ပိုလို့ ကောင်းမွန်လာမည်လား

in #busy6 years ago

@bobokyaw.jpg
ဒီနေ့တော့ ဟိုဘက်ရပ်ကွက်က ချိတ်ပိတ်ထားတာ တွေ့လိုက်ရပါတယ် ရုတ်တရက်ဆိုတော့
သွားပြီကွာလို့တောင် ထင်ခဲ့မိတယ် ဘယ်သူမှလည်း အထူးတလည် စကားထဲ ထည့်ပြောတာ မတွေ့ရ
ဘယ်ပြောမည်နည်း သူတို့အရေးမှ မဟုတ်တာဘဲ
ကိုယ့်တစ်ယောက်တည်း ယောင်လည်လည်နဲ့ ဟိုဘက်က ပါတ်ချောင်းလိုက် ဒီဘက်ကပါတ်ချောင်းလိုက် လုပ်နေရသည်။
ဘယ်လိုမှ ၀င်မရ ဘယ်ရလိမ့်မည်နည်း ရပ်ကွက်တစ်ခုလုံး အမှောင်ချထားတာကို
ရပ်ကွက်ထဲ ၀င်ခွင့်မပေး အားလုံးကို ခဏ အပြင်ထွက်ခိုင်းထားသည်
ဘယ်သူမှ ၀င်မလာရ သေချာကောင်းမွန်သော အခြေအနေများကို ဖန်တီးလို့ နေသည်ဟုသာ
အကြောင်းပြလေသည်။ ဟုတ်ကော ဟုတ်ပါ့မလား သံသယ ဖြစ်မိသည်။
ဟုတ်မှာပါ ဟုလည်း ဖြေတွေး တွေးရသေးသည်။
ဒီအခြေအနေရောက်မှတော့ ပျက်စီးစရာအကြောင်းမရှိသေး သူတို့အတွက် အကျိုးအမြတ် တစ်စုံ
တစ်ရာ မရသေးဘဲတော့ တပ်မဖျက်လောက်
ဒါဆို အေးရာအေးကြောင်း ထိုင်လို့စောင့်ရမည်ပေါ့
မနက်ကတည်းက ချိတ်ပိတ်ထားတာ ခုထိ ဖွင့်မပေးသေး တစ်နေကုန် ခဏတမ်း ၀င်ကြည့်နေမိသည်။
ဘာမှမထူး ဒုံရင်း ဒုံရင်းအတိုင်း ၀င်မရ ကြည့်မရ
လူ့စိတ်ကလည်း ခက်တော့ ခက်သား မသွားနဲ့ မလုပ်နဲ့ မစားနဲ့ ဟု ကန့်သက်ထားလျှက်
သွားကြည့်ချင်သည် လုပ်ကြည့်ချင်သည်။ စားကြည့်ချင်မိလေသည်။
အခုလည်း ထိုသို့သာတည်း ၀င်ခွင့်မပေးသည်ကို သိနေသော်လည်း ၀င်ကြည့်နေချင်မိသည်။
အရင်ရက်တွေက အခုလို ကန့်သက်မထားတော့ အလုပ်မအားလို့ စိတ်အပါလို့ မနက်ပိုင်းလုပ်ရမည်များကို ညမှလုပ်လည်း ရတာဘဲ ညမှပေါင်းပြီး တင်မယ် ဒီလိုတွေ တွေးခဲ့ လုပ်ခဲ့သည် ဟော......... အခုတော့ မ၀င်ရပါဘူးဆိုမှ ဒီနေ့တော့ ဘာမှမတင်ရသေး မဘုတ်ရသေး
အလုပ်တွေ ကျန်သေးတယ် ဆိုတဲ့ လွန်ကဲသော ၀ိရိယအတွေးများနဲ့ စောဒက တက်လို့ နေချင်သေးတော့သည်။
ယခုညပိုင်းထိ ၀င်မရသေး မနက်ဖန်လောက်မှ ပွင့်မည်ဟု ထင်ပါသည်။ ရင်တော့အခုန်သား
မနက်ဖန် မှာ ဘာတွေ တွေ့မြင်ရလိမ့်မည်နည်း အသစ်အသစ်တွေ ပါလာတော့မည်ထင်သည်။
မျှော်လည်းမျှော်မိသည်။ စိုးရိမ်စိတ်လည်း ရှိသေးသည်။ ကန့်သက်ချက်တွေ ထပ်တိုးလာမည်လား
ကိုယ်တွေရဲ့ အကျိုးစီးပွား ပွန်းပဲလေသော ခက်ခဲလေသော ကန့်သက်တားမြစ်ချက်တွေ ဖြစ်လို့
နေမည်လား မပြောတက်သေး
ဒိထက် ကောင်းမွန်သော အခြေအနေများ လုပ်ဆောင်ပေးလိမ့်မည်ဟု သာ ယုံကြည်မျှော်လင့်နေမိ
ပါသည်။
ကောင်းတော့ ကောင်းပါတယ် သူ့ဘက် ၀င်မရတော့ စတီးမစ်ဘက်ကိုသာ ဒီနေ့အဖို့ ပိုလို့ အာရုံစိုက်နေမိသည်။
နှစ်ဖက်လုပ်ရသည်မှာ တကယ်တမ်းတော့ လွယ်သည့်အလုပ်တော့မဟုတ်လှ
ဗျာများရသည် အလုပ်တွေပိုလို့ရှုပ်သည် လက်ဝင်သည် ခေါင်းပူသည်
သို့သော် တစ်ချိန်မှာ နှစ်သီးများစားရလေမည်လားဆိုတဲ့ အသိလေးကလည်း ၀ိရိယ အားတို့အား
တိုးတက်လုပ်ဆောင်စေမိပြန်ပါသည်။
Author : @bobokyaw

Sort:  

မနက်ဖန် အဖြေသိရမှာပေါ့ ဘာတွေးပူနေတာလဲ
အေးဆေး စောင့်နေလိုက်

ဟုတ်တယ်ဗျ သုံးရက်လောက်တော့ စောင့်လိုက်ရတယ်
အခုတော့အ ဆင်ပြေသွားပြီလေ

update လုပ်နေတာ နေမှာပါဘရို

ဟုတ်တယ် အစ်ကို သူတို့ အပ်ဒိပ် လုပ်နေတာ

Promote လုပ်ပြီးပါပြီဘရို

ကျေးဇူးတင်ပါတယ်ဘရားသားကြီးရေ
လိုချင်တဲ့ ပြစ်မှတ်တော့ ထိသွားပါပြီ

Coin Marketplace

STEEM 0.14
TRX 0.12
JST 0.025
BTC 52752.07
ETH 2324.76
USDT 1.00
SBD 2.12