မျှော်လင့်ချက်မနက်ဖန်လေး မိုးသောက်မယ့် အချိန်

in #busy6 years ago

@bobokyaw.jpg

ဟိုဘက်ရပ်ကွက်ကတော့ တစ်နေ့တစ်ခြား တိုးတက် စည်ကားလို့နေပါတယ်
အသစ်ဝင်လာသူတွေ များပြားလို့နေပါတယ် စည်းကမ်းချက်တွေလည်း တစ်ရက်တစ်မျိုး တိုးလို့လာနေပါတယ် ဒါတွေက ကောင်းမွန်တဲ့အချက်တွေပါဘဲ
မကောင်းတာကတော့ ယခု ဈေးမပေါက်သေးတာပါ။ နောင်ကိုလည်း ဈေးပေါက်ချင်မှ ပေါက်လိမ့်မယ် ဈေးပေါက်ဖို့ မသေချာဘူး
ဒါတွေကို သိနေလည်း လုပ်ကိုင်သူတွေ ကတော့ ယုံကြည်နေကြပါတယ်
စတီးမစ်ကို မမှီနိုင်ပေမယ့် သူ့အတွက် နေရာတစ်ခုတော့ ရလိမ့်မယ်လို့ပေါ့
နောက်ထပ်ကောင်းတဲ့အချက်က စတီးမစ်မှာလို အရနည်းတာ မရှိပါဘူး
သူပေးတဲ့ ပါဝါ တစ်ရာလက်ဆောင်နဲ့ ဘုတ်ရင်တောင် ပြားခြောက်ဆယ်ကျော်ကျော် ထွက်နေတော့ လုပ်တဲ့သူတွေ သဘောကျကြတယ်လေ ဘဲဥပြုတ်တော့ အဲ့ဒီဘက်မှာ ရောင်းမကောင်းပါဘူး
နောက်ထပ် တွေ့ရတဲ့ ကောင်းမွန်တဲ့အချက်တစ်ခုလည်း ရှိပါသေးတယ်
ဒါကတော့ တကယ်ကို မဖြစ်နိုင်တဲ့ အခြေအနေတစ်ခုပါ။ အခုတော့ တကယ်ဖြစ်နေပါတယ် စတင်းနဲ့ သူ့ရဲ့ ပါဝါကို လိုက်ပြီး လဲနေတာပါ။
အဲ့ဒီရပ်ကွက်မှာလည်း ပါဝါက အရေးကြီးပါတယ် ပါဝါများလေ အကျိုးအမြတ်များလေပါဘဲ တွက်ကြည့်ပေါ့ ပါဝါ တစ်ရာရဲ့ ဘုတ်တစ်ချက်က
ပြားခြောက်ဆယ်လောက်ထွက်နေတော့ ပါဝါတစ်ရာနဲ့တင် တစ်ရက် ခြောက်ကျပ်လောက် ရနေတော့ ပါဝါ တစ်ထောင်နဲ့ဆို တစ်ရက် ခြောက်ဆယ်လောက် ရနေပြီလေ ပါဝါတစ်သောင်းရှိတဲ့သူက တစ်ရက် ခြောက်ရာလောက် ရနေတယ် ။အလွန်ကိုများတဲ့ ပမာဏပါ။ ပါဝါတက်တာ အရမ်းကို မြန်ပါတယ်။ ဒါကလည်း ဈေးမပေါက်သေးခင်ကာလ ခွဲခြမ်းစိတ်ဖြာမှု
ဖြစ်နိုင်ပါတယ် ဈေးပေါက်သွားခဲ့ရင်တော့ ဒီဘက်လိုဘဲ အလွန်နည်းပါးတဲ့ခွဲတမ်းလောက်သာ ရနိုင်ပါတယ် ဈေးပေါက်သွားရင်တော့ ဘယ်လောက်ရရ အိုကေပြီလေ။ ဈေးမပေါက်ခင် ပါဝါ ရနိုင်သမျှ စုနေကြတာပေါ့
ဈေးလည်းပေါက်ရော ပါဝါလည်း စုထားပြီးပြီဆိုရင်တော့ ဘာလုပ်မည်လဲ
