မယုံတစ်ဝက်

in #busy6 years ago

@bobokyaw.jpg
သေချာလား မသေချာလားဆိုတာတော့ ကွဲကွဲပြားပြား မသိရသေးပါဘူး
အခုမှ အစဆိုတော့ လူတွေပြောနေကြသလို မဖြစ်နိုင်လောက်ပါဘူးလို့လည်း
မဆိုချင်ပါဘူး။ ဖြစ်လာနိုင်တယ်လို့လည်း မျှော်လင့်လို့ရတာပါဘဲ
မသေချာဘဲ လုပ်နေတာလား ဒီလိုလည်း ဆင်ကန်း တောတိုးတော့ မဟုတ်ပါဘူး
သူ့မှာ ကောင်းမွန်တဲ့ အချက်တွေ များစွာရှိပါတယ်
အခုချိန်က တန်ဖိုးမဲ့နေသေးတော့ တန်ဖိုးထားသူတွေ တပ်မက်သူတွေ အလိုရှိသူ
တွေ နည်းပါးသေးတယ်လို့ဘဲ မြင်ပါတယ်
လွယ်လွန်းရင်လည်း လူတွေ တန်ဖိုးမထားတက်တာ သဘာဝပါဘဲ
အခြေအနေကောင်းတစ်ခု ဖြစ်တည်လာရင်တော့ သေချာပါတယ် သင်နောက်ကျ
နေပါပြီ အခြေအနေကောင်းတဲ့အချိန်က လွန်လေပြီးသော အချိန်ဖြစ်ပါလိမ့်မယ်
ရွေးချယ်စရာ နှစ်ခုတည်းပါ ဘာမှမလုပ်ရင်တော့ ဘာမှမရပါဘူး လုပ်ထားရင်တော့ အခြေအနေကောင်းရင် ကောင်းသလောက် အကျိုးရှိပါလိမ့်မယ်
ဘာမှမလုပ်ရင်တော့ ဘာမှ မဆုံးရှုံးသလိုဘဲ ဘာမှမရမှာတော့ အသေအချာပါဘဲ
ငါးပွက်ရာ ငါးစာချနေတာလည်း သိပ်တော့ ဟန်မကျပါဘူး
တစ်ခုခုတော့ ရွေးရပါလိမ့်မယ်။
ဒီပလက်ဖေါင်းက လုပ်သင့်တဲ့ ပလက်ဖေါင်းတစ်ခုပါ
တကယ်လို့များ ဈေးကွက်ဖွင့်တဲ့အချိန် နေရာလေးတစ်ခုရသွားခဲ့ရင်
သင့်အတွက် အကျိုးကျေးဇူးများစွာ ရနိုင်ပါတယ်
သူ့အတွက် နေရာလေးတစ်ခုဘဲ လိုတာပါ ဘယ်လောက် ဈေးပေါက်သည်ဖြစ်စေ
ခုချိန်လုပ်ထားရင်တော့ အချိန်ကောင်းပါဘဲ
အချိန်အားဖြင့် ရက်ပေါင်း ခုနှစ်ဆယ်ခန့် လိုပါသေးတယ်
အခွင့်အရေးတွေကလည်း များစွာရှိနေတုန်းပါဘဲ
နောက်ပိုင်းတော့ ဒီလို အခွင့်အရေးတွေ မလာတော့ပါဘူး
လေ့လာကြည့်မိသလောက်တော့ စတီးမစ်လုပ်တဲ့သူတွေသာ အဲ့ဒီဘက်မှာ
ရှိနေတာပါဘဲ သဘောက အဲ့ဒီဘက်မှာ ရှိတဲ့သူတိုင်းက စတီးမစ်လုပ်ကြတယ်
ရီပရက်ရှင်း ခြောက်ဆယ်ကျော် ခုနှစ်ဆယ်ဝန်းကျင်တွေ တော်တော်များပါတယ်
ပြောချင်တာက စတီးမစ်မှာ နှနှစ်ခန့် ကျင်လည်ပြီးတဲ့သူတွေ စတီးမစ်ပါး ၀နေတဲ့
သူတွေ လေပြုတ်ကျ အကြောင်း နောကျေနေတဲ့သူတွေ သူတို့ အဲ့ဒီဘက်မှာ အခြေချလုပ်နေကြပြီ။ ဒါလောက်ဆို တစ်ခုခုကို သုံးသပ်လို့ရလောက်ပါတယ်
သင်နောက်မကျသေးပါဘူး အများယောင်လို့ လိုက်ယောင်တာထက် ယုံကြည်ချက် တစ်ခုအပေါ်မှာ ရပ်တည်ပြီး လုပ်ကိုင်ရဲတာက အကျိုးကျေးဇူး ပိုများနိုင်ပါတယ်။ လုပ်ထားပါလို့ တိုက်တွန်းလိုပါတယ်
ဈေးမပေါက်လို့ လုပ်သမျှ အလကားဖြစ်ခဲ့ရင်တော့ အရင်းပေါ့
အခြေအနေကောင်းခဲ့ရင်တော့ ဈေးကွက်ဖွင့်ချိန်မှာ သင့်လက်ထဲ ပါဝါ သောင်းကြီး ဂဏန်းချီပြီး ရှိနေမှာပါ။ အခွင့်အရေးက နှစ်ကြိမ် တံခါးလာမခေါက်ပါဘူး။ သူလာတုန်း ကောင်းမွန်စွာ ကြိုဆိုတက်ဖို့ဘဲလိုပါတယ်
လူကြိုက်များတဲ့ အရာတစ်ခုက တန်ဖိုး တက်လာစမြဲပါဘဲ ဒါကိုယုံကြည်တယ်
@bobokyaw

Sort:  

Group ဖွဲ့ပြီးထားတာ english လိုပဲတင်နော့လာ vote သူမရှိပါဘူး

Posted using Partiko Android

အကောင့်တစ်ခုလျှောက်ရင် ပါဝါ တစ်ရာ ဘောနပ် ထည့်ပေးပါတယ် အစ်ကို

မလျော့သောဇွဲနဲ့ဆက်လက်ချီတက်လျှက်ပါ ကိုဘိုဘိုကျော်ရေ

Posted using Partiko Android

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.034
BTC 64231.88
ETH 3128.59
USDT 1.00
SBD 3.95