ဖလားတစ်ထောင်ကျော်ပါစေ

in #busy6 years ago

presentation-1454403_960_720.png

Photo Credit : Original source
ရာသီလိဒ်ပွဲစဉ် လေးကြိမ်မြောက်မှာ စည်းကမ်းအသစ်တွေနဲ့အတူ ဟီးရိုးအသစ်
တွေ ပေးလာပါတယ် နေ့စဉ် ဘုတ်စတား ကဒ်ပေးဝေမှုမှာလည်း အချိုးအစားမတူ
ညီမှုတွေ ရှိနေပါတယ် မိမိလက်ရှိရောက်နေသော ဖလားအနည်းအများအပေါ်
မူတည်ပြီးတော့ နေ့စဉ်ဘုတ်စတား ကဒ်ဖွင့်တဲ့အခါ အကောင်ရေ အနည်းအများ
ကွာခြားသွားပါတယ်
အစပိုင်းတုန်းက ကိုယ်လည်း ဒါကို မသိဘူး အရင်အတိုင်းဘဲထင်ပြီး
နေ့စဉ် ရတဲ့ဘုတ်စတားကဒ်ကို ငါးပွဲအနိုင်တိုက်ပြီး ချက်ချင်းဖွင့်လိုက်တယ်
ဖလား လေးရာကနေ ရာသီလိဒ်ကိုစတင်ရတော့ ငါးပွဲတိုက်အပြီးမှာ ဖလား
ငါးရာကျော်ရှိတ်ာပေါ့ အဲ့ဒီမှာ စလွဲတာပါဘဲ
ဘုတ်စတား ကဒ်မှာ ကိုယ့်အတွက် ဟီးရိုး တစ်ကောင်တည်း ပေးလာပါတယ်
အရင်က ငါးကောင် နေ့စဉ်ပေးတာပါ
ကစားဖော်တွေ မေးကြည့်တော့ သူတို့က ပုံမှန်ငါးကောင်ရပါတယ်တဲ့
ဘာကွာသွားသလဲ ပြန်ကြည့်တော့
သူရောက်နေတဲ့ ဖလား အရေအတွက်နဲ့ ကိုယ့်ရဲ့ဖလား အရေအတွက် ကွာ
ခြားမှုကြောင့် ဘုတ်စတားကဒ်မှာ ပါတဲ့ ဟီးရိုးအကောင်ရေလည်း ကွာခြား
သွားတာပါ
ဒါကို သေချာစေဖို့အတွက် ဖလားကို တင်ရပါတယ် မနေ့က ညပိုင်းကနေ
ဖလား စတင်လိုက်တာ ဒီနေ့ညနေပိုင်းရောက်တဲ့အခါ ဖလား တစ်ထောင် ကျော်
စပြုပါတယ် အဲ့ဒီအချိန်ရောက်မှ နေ့စဉ်ဘုတ်စတား ကဒ်ရမဲ့ ငါးပွဲကို အနိုင်ကစား
ပါတယ် ဖလား တစ်ထောင့် တစ်ရာဝန်းကျင်မှာ ဘုတ်စတားကဒ်ရပါတယ်
အဲ့ဒီ ဘုတ်စတားကဒ်ကို ဖွင့်ကြည့်တဲ့အချိန်မှာတော့ အရင်ကအတိုင်း
ဟီးရိုး ငါးကောင်ရပါတယ်
ဒါကြောင့် ဖလား တစ်ထောင်အောက်ဆိုရင် ဘုတ်စတားကဒ်မှာ ဟီးရိုး
တစ်ကောင်သာ ပါလာမှာဖြစ်ပြီး ဖလား တစ်ထောင်ကျော်မှသာလျှင်
မိမိရတဲ့ ဘုတ်စတားကဒ်မှာ အရင်လို ဟီးရိုး ငါးကောင် ပါဝင်မှာဖြစ်ပါတယ်
တစ်ရက် တစ်ကောင်နဲ့ တစ်ရက်ငါးကောင်က ငါးဆတစ်ဆ ကွာပါတယ်
ဒါကြောင့် အနည်းဆုံး ဖလား တစ်ထောင် နဲ့ အထက်မှာ အနိမ့်ဆုံးထားပြီး
ကစားကြပါလို့ ပြောပါရစေ
ဖလား နှစ်ထောင် အထက်မှာတော့ ဘယ်နှစ်ကောင်ရသလဲဆိုတာ
မသိရသေးပါဘူး ကိုယ်လည်း နှစ်ထောင်အထက်မရောက်သေးတော့ ရမရ
မပြောတက်ပါ ဖလားနှစ်ထောင် အထက်ရောက်နေသော ဆရာများ
ဟီးရိုး ငါးကောင်ထက်ပိုရတယ်ဆိုရင်လည်း လက်တို့ကြပါဦး
ဘာအကြောင်းနဲ့ဘဲ ဖြစ်ဖြစ် ဖလားတစ်ထောင်အထက်မှာ မိမိရဲ့ဖလားကို
ထိန်းထားရမယ်ဆိုတာတော့ သိရပါပြီ ရတဲ့ ဟီးရိုးတွေကတော့ အပြိုင်အဆိုင်
ဈေးလျှော့ရောင်းကြလို့ ဈေးသိပ်မရတော့ပါဘူး ဒါကြောင့် မရောင်းတော့ဘဲ
ရသမျှ ဟီးရိုးအားလုံး လေဘယ် အပ်လိုက်ပါတော့မယ်
Author : @bobokyaw
@bobokyaw.jpg

Sort:  

thank you for sharing i don't know it

Coin Marketplace

STEEM 0.18
TRX 0.15
JST 0.029
BTC 62952.44
ETH 2542.20
USDT 1.00
SBD 2.65