စတီးမစ်မှာလည်း စတင်းပါဝါဆိုတာ လူတစ်ယောက်ရဲ့ နှလုံး
လိုပါဘဲ အလွန်အရေးကြီးတဲ့ အဓိက အစိတ်အပိုင်း ဆိုရင်လည်း မမှားလောက်ဘူး
ထင်ပါတယ် စတီးမစ်ရဲ့ အသက်သွေးကြောဟာလည်း စတင်းပါဝါပါဘဲ
စတင်းပါဝါ တစ်သိန်း ရှိတယ်လို့ ဆိုကြပါစို့ ဒါဆိုရင် သင်ဟာ စတီးမစ်ပေါ်မှာ
လုပ်ချင်တာ အတော်များများကို စိတ်ထဲရှိတဲ့အတိုင်း လုပ်ဆောင်နိုင်တယ်ပုံဖေါ်နိုင်တယ် ဆိုရင် သင်လက်ခံမယ်မဟုတ်ပါလား
စတင်းပါဝါ တစ်ရာရှိသူဟာလည်း အသုံးမ၀င်ဘူးတော့ မဟုတ်ပါဘူး သူလည်း သူ့ပါ
ဝါအလျှောက် လုပ်ကိုင်နိုင်စွမ်း တွေ ရှိလို့နေပါတယ် စတင်းပါဝါအားကောင်းခဲ့ရင်
အားကောင်းသလောက် လုပ်ဆောင်မှုတွေကလည်း လျှင်မြန်တိုးတက်နေမှာပါ
ဒါကတော့ စတင်းပါဝါ တစ်ခုတည်းရဲ့ သာမာန် လုပ်ဆောင်မှုများကို နားလည်မိသလောက်ပါဘဲ အခြားနည်းပညာ အတက်ပညာ အသိပညာများနဲ့
မိမိရဲ့ စတင်းပါဝါ ကို ပေါင်းစပ်လိုက်မည် လုပ်ကိုင်လိုက်မည်ဆိုလျှင်တော့ ပြောကုန်
နိုင်ဖွယ်မရှိအောင် လုပ်ဆောင်နိုင်စွမ်း အကျိုးအမြတ် တိုးတက်မှုတွေ တွေ့မြင်လာရ
မည်မှာ ဧကန်မလွဲပါဘဲ။
lightning-1158027_960_720.jpg

စတင်းပါဝါရဲ့ အရေးကြီးမှုလေးကို အနည်းငယ် ဖေါ်ပြလိုပါတယ် လက်တွေ့သဘော
လေးမို့ အခြားသူများလည်း အသိအနည်းငယ် တိုးလောက်မယ်ထင်ပါတယ်
ဟိုတလောက စတီးမစ် အပြောင်းအလဲ တစ်ခုစဖြစ်တော့ စတင်းပါဝါ မလုံလောက်မှု
တွေဖြစ်ခဲ့သေးတယ်လေ။ အဲ့တုန်းက စတင်းပါဝါ အားနည်းသူတွေ ပို့စ်တင်မရတာ
ကောမန့်ပေးမရတာ ဘုတ်မရတာတွေလိုမျိုးပေါ့ ဒါပေမယ့် အဲ့ဒီ အားနည်းချက်ကို
စတီးမစ်က သူ့အစီအစဉ်နဲ့သူ အမြန်ထိန်းညှိပေးခဲ့ပါတယ်။
အဲ့ဒီသဘောအတိုင်းပါဘဲ အခုပြောမှာကလည်း စတင်းပါဝါ အသုံးကျမှုနဲ့ စတင်းပါဝါ
မလုံလောက်မှုအကြောင်းပါ
ယခု ရက်ပိုင်း စတင်းမွန်းစတား ဂိမ်းလေး ခေတ်စားလာတယ် မြန်မာ ပလေယာတွေ
တဖြည်းဖြည်း ကစားလာကြတယ် တကယ်လည်း ကောင်းတဲ့ ဂိမ်းပါ
အဲ့ဒီဂိမ်းလေးက စတီးမစ်ပလက်ဖေါင်းပေါ်မှာ တည်ဆောက်ထားတဲ့ စတီးမစ်ပေါ်မှာ
လည်ပါတ်တဲ့ ဂိမ်းဖြစ်လို့ စတင်းပါဝါနဲ့ တိုက်ရိုက် ပါတ်သက်လို့နေပါတယ်
ကျွန်တော့ မိတ်ဆွေတစ်ယောက် အဲ့ဒီဂိမ်းကို ကစားတယ် စကစားတုန်းက အဆင်ပြေတယ် သုံးရက်လောက်နေတော့ အဆင်မပြေမှုတွေဖြစ်လာတယ်
တစ်ပွဲတိုက်ရဖို့ကို သူ့ခမျာ တစ်နာရီလောက် စောင့်နေရတယ် တစ်ခါတရံ နာရီဝက်လောက်နဲ့ အဆင်ပြေသွားတယ် သူကလည်း ဂိမ်းစွဲလမ်းသူပီပီ စိတ်ရှည်ရှည်နဲ့ တစ်နေကုန်အောင် စောင့်ပြီး တိုက်တယ် ကစားတယ်
ညပိုင်းရောက်တော့ လုံးဝကို တိုက်မရတော့ဘူး သူတစ်နေကုန်တိုက်တာ ခြောက်ပွဲ
ဘဲရတယ် ကိုယ့်ဆီရောက်လာတယ် ဂိမ်းအကြောင်းကလည်း ကိုယ်က သေချာ မသိသေးဘူး ဖြစ်နိုင်ခြေတွေ လုပ်ကြည့်တယ် ဘယ်လိုမှ လုပ်မရဘူး နောက်ဆုံး
သူ့ရဲ့ စတင်းပါဝါကို သတိရသွားတယ် ဟုတ် တယ် သူ့မှာ စတင်းပါဝါ ဆယ်ဂဏန်း
အနည်းငယ်သာရှိတယ် ပြီးတော့သူက ပါဝါလည်း ဒေါင်းထားမိတယ်
windrader-1048981_960_720.jpg

