နေရာတစ်ခုပေးလိုက်ရသည်

in #busy6 years ago (edited)

စတီးမစ်လုပ်လာတာ အချိန်ကာလအားဖြင့် တစ်နှစ်ခွဲခန့်ရှိလေတော့မည်
ဖြစ်ပါသည်။ ဖြတ်သန်းခဲ့ရာ လမ်းတစ်လျှောက် အမှတ်တရများစွာတို့သည်လည်း
မိုင်တိုင်များအလား ဟိုမှာဒီမှာ စိုက်ထူ ကျန်ရစ်ခဲ့ပါလေသည်။
ခံစားမှုရသတို့ကတော့ အစုံအလင်ဖြစ်ခဲ့လေသည်။
ခံစားမှုရသတို့ စုံလင်ခဲ့သလိုပင် စိတ်တို့သည်လည်း နိမ့်တစ်ခါမြင့်တစ်လှည့်ဖြင့်
ထက်အောက် ၀ဲယာလှည့်လည်ခဲ့မည်မှာ မလွဲပါတည်း
ပျော်ရွှင်ခဲ့တာတွေလည်း ရှိမည် ၀မ်းနည်းခဲ့တာတွေလည်းပါမည်။ စိုးရိမ်သောက
ဗျာပါဒတွေကတော့ အချိန်အတော်များများ နေရာယူလို့ ထားမည်ဖြစ်သည်။
စိတ်ဓါတ်တွေ တက်ကြွလန်းဆန်းခဲ့သော အချိန်တစ်ချို့လည်း ရှိခဲ့မည်။
စိတ်အတက်အကျ ဒီဂရီတို့သည် မကြာခဏ ရွှေ့ပြောင်းလို့နေမည်သာဖြစ်သည်။
စတင်းဈေးပြောင်းလဲခြင်းတို့နည်းတူ လိုက်ပါရွှေ့လျှား ခံစားခဲ့မိလေမည် ခံစား
ခဲ့မိသည်။ ခံစားနေဆဲဖြစ်သည်။
မည်သို့ပင် စိတ်အခြေအနေတွေ ပြောင်းလဲသွားပါစေ ဈေးအခြေအနေတွေ
တန်ဖိုးတွေ ပြောင်းလဲသွားပါစေ မပြောင်းလဲသော အရာတို့ကလည်း ရှိလို့
နေခဲ့လေသည်။
ထိုအရာတို့သည်ကား အစဉ်မပြတ် တရစပ် စာတွေရေးခြင်း(ရောက်တက်ရာရာ
စိတ်ကူးတည့်ရာ စာများသာ ဖြစ်ခဲ့လေသည်။)သည် ရှေ့ဆုံးမှ နေရာယူခဲ့သည်
ဟုတ်သည်ဘဲလေ စာတွေရေးလို့ စတင်းတွေ ရှာဖွေခဲ့ရသည်။
နောက်ထပ်မပြောင်းလဲသော အရာတစ်ခု ကျန်သေးသည် ထိုအရာသည်ကား
ယုံကြည်မှုဆိုသော ခံစားသိမြင်ခြင်း စွမ်းအင်ဖြစ်လေသည်။
ထိုနှစ်ချက် သည်သာ မပြောင်းမလဲ တရစပ် နေ့စဉ်ရက်ဆက် မောင်းနှင်ခဲ့လေ
သောကြောင့် ယနေ့တိုင်အောင် စတီးမစ်လမ်းပေါ် လျှောက်နေနိုင်ခဲ့ခြင်းဖြစ်သည်။
အချိန်တို့သည် တရွေ့ရွေ့ ကုန်ဆုံးလျှက် ရှိလေသည်။
အချိန်များစွာတို့သည် စတီးမစ်နဲ့အတူ ရှိလို့နေခဲ့သည်
တကယ်လို့သာ စတီးမစ်ဆိုတဲ့ ဝေါဟာရတစ်ရပ်နဲ့ မရင်းနှီး မပါတ်သက်ခဲ့လျှင်
ယခုအချိန် ဘာတွေလုပ်နေမိမည်ဆိုသည်ကား တွေးမရအောင် ရှိချေသည်။
တစ်ခုခုတော့ လုပ်နေခဲ့မည်။
စတီးမစ် မလုပ်ခဲ့မိလျှင်ကောင်းလိမ့်မည်ဟူသော အတွေးတို့သည်လည်း
တစ်ခါတရံ တွေးမိတက်ပါသေးသည်။ဈေးကျတဲ့အချိန်တွေဆိုလျှင် ထိုစိတ်ပေါ်လာတက်သည်။ ထိုအတွေးပေါ်လာတိုင်း မပျော်မရွှင်ဖြစ်ရတက်သေးသည်။ စိတ်သဘောတို့သည် ထူးဆန်းလွန်းပေသည်။
စတီးမစ်အတွက် နေရာတစ်ခုပေးလိုက်ရသည်ဆိုတာတော့ သေချာပါသည်။
ထိုနေရာအတွက် အခြားအရာတွေကို ဖယ်ရှားပြစ်ခဲ့ရသည်
ထိုလုပ်ရပ်သည်။ အမှန်လား အမှားလား။အကျိုးများစေသလား အကျိုးနည်းစေသလား ။အဖြေတို့သည်ကား မပြတ်မသားပင် ရှိလို့နေသေးသည်။

Author : @bobokyaw
@bobokyaw.jpg

Sort:  

နေရာတစ်ခုပေးလိုက်ရသည်ဆိုတာတော့ သေချာပါသည်

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63878.47
ETH 2625.83
USDT 1.00
SBD 2.79