steemmonsters cards game ကဒေါ်လာရပါတယ်

in #busy6 years ago (edited)

Screenshot_2018-11-09-23-16-06.png

ဟုတ်ကဲ့ ဒီနေ့တော့ ငွေရပေါက်ရလမ်း တစ်ခုကို ညွှန်ပြမှာ ဖြစ်ပါတယ်
အမှန်တကယ်တော့ ရှေ့က ညွှန်ပြသူ ဆရာတွေ ရှိပြီးသားပါ လုပ်နည်းကိုင်နည်းများကိုလည်း
အသေးစိတ် ချပြပြီးဖြစ်ပါတယ် အသစ်အသစ်တွေ့ရှိချက်တွေလည်း နေ့စဉ်တင်ပြလျှက်ရှိပါတယ်
ကျွန်တော်ကတော့ ဒီအရာတွေကို ဟုတ်မှန်ကြောင်း ၀င်ရောက်ပြီး သက်သေပြုပေးတဲ့သဘောပါဘဲ
steemmonster game ဟာ တကယ်ကို စိတ်ဝင်စားစရာ ကောင်းတဲ့ ဂိမ်း တစ်ခုဖြစ်ပါတယ်
ကစားမိသူများ အားလုံးဟာ စွဲလမ်းနှစ်ခြိုက်မှုကို ရရှိကြပါတယ် ဒီဂိမ်းက အခြားဂိမ်းတွေနဲ့ မတူပါဘူး
သူ့နောက်မှာ ငွေတွင်း ရှိပါတယ် တစ်နည်းအားဖြင့် ဒီဂိမ်းဟာ ငွေကြောကြီးပါ
ဒီလောက်ကောင်းတဲ့ ဂိမ်းကို အချို့ ဘာလို့ မကစားသလဲ ဆိုတာကိုတော့ နည်းနည်း တွေးကြည့်မိပါတယ် ဖြစ်နိုင်ချေတော့ များစွာ ရှိပါတယ် ဒီအထဲကမှ နံပါတ်တစ်ကတော့ ဒီဂိမ်းကို စကစားရင် ငွေစပြီး ကုန်စေတဲ့အချက်ကြောင့်ဖြစ်မယ် ထင်ပါတယ်
ဖရီးဆိုရင်တော့ ဒီထက်မက လူပိုစည်ကားပါလိမ့်မယ် ခက်သည်က ယခု ဒီဂိမ်းကို စကစားမယ်ဆိုရင် ဆယ်ဒေါ်လာတိတိ ပေးသွင်းရပါတယ် ဒါမှသာလျှင် ၀င်ရောက်ကစားနိုင်မှာဖြစ်ပါတယ် ဒုတိယအချက်ကတော့ စတီးမစ်အကောင့်ရှိသူများသာလျှင် ကစားနိုင်ပါတယ် ဒီဂိမ်းကစားသူတိုင်းဟာ စတီးမစ်လုပ်ကိုင်သူတွေချည့်ဖြစ်ပါတယ် ကိုယ်သဘောကျတာကလည်း ဒီအချက်ကြောင့်ပါဘဲ ဒါကြောင့် လည်း ကစားဖြစ်တာပါ
ငွေရတယ်ဆိုပြီး ကစားလိုက်တာတော့မဟုတ်ဘူးဗျ
ကစားရင်းနဲ့ ငွေရတာကိုမြင်သွားတာပါ တကယ်လည်းရပါတယ်
Screenshot_2018-11-03-21-47-00.png

