ငွေရှိတော့ထင်တိုင်းကြဲ

in #busy6 years ago

@bobokyaw.jpg

ဘိုခီးယား ဆိုတာကလည်း လူထဲကလူဘဲလေ သူလည်း ချမ်းသာလာတော့ အနည်းနဲ့အများတော့
စည်းလွတ် ၀ါးလွတ် ပလပ်ကျွတ်တဲ့ အချိန်တွေ ရှိကောင်းရှိမှာပေါ့ ရှိတယ်လို့တော့ မပြောကြပါဘူး
ကိုယ်ကတွေးကြည့်တာပါ။ တခြားမကြည့်နဲ့ ကျုပ်တို့ ရပ်ကွက်ထဲက ပခုံးဖက်ပေါင်းလာတဲ့ ငယ်ပေါင်း
လို့ ဆိုနိုင်တဲ့ သူငယ်ချင်း အရင်းခေါက်ခေါက် သိပ်မကြာသော ကာလ တစ်ခုဆီက သူ့လက်ထဲကို
အာဏာပါဝါ ပိုးစုန်းကြူး အပုံတစ်သန်းပုံ တစ်ပုံလောက်ရှိမယ့် အရာလေး ရောက်သွားတဲ့အချိန်ကစပြီး
အချိုးတွေက ပြောင်းပါတော့တယ်။ ပထမဆုံး သတိထားမိတာ ဒီကောင့်လေသံက မာဆပ်ဆပ်ဖြစ်လာတယ် မျက်နှာကြောတွေလည်း တဖြည်းဖြည်းတင်းလာတယ် စကားသံလည်း
တဖြည်းဖြည်း ကျယ်လာတယ်။ လမ်းသွားရင်လည်း ဆောင့်ကြွားကြွားလုပ်လာတယ် တစ်ခုခုဆို
ဆိုင်တာရှိ မဆိုင်တာရှိ သကောင့်သားက ၀င်ပြီး အာသီးရောင်လာပါတော့တယ် ဒါက အပေါ်ယံသဘော သတိထားမိတာလေးတွေပေါ့ ဒီထက် ဆိုးတာတွေ ရှိသေးတယ် မပြောတော့ပါဘူးလေ စကားကြုံတုံး ထည့်လှော်တဲ့သဘောလောက်ပါ
ပြောချင်တာက အဲ့ဒီအကောင် ဆယ်အိမ်ခေါင်းဖြစ်သွားတယ် ဆိုတာပါ။ ဘာမှမဟုတ်ဘူးနော်
ဆယ်အိမ်ေခါင်း ရပ်သိရွာသိ ဆယ်အိမ်ခေါင်းလေးဖြစ်တာတောင် ဒီလောက် ဖြစ်သွားတယ်
ဘိုခီးယားဆိုတာက သူ့ခေတ်ကာလ သူ့ခေတ်သူ့အခါမှာ ကဘာ့အချမ်းသာဆုံး လူသား ဒါတင်လား
မဟုတ်သေးဘူး ဆူတန်ဘုရင် ဆိုတဲ့ ဧရာမဂုဏ်ပုဒ်ကြီးလည်း ရှိသေးတယ်
ဒီတော့ အနည်းအကျဉ်းမဟုတ် ခပ်စွာစွာလေးကို ကဲမယ့်သဘောရှိပါတယ် ကဲမကဲ သူ့သမိုင်းကြောင်းလေး ဆက်ကြည့်ကြဦးစို့......
ဘိုခီးရားက ငွေကို ရေလိုသုံးတာပါဘဲ ဘယ်လိုတွေသုံးသလဲ ငွေရှိသူတို့ ထုံးတမ်းအတိုင်း အရာရာကို ငွေနဲ့ ဖြေရှင်းပါတယ် ငွေနဲ့အကာကွယ် ယူပါတယ် ငွေနဲ့ လဲလှယ်ပါတယ် အခက်ခဲတွေ
လိုအပ်ချက်တွေကိုပြောတာပါ။ ဘာဖြစ်ချင်သလဲ ဘာလုပ်ချင်သလဲ ဘာလိုချင်သလဲ ဘာဖြစ်စေချင်တာလဲ အဲ့သလို လေးတွေကို ငွေနဲ့ ဖန်တီးယူတက်ပါတယ်။ အနီးဆုံး အဖြစ်အပျက်လေးတစ်ခု ဆွဲထုတ်ပြရရင်တော့ ကဘာပေါ်က အလှဆုံးသောအလှပဂေးများကို
မရရအောင် ခေါ်ဆောင်တက်သူလို့ ဆိုပါတယ် ဘယ်လိုခေါ်သလဲ ဒါကအလွယ်လေးပါ အေဂျင်စီလို့
ခေါ်တဲ့ ကြားပွဲစားတွေကနေတစ်ဆင့် အလွယ်တကူချိတ်ဆက်ပြီးတော့ ငွေပုံပေးကာ ဖန်တီးပါတော့တယ် ဒီသတင်းကလည်း အနံ့အလွန်ပြင်းထန်တဲ့ သဘောရှိပါတယ် ဟိုမှဒီမှ အသံ
မျိုးစုံထွက်လာပါတော့တယ် သို့သော် ငွေရှင်ကြေးရှင် သူ့အထက်သူ့ထက်ချမ်းသာတာမရှိဘူးလေ
ဒီလောက်တော့ သူ့အတွက် ပြသနာမဟုတ်ပါဘူး အာသီးရောင်နေတဲ့ ပါးစပ်တွေမှန်သမျှ ကို သူ့ရဲ့
လက်စွဲတော် ငွေသနက်နဲ့ အသေအကြေပစ်ခက်ပြီး ပိတ်ပါသတဲ့ ကောင်းလိုက်တဲ့ နည်းစနစ် ဒီစနစ်က ဘယ်တော့မှ ခေတ်မတုံးသွားဘူး ခေတ်အဆက်ဆက် အမြဲသစ်လွင်နေတဲ့ နည်းဗျူဟာ
ပါဘဲ။
သူ့ရဲ့ အသုံးစရိတ်က တစ်လတည်းတင် ဒေါ်လာ တစ်သန်းလောက် ကုန်ကျနေတယ်ဆိုတော့ကာ
နည်းနည်းနောနော အသုံးစားရိတ်မဟုတ်တန်ရာဘူးနော်။ သူ့တစ်ရက်ဝင်ငွေကလည်း ဒေါ်လာလေး
သန်းကြီးများတောင်ဆိုတော့ သူ့ခဗျာ အတော်ကို ချွေတာသုံးစွဲထားတယ်ဆိုတာကို ထင်သာမြင်သာ
ရှိစေပြန်ပါတယ်။ တစ်လလုံးနေမှ တစ်သန်းသုံးတာ သူမလွန်လွန်းပါဘူးလေ
ဒါလေးကတော့ ဘိုခီးယားရဲ့ လက်သုံးချောင်းလောက် သတင်းတစ်ပိုဒ်ကို အကျယ်ချဲ့ပြီး ခံစားကြည့်
တာပါ။

Author : @bobokyaw

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 62948.49
ETH 2583.15
USDT 1.00
SBD 2.74