မကြင်နာရင်လည်းနေပါစေတော့

in #busy8 years ago

@bobokyaw.jpg
အော် စတီးမစ် စတီးမစ်
အတော်ကို မလွယ်တဲ့ စတီးမစ်ပါလား
ဒင်းလုပ်တာနဲ့ ကျန်တာတွေတောင်
ဘာမှ စိတ်ဝင်စားတော့လောက်အောင်
သူဆိုမှသူ စွဲမြဲခဲ့မိတာပေါ့
သူကတော့ ကိုယ့်အပေါ်
ပြုံးလိုက်ရယ်လိုက်
ငိုလိုက် ယိုလိုက်နဲ့
ဆော့ကစားချင်သလို ဆော့ကစားနေတော့တာဘဲ
ညညဆို တော်တော်နဲ့ အိပ်မရ
အရင်ကတော့ ဟုတ်မလိုလို
အစကတော့ ကြည်ဖြူသလိုလို
ဟိုလိုလို ဒိလိုလိုနဲ့
အခုတော့လည်းလေ
မကြင်နာ စိမ်းကားလို့နေလေတော့ပြီပေါ့
အေးပေါ့လေ ကိုယ်ကလည်း
သူ့ရဲ့အကြင်နာမျက်ဝန်းတွေကို
တရှိုက်မက်မက်နဲ့ စွဲလမ်းနေတာဘဲ
သူခေါ်ဆောင်ရာနောက်
လိုက်ပါလို့ နေရဦးမှာပေါ့
မနက်ဖန်တွေတော့
အကြင်နာတွေ ပြန်ရတန်ကောင်းပါရဲ့
စိတ်ထဲရှိတဲ့အတိုင်းပြောရရင်တော့
သိပ်လဲ ဈေးကိုင်မနေပါနဲ့ကွာ
အခုမှ အသစ်ရောက်လာတဲ့
ဒယ်ဘလူလေးကို ကိုယ်တော့ မျက်စိကျနေမိပြီ
နင်မကြင်နာရင်တော့ ဒယ်ဘလူမလေးကိုဘဲ အမိဖမ်းတော့မယ်
ကြာလာတော့လည်းလေ စိတ်လေဘာတယ် မိစတင်းရယ်
Author : @bobokyaw

Sort:  

Boost လုပ်တာ သိပ်မတွေ့တော့ဘူး ဘရို။

အင်အားနည်းသွားလို့ပါ အစ်ကိုရေ

Coin Marketplace

STEEM 0.04
TRX 0.33
JST 0.101
BTC 65880.77
ETH 1934.19
USDT 1.00
SBD 0.38