ဟုတ်ပြီး ပါဝါဒေါင်းတာကို ဖြုတ်ခိုင်းလိုက်တယ် ဂိမ်းကို ချက်ချင်းပြန်ဆော့စေတယ်
ချက်ချင်းပဲ တစ်ပွဲ ဆော့လို့ရတယ် နောက်တစ်ပွဲ ဆက်ဆော့တယ် မရတော့ပါဘူး
ဒါနဲ့ သူ့ရဲ့အပြင်မှာပိုနေတဲ့ စတင်းကို ပါဝါအပ်ခိုင်းလိုက်တယ်တူးစတင်း လောက်ပါဘဲ ပါဝါအပ်ပြီး ဆော့တယ် ငါးပွဲလောက် ဆက်တိုက်ဆော့ရတယ် နောက်ထပ်မရတော့ပြန်ဘူး သေချာပါပြီ စတင်းပါဝါ မလုံလောက်သောကြောင့် သူ့ဂိမ်းက ကစားမရဖြစ်နေတာ သူ့ကိုပြောတယ် မနက်ဖန်မှ ဆက်ကစားတော့
ဒိညစောစောအိပ်လိုက်လို့ ပြောမရပါဘူး အဆင်ပြေအောင် လုပ်ပေးပါတဲ့
ကိုယ်လည်း ခေါင်းစားရပြီလေ။ စတင်းပါဝါ ငှားတာကို ပြေးသတိရလိုက်တယ်
ချက်ချင်းဘဲ ဘလော့ထရိတ်ကနေ စတင်းပါဝါ တူးအက်ဘီဒီဖိုး ငှားပေးလိုက်တယ်
ငါးဆယ့်နှစ် စတင်းပါဝါ ရလာတယ် သက်တမ်းက ရက်ကိုးဆယ်ပေါ့ ရပါပြီဗျာ
ဆက်တိုက်ဆော့တယ်မရပ်တော့ပါဘူး သူပျော်သွားတယ် ကိုယ်ကတော့ ခေါင်းမီးခိုး
ထွက်ချင်သွားတယ်လေ
အဲ့တာလေး တွေ့ကြုံရတော့ စတင်းပါဝါဟာ စတီးမစ်မှာအသက်တမျှ အရေးကြီးပါလားဆိုတာ
ပိုလို့ ခိုင်မာလာစေပါတယ်။
စတင်းပါဝါ အားနည်းသူများနဲ့ ယခုမှ အကောင့်သစ်ဖေါက်ပြီး စတင်းမွန်းစတား ဂိမ်းကစားမယ်ဆိုလျှင် ချင့်ချိန်နိုင်ကြပါစေလို့ သတိပေးချင်ပါသည်။
Photo Credit : Original source
Author : @bobokyaw
@bobokyaw.jpg

Sort:  

Steemit ရဲ့ပန်းတိုင်ပါပဲ၊စတင်းပါဝါဆိုတာလေ

Posted using Partiko Android

ဟုတ်ပါတယ် အစ်ကိုကြီးရေ
စတင်းပါဝါက တဖြည်းဖြည်းနဲ့ အရေးပါ အရာရောက်လာပါပြီ

စတီးပါဝါက ဒါကြောင့်အရေးပါတာကို
ဂိမ်းတော့မဆော့ဘူးဗျာမျက်စိကဂရုစိုက်ရလို့

ဟုတ်ကဲ့အစ်ကိုကြီးရေ
ဒီဂိမ်းက အကျိုးအမြတ်ရှိလို့ ဆော့ဖြစ်နေတယ်

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63342.09
ETH 2658.68
USDT 1.00
SBD 2.81