ကလန်တစ်ခု တည်ဆောက်ခြင်း

in #busy6 years ago (edited)

@bobokyaw.jpg

ဒီနေ့တော့ ပျင်းပျင်း ရှိတာနဲ့ ဂိမ်းကစားနေလိုက်ပါတယ် ဂိမ်းထဲမှာလည်း စီအိုစီ ဂိမ်း တစ်မျိုးတည်းသာ စွဲစွဲမြဲမြဲဆော့ဖြစ်တယ်
စီအိုစီလည်း အခုတလောမှ ပြန်ကစားဖြစ်တာပါ။ မဆော့ဘဲ ပြစ်ထားတာ အချိန် အတော်ကြာသွားတယ် မဆော့တော့ပါဘူးဆိုပြီး
ရပ်လိုက်တုန်းက ကိုယ်နဲ့အတူကစားတဲ့သူတွေရဲ့ တောင်းဟောလေဘယ်အနိမ့်လေးတွေတောင် ကိုယ့်ကိုကျော်ပြီး တော်တော်
ခရီးရောက်ကုန်ကြပြီ။ ကိုယ်က အခုမှပြန်ဆော့ကြည့်တော့ သူတို့ကို ဆရာပြန်တင်နေရတယ်။ ဆရာမတင်လို့လည်းမရတော့
ကိုယ်က နောက်ကောက်ကျကျန်ခဲ့ပြီလေ။ ဘယ်ကစပြီး ကစားရမှန်းတောင် မသိတော့ဘူး ဟီးရိုး မီးတောက်လေးတွေလည်း
တစ်ခုမှမကျန်တော့ဘူး နောက်ထွက်တဲ့အပ်ဒိတ်တွေက မီးတောက်လေးတွေ ငြိမ်းစေခဲ့ပြီလေ

စီအိုစီမဆော့ဖြစ်ခဲ့တာလည်း အကြောင်းပြချက် ကောင်းကောင်းရှိပါတယ် လွန်ခဲ့တဲ့ ကိုးလလောက်ကထင်တယ် နှစ်ခုထဲက တစ်ခုရွေးမှ
ဖြစ်တော့မယ်ဆိုတော့ စတီးမစ်ကို ရွေးခဲ့တယ်လေ။ ကိုယ်သိပ်ကြိုက်တဲ့ ဂိမ်းလေးကို စိမ်းစိမ်းကားကား ပြစ်ထားခဲ့လိုက်ပါတယ်
နေ့စတီးမစ် ညစတီးမစ်နဲ့ လုံးချာလိုက်နေလိုက်တာများ လူတောင် ခပ်ကြောင်ကြောင် ဖြစ်လာတဲ့အထိဘဲ ဒါလဲ အမှားလုပ်တာမဟုတ်တော့
ဖြေသာပါတယ်လေ။ မကြာခင် တစ်ခုခုတော့ တွေ့ရတော့မှာဘဲ။ ကောင်းမွန်တဲ့ လုပ်ဆောင်ချက်ဖြစ်မှာပါ

ဟိုတလောကတော့ စီအိုစီ အပ်ဒိတ်လေး ထွက်တယ် တောင်းဟော ဆယ့်နှစ်ပါတယ် ဟီးရိုးအသစ်တွေပါတယ် ဆိုလိုက်တာနဲ့ ကိုယ်လည်း
မနေနိုင်တော့ဘူး ပြန်ကစားဖြစ်လိုက်တယ် ပြန်သာ ကစားတယ်ပြောပါတယ် အရင်လို သေချာမကစားနိုင်ပါဘူး စတီးမစ်နဲ့က အချိန်မလောက်
ဘူးလေ။ တစ်ရက် နှစ်ပွဲလောက်ဘဲ ကစားနိုင်တော့တယ် အဲ့ဒါလေးနဲ့ တဖြည်းဖြည်း အပ်ဒိတ်တင်လာခဲ့တာပေါ့
ဝါးလည်း မတိုက်နိုင်တော့ဘူး။ ဒါပေမယ့် ကလန်ဂိမ်းတော့ ဆော့ဖြစ်အောင်ဆော့တယ် သူက တစ်ပါတ်မှာ တစ်ကြိမ်ဘဲဆိုတော့ ဖြေးဖြေး
ဆော့လို့ရတယ်လေ။ လူညီတဲ့ အခါတွေဆို သူပေတဲ့ဟာတွေ အတော်များများရတော့ အပ်ဒိတ်တင်တဲ့အခါ အဆင်ပြေတယ်
လူကလည်း မညီတာက များပါတယ် လူဟောင်းတွေက မဆော့ကြတော့ဘူးလေ။ ရှိတဲ့ လူသစ်လေးတွေနဲ့ဘဲ ရသလောက် ထိန်းဆော့ရတာပေါ့

