ပြောင်းလဲခြင်းများ

in #busy6 years ago (edited)

time-1662954_960_720.png

သုံးရက်တိတိ စိတ်မပျော်ရသော အခြေအနေကနေ ဒီနေ့ညတော့ အရင်လို ပုံမှန် ပြန်ဖြစ်လာပါတယ်
အခြေအနေကတော့ အကောင်းဆုံးမဟုတ်သလို အဆိုးဆုံးအခြေအနေလည်းမဟုတ်ပါဘူး
အကောင်းဘက်ကို သွားနေတဲ့ အခြေအနေပါဘဲ အဆိုးဆုံးအခြေအနေကို ဖြတ်ကျော်လာခဲ့ပြီလို့
သုံးသပ်ရပါတယ် သူက တကယ်ပေးမလား မပေးဘူးလား အစစ်လား အတုလား ဂျင်းထဲ့မယ့် အခြေအနေလား ဒါတွေကို ဝေဖန်ပိုင်းခြားနေဖို့ အခြေအနေ မရှိပါဘူး
အရှုံးအမြတ်ထိုင်တွက်နေတာနဲ့တင် ကိုယ်က ခရီးမိုင် အတော်များများကို ပြတ်လို့ ကျန်ခဲ့မှာဖြစ်ပါတယ်
အကောင်းဆုံးအခြေအနေဖြစ်သွားပြီဆိုတဲ့အခါမှ ထပြေးလို့တော့ သေချာပါတယ် အမောဆိုတာသာ
အဖက်တင်ပါလိမ့်မယ် ရှေ့က လူတွေကို မြင်နိုင်ဖို့တောင် မလွယ်တော့ပါဘူး
အခြားမကြည့်ပါနဲ့ဦး ဒီစတီးမစ်ကိုဘဲ ဥပမာထားကြည့်ပါဦး
hands-1248727_960_720.jpg

အတူလုပ်နေတာချင်းအတူတူတောင် ခရီးသွားနှုန်းက မတူပါဘူး ခရီးတွင်နှုန်းလည်းမတူပါဘူး
လုပ်ဆောင်ပုံတွေလည်းမတူပါဘူး အမှီလိုက်နိုင်ဖို့ မမှီအောင်ပြေးဖို့ဆိုတာတွေက စကားလုံးအဖြစ်
ထက်မပိုပါဘူး တကယ့်လက်တွေ့ အကောင်အထည်ဖေါ်ဆောင်ဖို့တော့ အတော်ကိုခက်ခဲပါတယ်
ကြိုးစားသူချင်း အတူတူတောင် ရက်ပိုင်း လပိုင်း နှစ်ပိုင်း ကွာခြားပြီး ၀င်ရောက်လာတဲ့အခါ
အခြေအနေတွေက အပိုင်းအကန့်တွေ ဖြစ်လာပါတယ် ဒါက ငြင်းဆိုရခက်ခဲသော ပကတိအခြေအနေပါ လက်တွေ့ပါ
အရင်လုပ်သူက အရင်ဆုံး ဆိုးခြင်းကောင်းခြင်းကို ခံစားရတာပါဘဲ လက်ရှိအခြေအနေကတော့
အရင်လုပ်နှင့်သူက ခေတ်ကောင်း စနစ်ကောင်းတွေကို မှီလိုက်နိုင်တာပါဘဲ ယခုခက်ခဲသော
အခြေအနေတွေက ဟိုယခင် လွယ်ကူသော အခြေအနေတွေ ဖြစ်ခဲ့မှာပါ
clock-2785939_960_720.jpg