ကြိုးခုန်မလား ဇယ်တောက်မလား ရေကူးမလား တောင်တက်မလား ကြိုက်တာသာ လုပ်တော့လေ ပါဝါ သောင်းချီ သိန်းချီရှိမှတော့ ပွဲခံကြယုံဘဲပေါ့
ဒါတွေကြောင့် အချို့ယုံကြည်သူ နားလည်သူ မြင်တက်သူတွေက ဒီဘက်ရပ်ကွက်က တန်ဖိုးရှိသော စတင်းနဲ့ ဟိုဘက်ရပ်ကွက်က တန်ဖိုးမသက်မှတ်ရသေးသော အဖိုးမထိုက်သေးသော ပါဝါကို အသည်းအသန် လိုက်လဲနေကြတာပေါ့
ကိုယ်လည်း ဒါကို သဘောပေါက်ပါတယ် ဒါကြောင့် ဟိုဘက်ရပ်ကွက်က ပါဝါတစ်ရာကို ၀မ်းစတင်းပေးမယ်။ ပါဝါတစ်ထောင်ကို ဆယ်စတင်းပေးမယ် ပါဝါတစ်သောင်းကို စတင်းတစ်ရာပေးမယ်ဆိုပြီး လိုက်တောင်းဝယ်တာ ဘယ်သူမှ မရောင်းကြဘူးဗျာ ၀ယ်လို့တောင်မရဘူး။ အခြေအနေက အဲ့သလိုရှိတယ်
ဟိုဘက်ရပ်ကွက်လို့ ပြောပြောနေတာ အကြောင်းရှိပါတယ် ဒီဘက်ရပ်ကွက်ထဲကို ဟိုဘက်ရပ်ကွက်က နာမည်တပ်ပြီး မရေးချင်လို့ပါ။
စတီးမစ်နဲ့ အားလုံးတူတဲ့ ဟိုဘက်ရပ်ကွက်ဆို လူတိုင်း သိလောက်ပါတယ်
တကယ်လို့များပေါ့ ဟိုဘက်ရပ်ကွက်က ပါဝါတွေများ စတင်းနဲ့ လဲချင်တယ်ဆိုရင်
ဆက်သွယ်ပေးပါ ဈေးကတော့ ပါဝါတစ်ထောင်ကို ဆယ်စတင်းပေးပါမယ်
ပါဝါတစ်ထောင်တော့ အနည်းဆုံးထားပြီးယူပါမယ်။ ဒီထက်နည်းရင်လည်း အဆင်မပြေလို့ပါ။ လက်ထဲ ပါဝါ ကိုင်ထားပြီး စိတ်မနိုင်သူများ လာရောင်းပေးပါလို့ ပြောပါရစေ။ ကျွန်တော်ကတော့ ရသမျှ ၀ယ်စုနေပါတယ်
တစ်ချို့ကတော့ ဈေးမပေါက်သေးတာကို ၀ယ်စုနေလို့ မင်းရူးနေသလားလို့ပြောကြတယ် သူတို့ကတော့ စေတနာနဲ့ပြောကြတာပါ
ကိုယ်ကလည်း သဘောပေါက်ပါတယ် ဈေးမပေါက်ခဲ့ရင် အားလုံး ဂွမ်းမယ်ဆိုတာ ဒါပေမယ့် ဒီဘက်မှာလို ပါဝါအားနည်းတဲ့အခါ ရင်ဆိုင်ရတဲ့ အခက်အခဲတွေကို တွေးတွေးပြီး ဟိုဘက်ရပ်ကွက်က ဈေးများပေါက်သွားရင်
ဒီဘက်လို ပါဝါ အခက်အခဲနဲ့ မကြုံချင်တော့ဘူးလေ ဒါကြောင့် ကိုယ်နိုင်သမျှလေးတွေနဲ့ ဟိုဘက်ရပ်ကွက်က ပါဝါလေးဝယ်စုဖြစ်နေတယ်ပေါ့
ရောင်းစရာလေးများ ရှီရင် လက်တို့ကြပါဦး
