မီးကုန်ယမ်းကုန်

in #busy5 years ago

@bobokyaw.jpg
စစ်တလင်းမှာတော့ မီးခိုးငွေ့တို့ တလူလူ အောင်လံတွေ တံခွန်တွေက တလွင့်လွင့် မြင်းခွါသံ
ကလည်း တဖြောင်းဖြောင်းနဲ့ အော်ဟစ်သုံ ကြုံးဝါးသံ တောက်ခေါက်သံ ဆူသံ ဆဲသံ ငိုငြီးသံတို့နဲ့ ကဘာပျက်သ
ကဲ့သို့ ယောက်ယက်ခက်လို့နေကြပါသည်။
ပြည်သိမ်းတိုက်ပွဲဖြစ်လို့ တစ်ဖက်နှင့်တစ်ဖက် ညှာတာမှုကင်းမဲ့စွာပင် အရက်စက်
ဆုံး ထိုးစစ်တို့နှင့် ရင်ဆိုင်တိုက်ခိုက်လို့နေကြသည်။
အလျှော့ပေးလို့မရ ကြေအေးလို့မရ ဒါဟာ နောက်ဆုံးတိုက်ပွဲ ဒီတိုက်ပွဲက အဖြေတစ်ခု ပေးမည်ဖြစ်သည်။ ဒါကြောင့်လည်း တစ်ဖက်နှင့်တစ်ဖက် အပြင်းအထန် ထိုးစစ်ဆင်နေကြခြင်းဖြစ်သည်။ ရှုံးသွားသူကလည်း မဲ့ကာရွဲကာ
နိုင်သူကလည်း မထီပြုံးပြုံးလို့ ဂုဏ်ယူဝင်ကြွားလို့နေသေးတော့သည်။
မှန်ပါလေသည်။ ဒီစစ်ပွဲ အစပြုလာသည်မှာ ဆယ်ရက်ကျော်မျှရှိလေပြီ
စစ်ပွဲအစ တာအထွက်မှာ အင်ပြည့်အားပြည့် တိုက်ခိုက်ကြသလို စစ်ပွဲအလယ်
မှာတော့ စစ်ပွဲအရှိန်လျှော့ကျလို့သွားသည် အချို့ အားမွေးကြသည် အချို့ ဓါးသွေးကြသည်။ အချို့ စစ်အင်အားဖြည့်တင်းကြသည်။ အချို့ကလည်း စစ်ရေး
ဗျူဟာအသစ်များခင်းကျင်းနိုင်ရန် ပြင်ဆင်ကြသည်။ အခုစစ်ပွဲရဲ့ နောက်ဆုံး အချိန်သို့တိုင် ရောက်လို့လာခဲ့လေပြီ နောက်နှစ်ရက်ခန့်အကြာတွင် စစ်ပွဲသည်
အဆုံးသက်ပေတော့မည်။ စစ်ရှုံးသူများ စစ်နိုင်သူများ အကျိုးအမြတ်တို့ ခွဲခြမ်း
စိတ်ဖြာကြလေတော့မည်။ နောက်စစ်ပွဲတွေအတွက် သုံ့ပန်းများကိုလည်း ခွဲဝေ
ယူငင်ကြတော့မည်။ ထိုအကျိုးအမြတ်အတွက် နေ့မနား ညမအား တိုက်စစ်ဆင်နေကြခြင်းဖြစ်သည်။
တိုက်ပွဲရဲ့အရှိန်သည် ဒီညအမြင့်ဆုံးသို့ ရောက်လာနေလေပြီ
အချို့လည်း မျှော်လင့်ချက် များစွာနဲ့ အရှိန်အဟုန်မြှင့်ကာ တိုက်ခိုက်နေကြသည်။
စစ်အင်အား တောင့်တင်းသူများကတော့ မုတ်ဆိတ်ကျင်စွယ် တသသဖြင့် တစ်ပွဲပြီးတစ်ပွဲ အနိုင်ပိုင်းလျှက် ရှိသည်။ စစ်အင်အားနည်းပါးသူများကလည်း
အညံ့တော့မခံကြပါ ရှိသမျှအင်အားဖြင့် အကောင်းဆုံး တိုက်ခိုက်လျှက်ရှိပြန်သည်။
အားလုံးရဲ့ ဘုံရည်မှန်းချက် အကျိုးအမြတ်သည်ကား နယ်မြေသစ်များစွာ ရရှိရေးပင်ဖြစ်ပါလေတော့သည်။
သင်လည်း စစ်ပွဲအတွင်း ပါဝင်ခွင့်ရှိပါသည်။ အကျိုးအမြတ်ရယူလိုခြင်းအတွက်
ဖြစ်စေ လက်ရည်သွေးလိုခြင်းကြောင့်ဖြစ်စေ ကလစ်တစ်ချက်ခေါက်လို့
စစ်မြေပြင်ထဲ အရောက်လာခဲ့ဖို့ ဖိတ်ခေါ်ပါသည်။ သင်ကံကောင်းလျှင် တစ်ကြိမ်တစ်ခါမှ ဆက်သွယ်ပါတ်သက်ဖူးခြင်းမရှိသေးသော ဝေလငါးကြီးများနှင့် ထိပ်တိုက်ရင်ဆိုင်လို့ ၀မ်းဘိုင်ဝမ်း ချဲလင့် ခေါ်နိုင်ပါလိမ့်မည်။
စတီးမစ်ပေါ်တွင် သင့်အား အရေးတယူမရှိခဲ့ဖူးသော်လည်း ထိပ်တိုက်တွေ့ဆုံ
မှုတွင်တော့ သင့်အား တလေးတစား အရေးတယူလုပ်ပြီး ရင်ဆိုင်တိုက်ခိုက်ပါလိမ့်မည်။ သင်ကလည်း အားမနာတမ်း ပြန်လည်း အနိုင်တိုက်ခွင့်ရပါလိမ့်မည်။
ထူးခြားဆန်းပြားသော စိတ်ခံစားမှုများကို တွေ့မြင်ရပါလိမ့်မည်။
Author : @bobokyaw

Sort:  

Congratulations @bobokyaw! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :

You published more than 700 posts. Your next target is to reach 750 posts.
You published a post every day of the week

Click here to view your Board of Honor
If you no longer want to receive notifications, reply to this comment with the word STOP

To support your work, I also upvoted your post!

Support SteemitBoard's project! Vote for its witness and get one more award!

Coin Marketplace

STEEM 0.28
TRX 0.13
JST 0.033
BTC 62875.13
ETH 3030.71
USDT 1.00
SBD 3.67