ဟုတ်မဟုတ် ဆိုတာကို ကိုယ်တိုင် လက်တွေ့စမ်းသပ်ပြီး ငွေထုတ်ယူကြည့်ပြီးပါပြီ လေးဒေါ်လာတိတိ ထုတ်ယူပြီးပါပြီ ဒါတောင် ဂိမ်းထဲက ဟီးရိုးလေး တစ်ကောင်ဘဲ ရောင်းလိုက်တာပါ နောက်ထပ် ရောင်းစရာ တွေလည်း များစွာ ကျန်ပါသေးတယ်
ယနေ့အထိ မြင်မိသလောက်ကတော့ ဒေါ်လာတစ်ထောင့်ငါးရာတန် ဟီးရိုးက အမြင့်ဆုံးပါဘဲ
အဲ့ဒီဟီးရိုးများရခဲ့ရင်တော့ ဘယ်လိုပြောရမလဲ ဘာပြောကောင်းမလဲဗျာ
ကျွန်တော့်မိတ်ဆွေကြီး ပြောတဲ့အတိုင်းပြန်ပြောရရင်တော့ ထောပြီပေါ့ဗျာ
အခုဆိုရင် ဒီဂိမ်းက ပရိုမိုးရှင်းသဘောနဲ့ နေ့စဉ် ဘုတ်စတားကတ်တွေ မဲဖေါက်ပေးနေပါတယ်
ကျွန်တော် ကစားတာ ခုနှစ်ရက်ခန့်ရှိပါပြီ လေးဒေါ်လာတန် ဟီးရိုးနဲ့ ငါးဒေါ်လာတန် ဟီးရိုး နှစ်ကပ်ကိုအမြင့်ဆုံး ရရှိဖူးပါပြီ ဒီထက် တန်ဖိုးများစွာ မြင့်သော ဟီးရိုးကပ်တွေ ရရှိသူတွေကိုလည်း
တွေ့ရပါတယ် အားကျစရာပါ။ ကျွန်တော်ရင်းထားသော ၀င်ကြေးပေးထားရသော ဆယ်ဒေါ်လာကတော့ အရင်းကျေသွားပါပြီ

Screenshot_2018-11-09-23-00-08.png

နောက်ရက်တွေမှာ ရလာမယ့် အကျိုးအမြတ်တွေကတော့ အားလုံး ဂုန်းဆင်းရတော့မှာဖြစ်ပါတယ် ဒီထက်ကောင်းမွန်တဲ့
အစီအစဉ်တွေလည်း ရှိနေပါတယ် နေ့စဉ် ပုံမှန် ၀င်ငွေ လမ်းကြောင်းကို ဖန်တီးနိုင်တဲ့ အခြေအနေထိ
သွာလို့ရနိုင်ပါတယ်။ ဒါကတော့ ကစားရင်း သိလာရတာပါ။ ဟုတ်မဟုတ်သေချာသိချင်ရင်တော့
ဝင်သာကစားလိုက်ပါဗျာ ဘာခက်တာမှတ်လို့ ဆယ်ဒေါ်လာဘဲ ရင်းရတာ

Photo Credit : Original source
Author : @bobokyaw
@bobokyaw.jpg

Sort:  

ရောင်းစားပလိုက်တော့ ဒီဟာကြီးကို

စမ်း ပြီလေ ကိုဘိုရေ
သင်ပြပေးအုံးနော်

လုပ်လိုက်တော့ ကိုမိုးရေ
အပျင်းလည်းပြေ အရင်းလည်းကျေ
ဒေါ်လာတွေလည်းရ

ဟုတ်ကိုဘို စမ်းကြည့်အုံးမယ် ဘယ်လိုဆော့ရတယ်တော့မသိဘူး
လောဆယ် ဖုန်းအားကုန်နေလို့ မစမ်းကြည့်ရသေးဘူး
Loginပဲဝင်ထားသေးတယ်

Posted using Partiko Android

ဒီအောက်ကလင့်ခ်လေးသုံးပြီး ဝင်ပေးပါဘရို။ ဖရီး refer ရှာလိုက်ပါသည်။

https://steemmonsters.com?ref=mmunited

ဟုတ် loginဝင်ယုံပဲမို့လားဆရာ

Posted using Partiko Android

ဟုတ်ပါတယ် ဘရို။ ကျွန်တော်တို့ group လုပ်ထားတာရှိပါတယ်။ ဘရို login လုပ်ပြီးသွားရင် group ထဲကို ထည့်ပေးပါ့မယ်။

ပိုစ့်ကို promote လုပ်လိုက်ပါပြီ ဘရို။ ကျေးဇူးအထူးတင်ရှိပါသည်။

Coin Marketplace

STEEM 0.18
TRX 0.13
JST 0.028
BTC 58484.86
ETH 3100.06
USDT 1.00
SBD 2.40