ကျွန်တော်တို့ရဲ့ အချစ်ဆုံးကြီး စတင်းကလည်း သိပ်မကြာခင် အခြေအနေကောင်းတစ်ခု ဖန်တီးတော့မယ်မဟုတ်လား ဒါကြောင့် စတင်းကိုလည်း ပြစ်မထားကြစေချင်ဘူး။ နောင်တတွေ ရနေတာလည်း အခါခါဖြစ်ခဲ့ပြီးပြီ ဒီတစ်ခါ ရမယ့်နောင်တက သိပ်ကြီးသွားလိမ့်မယ်ထင်တယ် ဒါကြောင့် အခုချိန်မှာ အားသွန်ခွန်စိုက်နဲ့ စတီးမစ်ကို အားထည့်စေချင်ပါတယ်
အခုမြင်ရသလောက်ကတော့ အတက်ဘက်ကိုသွားဖို့အတွက် အားယူနေပါပြီ
ဖြစ်နိုင်ရင် အခုချိန် ပေါက်ဈေးနဲ့ ၀ယ်ရင်းလိုက်သင့်ပါတယ်။ ကျွန်တော်ကတော့
လုပ်သင့်တာမှန်သမျှ အကုန်လုပ်ထားပြီးပါပြီ အခြားနေရာတွေက အလုပ်တွေကို ဖျက်ပြီး ဒီဘက်မှာ ထည့်ထားခဲ့ပြီးပါပြီ အပြင်ကလည်း ထည့်သင့်သလောက်ထည့်ထားပြီးပါပြီ ထပ်ထည့်စရာလည်း မကျန်တော့ပါဘူး
ကိုယ့်မှာလည်း လျှာနဲ့သွားဘဲ ကျန်တော့တယ် အော်မေ့တော့မလို့ မျှော်လင့်ချက် ဆိုတာကြီးလည်း ရင်ဘက်ထဲမှာ အတောင့်လိုက် ကျန်ပါသေးတယ်လေ
မျှော်လင့်ချက်မနက်ဖန်လေး မိုးသောက်မယ့် အချိန်ကို စောင့်ရင်း တန်ဖိုးနည်းတဲ့
အမှောင်ညတွေကို ယုံကြည်ချက် တစ်ခုတည်းကို အဖေါ်ပြုဖက်တွယ်ရင်း အားတင်းကျော်ဖြတ်နေပါတယ်
@bobokyaw

Sort:  

ဟိုဘက်ရပ်ကွက် မြေကွက်ယူထားပြီးမေ့နေတာ စာလေးသွားရေးဦးမှပါလေ။

ကြိုတင်ပြင်ဆင်ထားတာတော့ ပိုတယ်မရှိလောက်ပါဘူး

အခြေအနေကခန့်မှန်းရတော့ခက်သားပါ

Posted using Partiko Android

ခန့်မှန်းမရတာက အကျိုးအမြတ်သို့မဟုတ် ဆုံးရှုံးမှု ကြီးမာနိုင်ပါတယ်
နှစ်ခုထဲက တစ်ခုတော့ သေချာပါတယ်

Thanks bro . promoted.

Thanks you bro.

You got a 12.29% upvote from @postpromoter courtesy of @mmunited!

Want to promote your posts too? Check out the Steem Bot Tracker website for more info. If you would like to support the development of @postpromoter and the bot tracker please vote for @yabapmatt for witness!

Coin Marketplace

STEEM 0.18
TRX 0.15
JST 0.029
BTC 63057.34
ETH 2546.78
USDT 1.00
SBD 2.64