လိုက်မောကြီးတော့ဖြစ်လေပြီ

in #busy6 years ago (edited)

@bobokyaw.jpg

စတင်းဈေး အခြေအနေကတော့ ကြည့်မကောင်းတော့ပါဘူး ဘယ်လိုတွေကြောင့်များ ဒီလောက်အခြေ
အနေဆိုးနေတာလဲ မျှော်လင့်ချက်လေး တစ်ခုနဲ့ဘဲ အားတင်နေရတာ ကြာတော့လဲ သိပ်ပြီးဟန်မဆောင်
နိုင်တော့ပါဘူး အားတော့ ပျက်ချင်လာမိပြီ ဘာမှမရတာထက်စာရင်တော့ နည်းနည်းလေးရနေတာက
တော်သေးတယ်လို့ ဆိုရလေမည်လား
ဈေးလေးတက်လာနိုင်တယ်ဆိုတဲ့ အတွေးလေးနဲ့ဘဲ အားပေးရင်း ရှေ့ဆက်လို့နေရပါလေသည်။
အခြားသော ပေါ်ပင်တွေကလည်း အလျှိုအလျှို ပေါ်လို့လာကြလေပြီ။ များများရတာ လုပ်ရမည်ပေါ့
မြန်မြန်ရတာ လုပ်ရမည်ပေါ့။ စိတ်အားထက်သန်ရာကို လုပ်ကြရမည်ပေါ့။
အရင်းအနှီးကောင်းတွေ သုံးစွဲမည့်သူများအတွက်တော့ အခြေအနေက ကောင်းသည်ထက် ကောင်းလို့
လာနေသည်။ ဒီလိုအခွင့်အရေး နှစ်ခါပြန်မရနိုင်တော့ဘူး ထင်ပါသည်။ ဒိထက်များစွာလည်း ဆက်လို့
ကျလေဦးမည်ဟု ခန့်မှန်းသူများလည်း ရှိလေသည်။ ဘာကို ယုံကြည်ရမှန်းမသိတော့ပါဘူး
ဒီထက်များစွာ ကျဦးမည် အဆိုက မှန်ကန်လေမည်ဆိုလျှင် သေချာပါသည်။ အောင်ဖျာလိပ်ပြီး ပြန်တာကပင် ကောင်းလေဦးတော့မည်။
သို့သော် အခြေအနေက မပြစ်နိုင် မချစ်နိုင် ဖြစ်လို့နေရပြီ ကိုးလို့ကန့်လန့်နဲ့ ပြုံးရခက် ရယ်ရခက်ကြီးရယ်ပါ
ဖရီးရတာချင်းအတူတူ စတီးစမ်က ရတာလောက်တော့ လွယ်ကူတာ မတွေ့မိပါဘူး။ ကိုယ်မရဖူးတာလည်းဖြစ်ပါမည်။ ဘယ်လောက်နည်းနည်း ရနေတာကတော့ ကျေနပ်စရာပါ
ဘာရင်းရတာမှတ်လို့ စာလေးရေးရတာဘဲလေ။ မဟုတ်လည်း ရေးနေမည်သာဖြစ်လို့
ရနေတော့ ရေးရတာ တန်ပါသည်။
တစ်ခါတလေတော့ တွေးမိတယ် များများရမှရေးတော့မည်။ အဲ့ဒီများများက နှစ်ချီအောင်ကြာသွားရင်ကော
တစ်ရက်လောက် မရေးမိရင်တောင် နောက်တစ်ရက် ဆက်ပြီးမရေးတော့ပါဘူး ဆိုပြီး ဖြစ်လာတက်သေးသည်။
ဒိလောက်နည်းပါးတဲ့ အခွင့်အရေး မယူတော့ပါဘူးကွာဟုလည်း တွေးမိပြန်သည်။ မှန်တော့မှန်ပါသည်။
ဆေးလိပ်ဖိုး ကွမ်းဖိုးလောက်တောင် မရမှတော့ ဘေကုန်ခံ မရေးတော့ဘူးကွာ။ ခေါင်းတောင် မီးခိုးထွက်
တယ် စာရေးရတာ။ အဲ့သလိုလည်း တွေးပါသည်။
သို့သော် မရေးလို့တော့ မဖြစ်ပါဘူး။ ရေးရပါဦးမည်။ ဈေးဆိုတာက ရက်ချိန်းယူထားသည်မဟုတ် စာချုပ်ချုပ်ဆိုထားသည်မဟုတ် သဘောတူညီမှုယူထားသည်မဟုတ် ကိုယ့်ဆွေကိုယ့်မျိုးလည်းမဟုတ်
သူ့သဘောသူဆောင်လို့ အခုရွှေ အခုငွေ ဖြစ်ပေလိမ့်မည်။
ဒီလောက် လုပ်နေရတာ မမောဘူးလား ထင်စရာရှိလေသည်။ မမောဘူးရယ်တော့မဟုတ်ပါဘူး။
မောတာမှ အတော်ကိုမောပါသည်။ ဒါပေမယ့် တစ်ခုခုကို ယုံကြည်နေသည့်စိတ်က မောတော့မောတာပေါ့ ဒါပေမယ့် မမောပါဘူး။ ဆက်လို့ လုပ်နေရပါဦးမည်။

Author : @bobokyaw

Sort:  

မျှော်သာမျှော် ပေါ်မလာတဲ့ စတင်း
ဈေးလေးတက်လို့်ပေးပါအုံး 😁
ဖိုက်တင်း ဗိုလ်ဗိုလ်

လည်ပင်းလည်း ရှည်နေပါပြီ အစ်ကိုကြီးရာ

ရည်‌မှန်းချက်‌တစ်‌ခုထားပြီး ‌ရေးကြတာ‌ပေါ့ဗျာ။

ဆက်လို့ ရေးကြပါဦးစို့ဗျာ

ဈေးတက်တက်ကျကျရေးနေရဦးမှာပဲ ဘရိုရေ

ဒါဟာ အမှန်တရားပေါ့ အစ်ကိုရေ
စာရေးမှ ရမယ့်အလုပ်ဖြစ်လို့
ကျွန်တော်တို့ ရေးနေဖို့ဘဲလိုအပ်ပါတယ်

တကယ်ဈေးပြန်တက်နိုင်မလားမသိလို့မေးကြည့်တာပါနော်

တက်မယ်လို့တော့ ပြောကြတာပါဘဲ အစ်မရယ်
အမှန်တကယ် တက်မှာပါ

bro က အဲလို မပြောပါနဲ့ ဗျ ကျနော်တို့က ပိုအားငယ်ရတာပေါ့ လူလည်း ယုံကြည်မှု ပဲ ကျန်တော့တယ် ကျန်တာ အကုန် down တယ် ကျနော် ဆို အရင်က ဘဲဥ တောင် မကွဲပါဘူး အခု မှ အဖွဲ့လေး ကောင်းလို့

ဟုတ်တော့ဟုတ်ပါတယ်ဗျာ
လုပ်ထားရတာတွေကလည်း မနည်းတော့ပါဘူး
စွန့်လွှတ်ထားရတာတွေကလည်း အများကြီးရယ်ပါ
အားလုံးအတူတူဘဲနေမှာပါ
ဆက်လက်ချီတက်ကြတာပေါ့ဗျာ

Coin Marketplace

STEEM 0.29
TRX 0.12
JST 0.033
BTC 62559.43
ETH 3092.10
USDT 1.00
SBD 3.86