မေ့တက်သောအကျင့်
ဒီနေ့က စနေနေ့ဆိုတော့ အများပြည်သူရုံးပိတ်ရက်ပါ။ မိတ်ဆွေတစ်ယောက်က သူ့ရုံးပိတ်ရက်မှာ
အကူအညီတစ်ခုပေးပါဆိုလို့ ချိန်းဆိုထားသည့် နေ့လည် ဆယ့်နှစ်နာရီလောက် သူ့အိမ်ကို ရောက်ဖြစ်တယ် ကိုယ်ကသာ ချိန်းထားတဲ့အတိုင်း သူ့အိမ်ကို အချိန်အတိအကျရောက်လို့သွားပါတယ်
သူကတော့ ကိုယ်နဲ့ ချိန်းဆိုထားတာကို မေ့တောင်နေတယ်ဆိုဘဲ အတော်ကို ချစ်ခင်စရာကောင်းတဲ့
မိတ်ဆွေပါ။
သူ့အိမ်ရောက်မှ သူ့ကို ဖုန်းဆက်လှမ်းခေါ်ရတယ်။ အဲ့ဒီအခါမှ ပျာပျာသလဲ အူယားဖားယား ပြုံးဖြီးဖြီး
လုပ်ပြီး မနှေးအမြန် ရောက်လို့လာပါတော့တယ်။ တစ်ခါတလေ အဲ့သလိုဘဲ ကိုယ့်ဘက်က တိကျပြီး
ဝီရိယ ကောင်းနေတာက အိုဗာ ဖြစ်ဖြစ်နေတက်တယ်။ တိကျတိုင်း မှန်တိုင်းလည်း လူတွေနဲ့ အံဝင်ချင်မှ
အံဝင်တာ အခြေအနေကြည့်လုပ် မီးစင်ကြည့်က ဆိုတာက ရှေးလူကြီးတွေ အကြောင်းမဲ့ ပြောခဲ့သည်
မဟုတ်နိုင်ပါ။
အမှန်တကယ်ဆိုရင် သူ့ဘက်ကအလိုအတွက် သူချိန်းဆိုထားတဲ့ မိမိကို စောင့်နေရမည့် သဘောဖြစ်
သင့်တာပေါ့။ဒါပေမယ့် အခုက ပြောင်းပြန်တောင် ဖြစ်နေသေးတယ်လေ။ ကိုယ်ကလည်း မိတ်ဆွေ
တွေအပေါ် ဗွေမယူတက်သူဆိုတော့ အဆင်ပြေပါတယ်လေ။ သူပြောသမျှ ဆင်ခြေ ဆင်လက် ဆင်ခြေထောက် ဆင်နားရွက် အူမချေးခါး ကလီဇာ စုံအောင် နားထောင်ပေးရင် သူ့အား တစ်ခွန်းတည်း
ပြောပြစ်လိုက်ပါတယ် ရပါတယ် သူငယ်ချင်းရာ ဒီလိုဘဲ ဖြစ်တက်ပါတယ်။ မင်းကအလုပ်အမြဲတမ်း
များနေတက်တာကိုးဟု ဆိုရပါလေသည်။ သူ့အား အနေမခက်စေချင်သောကြောင့် ပြစ်တင်စကား
မဆိုဖြစ်တော့ပါ။
သူတည်ခင်းဧည့်ခံသော လဘက်ရည်မုန့်များ သုံးဆောင်ပြီးသကာလ များမကြာမှီပင် နောက်ထပ်
မိတ်ဆွေ နှစ်ယောက် ထပ်ရောက်လာကြလေသည်။ အချိန်ဆယ့်ငါးမိနစ်လောက် ရောက်တက်ရာရာ
ပြောဆိုကြပြီး အားလုံး တစ်စုတစ်စီးတည်း ကားတစ်စီးဖြင့် မြို့ပြင်သို့ ချေတက်ကြလေတော့သည်
မိတ်ဆွေကြီးက ကားကိုမောင်းလေသည်။ မိမိက သူ့ဘေးမှ အခန့်သားထိုင်ကာ လိုက်ပါလာခဲ့သည်။
ကားနောက်ခန်းထဲမှာတော့ မြေပွဲစားနှစ်ယောက်တို့သည် အပြုံးကိုယ်စီ အတွေးကိုယ်စီတို့ဖြင့်
တိတ်ဆိတ်စွာ လိုက်ပါလို့လာခဲ့ကြလေသည်။ ကားလေးသည် မြို့တွင်းမှ ထွက်ကာ မြို့ပြင်ဘက်ရှီ
မြို့ရှောင်လမ်းမပေါ်တွင် ဖြေးဖြေးမှန်မှန် ရွှေ့လျှားလို့နေလေသည်။
Author : @bobokyaw
ကြာလာတော့လည်း တဖြည်းဖြည်း မေ့လို့သွားတာပါဘဲ
ဟီးဟီး စိတ်ထဲရှိတာပြောကျိတာ