မတည်မြဲမိုးသားတိမ်တွေလို

in #busy6 years ago

@bobokyaw.jpg

အခုတလော စိတ်တွေ မတည်မငြိမ် ဖြစ်နေတယ် အသစ်တွေကို လက်ခံရမှာလား အဟောင်းတွေကို
စွန့်ပစ်ရမည်လား အဟောင်းတွေကို ဆက်လက် ဖက်တွယ်ထားရမည်လား အသစ်တွေကို ငြင်းပယ်ရမည်
လား ဝေခွဲမရဘူးဖြစ်နေရတယ် အသစ်တွေက ဆွဲဆောင်မှု အားကောင်းတာတော့မှန်တယ်
အဟောင်းတွေကလည်း အသုံးပြုရတာ နေသားကျနေပြီ အဟောင်းနေရာမှာ အသစ်တွေအစားထိုးဖို့
စဉ်းစားကြည့်တယ် ဒါပေမယ့် မလွယ်ပါဘူး အချိန်ကာလတစ်ခု ပြန်လိုအပ်နေဦးမယ်
ချစ်ခင် ကြင်နာခြင်းဆိုတာကလည်း အချိန်အခိုက်အတန့် တစ်ခုဘဲ ဖြစ်ပါလိမ့်မယ်
သူ့အတိုင်းအတာ ကာလ တစ်ခု လွန်မြောက်သွားတဲ့အခါမှာ အခြားတစ်မျက်နှာ ဖြစ်လာနိုင်တယ်လေ
အခြေအနေနဲ့ အချိန်အခါကို လိုက်ပြီး ပြောင်းလဲတက်ရမယ်တဲ့ အပြောင်းအလဲနောက် မလိုက်ပါနိုင်တဲ့
သူကတော့ ကျန်ခဲ့လိမ့်မယ် သို့မဟုတ် ချန်ခဲ့ရလိမ့်မယ်တဲ့
နှစ်မျိုစလုံးကတော့ အဖြေတစ်တခုတည်းဘဲ မဟုတ်ပါလား
အချို့အရာတွေက တမင်တကာ ပြုပြင်ပြောင်းလဲပေးရတယ် အချို့အရာတွေကတော့ ကာလဒေသက
တဖြည်းဖြည်း ပြောင်းလဲပေးတယ် ခွန်အားစိုက်ရတဲ့ ပြုပြင်ပြောင်းလဲမှုက ပိုခက်တယ် ဒါပေမယ့်အချိန်
မပေးရဘူး မကြာဘူး ပါတ်ဝန်းကျင် ကာလဒေသရဲ့ ပြုပြင်ပြောင်းလဲပေးခြင်းက ခွန်အားမစိုက်ရဘူး
ဒါပေမယ့် အချိန်တော့ ပေးရတယ် များသောအားဖြင့်တော့ ကိုယ်တိုင်တောင် ပြောင်းလဲခံလိုက်ရမှန်း
မသိဘဲ ပြောင်းလဲသွားရတာတွေ ရှိနေတယ် စိတ်နေသဘောထား အမူအကျင့် ယုံကြည်မှု အဲ့ဒီလို အရေး
ကြီးတဲ့ အစိတ်အပိုင်းတွေလည်း ပါဝင်တယ်
အချို့က ပြောင်းလဲခံလိုက်ရတာ ပြောင်းလဲသွားတာတွေကို အချိန်လွန်ကာလမှ သတိထားမိလာတက်တယ်
အဲ့ဒီအချိန်က ပြန်လည် ပြင်ဆင်သင့်က ပြင်ဆင်ရန် များစွာ နောက်ကျလို့ သွားပြီ ဖြစ်နေပြန်တော့တယ်
ဒီလိုနဲ့ဘဲ နေသားတကျဆိုတဲ့ အလိုက်သင့်အလျှားသင့် ဆိုတဲ့ ဥပဒေအောက်မှာ ကိုယ့်ရဲ့ မူလအရာတွေ
ပျောက်ဆုံးသွားရတော့တယ်
ပြန်တောင် တွေးမကြည့်ရဲလောက်အောင် အမှားတွေကို ကျူးလွန်ခဲ့တာလည်း ဖြစ်နိုင်တာပါဘဲ
@bobokyaw

Sort:  

ဘာမှ မသေချာပါဘူး အားလုံးဟာ အရှင်ပါ
လှုပ်ရှားနေတယ် ခန့်မှန်းရသိပ်ခက်ပါတယ်

Coin Marketplace

STEEM 0.29
TRX 0.11
JST 0.033
BTC 63945.57
ETH 3135.76
USDT 1.00
SBD 4.00