ဒီလိုပါဘဲ ယခု လွယ်ကူနေတာတွေကလည်း နောင်တစ်ချိန် ခက်ခဲစွာ လုပ်ဆောင်ရတာတွေ
ဖြစ်လာနိုင်ပါတယ် ယခုအချိန်မှာ ရနေသော အခွင့်အရေးတွေက နောင်တစ်ချိန်မှာ ပြန်ပြောင်း
သတိရစရာတွေ ဖြစ်လာပါလိမ့်မယ် ပြန်ပြီး လွမ်းတမ်းတစရာတွေ ဖြစ်လာနိုင်ပါတယ်
အကောင်းဆုံးကတော့ အခု ယူနိုင်တုန်း ယူထားလိုက်ပါ နောင်မှဆိုတာ မသေချာပါဘူး
နောက်တစ်ခါအခွင့်အရေး မလာပါဘူး အခြေအနေတွေက လျှင်မြန်စွာ ပြောင်းလဲနေတာပါ
စာမျက်နှာတွေက အသစ်အသစ် ဖြစ်နေတာပါ စာမျက်နှာအဟောင်းတွေက ဆိုတာဖြစ်ဖြစ်
ကောင်းတာဘဲဖြစ်ဖြစ် ကျေနပ်တာဘဲဖြစ်ဖြစ် မကျေနပ်တာဘဲဖြစ်ဖြစ် ကျန်ခဲမှာပါ ကျန်လဲ ကျန်
ခဲ့ပါပြီ နောက်လှည့်ကြည့်တာနဲ့တင် အချိန်တွေက ကုန်သွားပါလိမ့်မယ် ရှေ့ကိုသာ အာရုံစိုက်ပါ
အခုအခြေအနေကတော့ ပျိုးကျဲစဉ်ကာလပေါ့ ဒီပျိုးပင်လေးတွေ ပေါက်မှာလား သေမှာလား
အပင်ဖြစ်မှာလား မဖြစ်ဘူးလား သုံးသပ်နေရမယ့် အခြေအနေမဟုတ်တော့ပါဘူး
ပျိုးကျဲစရာရှိတာ ကျဲထားလိုက်ပါ အချိန်တန်လို့ သူ့အလုပ်သူလုပ်ပြီး အပင်ပေါက်လာတဲ့အခါ
ပေါက်တဲ့အပင်ကို ထိန်းသိမ်းဖို့ လုပ်ပေါ့ အပင်မပေါက်ခဲ့ရင်လည်း မပေါက်တဲ့မြေနေရာမှာ အခြား
အစားထိုးသီးနှံတစ်ခုခု စိုက်ပျိုးလိုက်တာပေါ့
လုပ်ထားနှင့်ဖို့ကတော့ လိုရင်းပါဘဲ
မင်းတို့ဟာက သေချာပါ့မလားတော့ မမေးနဲ့ပေါ့ အဲ့သလို ရာနှုန်းပြည့်သေချာရင်တော့ ရှိသမျှ ပုံအော
ပြီး ရင်းနှီးပလိုက်မှာပေါ့ဗျာ လက်ညောင်းခံပြီး စားရေးနေပါတော့မလား
မဟာ အပြောင်းအလဲကြီး တစ်ခု မကြာခင် ကြုံရတော့မယ်လို့ စိတ်မှာ ခံစားမိနေတယ်
ဆိုးခြင်းလား ကောင်းခြင်းလား အဖြူအမဲတော့ မကွဲပြားဘူး သေချာတာတော့ ဒီအတိုင်း အမြဲ သွားနေမှာ မဟုတ်ဘူးဆိုတာပါဘဲ
Photo Credit : Original source
Author : @bobokyaw
@bobokyaw.jpg

Sort:  

ကောင်းတာဘဲဖြစ်ဖြစ် ကျေနပ်တာဘဲဖြစ်ဖြစ် မကျေနပ်တာဘဲဖြစ်ဖြစ် ကျန်ခဲမှာပါ

Beautiful message in the painting!

Thanks you.

Steem ကို တော့ စု နေ တုးန် ပဲ ဘ ရို။ စ တီး မစ် ရဲ့ ခေတ် ဉီး လို သ ဘော ထား ပြီး တော့ ပေါ့။ ​ဈေး ပြန် တက် မ တက် က တော့ မသိဘူး။ ဒိထက် ပိုပြီး လူသုံးများ လာရင်တော့ ဈေးတက် လာမှာပါ။

အတူတူပါဘဲ ဘရားသားရေ နောက်တစ်ကြိမ်လှိုင်းအရိုက်မှာ ပါသွားဖို့ဘဲလိုတယ်

Coin Marketplace

STEEM 0.18
TRX 0.13
JST 0.028
BTC 58080.30
ETH 3102.16
USDT 1.00
SBD 2.40