နေရာဟောင်းသို့အပြန်

in #busy8 years ago

နေရာဟောင်းကို ပြန်သွားရတာ လွယ်တော့မလွယ်ဘူး ရောက်ပြီးသားနေရာဖြစ်ပေမယ့်
တကယ်ပြန်သွားကြည့်တော့ အသစ်အတိုင်းပါဘဲ လွယ်လွယ်နဲ့ပြန်မရောက်နိုင်တော့ဘူး
ချန်ပီယံကို ရောက်ခဲ့တယ် လွန်ခဲ့တဲ့ သုံးရက်ကပေါ့ လိုအပ်ချက်တွေကြောင့် အားနည်းချက်တွေ
ကြောင့် အောက်အရပ်ကို ဆင်းသွားခဲ့ရတယ် ဒိုင်းမွန်းသရီး လောက်ထိကို ရောက်သွားတယ်
ပြန်တက်လို့ရပြီဆိုတော့ ပြန်တက်တာပေါ့ မလွယ်ဘူး အောက်မှာလည်း ကိုယ့် အဆင့်မဟုတ်ဘဲ
ခွေခေါက်နေတဲ့ ဆရာကြီးတွေရှိတယ် အပေါ်တက်ရင် ခက်ခဲမှာဖြစ်လို့ အောက်မှာဘဲ နေ့စဉ်
ပွဲလေးတွေ အလွယ်တိုက်နေသူတွေပေါ့ သူတို့နဲ့ သူတင်ကိုယ်တင် တိုက်နေရတော့ အပေါ်တက်ဖို့
အတော် နှောင့်နှေးခဲ့ရပါတယ်
ဒီစာကို ရေးနေချိန်မှာတော့ ချန်ပီယံ သရီးကို ပြန်ရောက်နေပါပြီ မနက်ကတည်းက တစ်နေကုန်
တိုက်နေရတာပါ ခုညပိုင်းမှ ပြန်ရောက်တော့တယ်
ရည်ရွယ်ချက်ကတော့ ချန်ပီယံမှာ တည်ကစားချင်တာပါ ဒါမှ နေ့စဉ် ကဒ် နှစ်ဆယ် ရနိုင်မယ်လေ
နောက် မျှော်မှန်းချက်ကတော့ ချန်ပီယံ တူးကို လှမ်းချင်တာပါ ရောက်နိုင်တယ်လို့ စိတ်က ထင်နေ
တယ် ဒါကြောင့် ကြိုးစားကြည့်နေမိပါတယ် လိုအပ်တဲ့ ဖလား အရေအတွက်ကတော့ ငါးရာတိတိပါ
ရအောင်လုပ်ကြည့်ပါဦးမည်။
Author : @bobokyaw
@bobokyaw.jpg

Sort:  

ချန်ပီယံမှာ တည်ကစားချင်တာဆိုအကောင်တွေဝယ်ဟ

Coin Marketplace

STEEM 0.04
TRX 0.32
JST 0.098
BTC 62793.02
ETH 1826.68
USDT 1.00
SBD 0.38