ပြီးခဲ့တဲ့လကတော့ စီအိုစီမွေးနေ့နဲ့ကြုံတော့ ၀မ်းဘုတ် ၀မ်းဂျမ်းနဲ့ ဘုတ်လေးတွေရတော့ တော်တော်အဆင်ပြေလိုက်တယ်။ ရသမျှ အပ်ဒိတ်တွေ
တင်တာပေါ့ ကလန်ဂိမ်းနဲ့ အီးဗန့်က တစ်လှည့်စီိဆိုတော့ အဲ့ဒါလေးတွေက အခွင့်အရေး တော်တော်ရလိုက်ပါတယ်။ အပ်ဒိတ်တင်တာ မြန်သွား
တာပေါ့ အလုပ်သမား ငါးယောက်လုံး မအားရအောင် ခိုင်းထားနိုင်တယ်လေ။ ဒါတောင် တစ်ရက် နှစ်ပွဲကနေ ငါးပွဲလောက်ဘဲ သေချာ ကစားတာ
တစ်ချို့ကတော့ စီအိုစီ အောက်ဒိတ်ဖြစ်ပြီလို့ပြောတယ် စိတ်ဝင်စားသူနည်းသွားပြီပေါ့ ဒါကလည်း မြန်မာကစားသူတွေ စိတ်ဝင်စားမှုနည်းသွားတာ
အခြား ဂိမ်းတွေဘက် လှည့်သွားကြတာဖြစ်ပါမယ် ကလန်ထဲမှာတော့ အ၀င်အထွက် မပြတ်ပါဘူး။ ထွက်သွားလိုက် ၀င်လာလိုက်နဲ့ စည်ကားနေ
တုန်းပါဘဲ။ ကလန်ကိုတော့ ပိတ်မထားတော့ဘူး ကိုယ်က အမြဲမဆော့တော့ ကလန်သေသွားမှာစိုးလိုလေ။ ကလန်ကို ဖွင့်ထားပြီး ဖလားကို ဇီးရိုး
ချထားပေးလိုက်တယ်။

ဝါးတိုက်တာလည်း စိတ်ကြိုက်လုပ်ခွင့်ပေးထားလိုက်တယ် ပျော်သလိုသာလုပ်ကြတော့ဆိုပြီး တစ်ချိုက ၀ါးမနိုင်မှန်းသိလည်း မပြတ်တမ်းတိုက်
နေတဲ့ ၀ါသနာရှင်တွေ ရှိတယ် သူတို့ကတော့ စတား ရှာတာပေါ့ တစ်ခါတလေ နိုင်တဲ့အခါ ဘောနပ် ယူကြတာပေါ့။
ဟိုတုန်းကလို စည်းကမ်းတွေဘာတွေ မထားတော့ဘူး ထားလည်းမရနိုင်တော့ဘူးလေ။ ကိုယ်က အမြဲမကြည့်နိုင်တော့ဘူးဆိုတော့
ကလန် လူမပြတ်ဘဲ စည်ကားနေရင်တော်ပြီပေါ့။ ကြိုက်တာသာ လုပ်ကြဟေ့ ဆိုပြီး လွတ်လပ်ခွင့် အပြည့်ပေးထားလိုက်တယ်
သူတို့ကတော့ ပျော်တာပေါ့ ကိုယ်တွေသာ စီအိုစီ ခေတ်ကောင်းစဉ်က ကလန်လေဘယ် တစ်ဆယ်ပြည့်အောင် နေ့ညမနားတမ်း ၀ါးကိုသေချာ
တိုက်လာကြရတာ။ အခုပြစ်ထားတာတောင် ကလန်က လေဘယ်တက်နေတော့ ကလန်လေဘယ် ဆယ့်နှစ်တောင် ပြီးတော့မယ်။
နောင်တစ်ချိန် စီအိုစီ ကွိုင်တွေများထွက်လာရင်တော့ သာသာယာယာဘဲပေါ့ ခုထိတော့ ၀ါသနာအရင်းခံနဲ့ ဆော့နေတုန်းဘဲ

Author : @bobokyaw

Sort:  

ကျွန်တော့်မှာတော့ clan မရှိပါဘူး။ သူများ clan တွေပဲ သွား join ရတာပါ။

အဲ့ဒါက ပိုကောင်းတယ် အစ်ကို
ကလန်ရှိတော့ အလုပ်တော့ပိုလာတယ်

ကလန်ထောင်ရတာက မလွယ်ပါဘူး ဘရို။ ကိုယ်ကချည့်ပေးနေရတာ။

ကျနော် တပ်လေးတောင် သတိရလာပီ ဗျာ တော်သေး update မရှိတော့ မဆော့ဖြစ်လို့ 😀

အပြင်မှာ လုပ်မရတာတွေ ဂိမ်းထဲမှာ လုပ်လို့ရတယ်လေ
အားရင် ပြန်ဆော့ (သေဖော်ညှိလို့ရမလားလို့)

ဒီလူ မလွယ်ဘူး ဟ အပြင်မှာ လုပ်မရတာ အထဲမှာ လုပ်ရတယ်တဲ့ ဟားဟားဟား
ကျနော်လည်း သိပ်မထူးပါဘူး အစ တုန်းက ကစားတော့ ဒီအတွေးလည်းပါတာပါပဲဗျ 😀

You got a 7.25% upvote from @postpromoter courtesy of @mmunited!

Want to promote your posts too? Check out the Steem Bot Tracker website for more info. If you would like to support the development of @postpromoter and the bot tracker please vote for @yabapmatt for witness!

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63294.77
ETH 2638.69
USDT 1.00
SBD 2.70