အတိတ်သို့သွားပြီးပြုပြင်ချင်တယ်

in #busy6 years ago

desert-1305049_960_720.jpg

လွန်ခဲ့သော နှစ်ငါးဆယ်လောက် ဆီသို့ ပြန်သွားလို့ရခဲ့မယ်ဆိုရင် ပြန်သွားချင်မိပါတယ်
အဲ့ဒီအချိန်ကာလဆီ မှာ ရှင်သန်နေထိုင်ချင်ပါတယ် အခုချိန်ကာလကဲ့သို့ ခေတ်မှီဆန်းသစ်သော
အရာတွေ အသုံးအဆောင်တွေ ရှိမနေမှာတော့သေချာပါတယ် ယခုကာလကဲ့သို့သော စိတ်ဖိစီးမှု
သောကဗျာပါဒတွေနဲ့ နေ့ရက်တွေကို စိုးရိမ်စိတ်တွေနဲ့ ကျော်ဖြတ်မနေရမှာလည်း သေချာပါတယ်လေ
ဘာလို့ ဒီအတွေးလေး ခေါင်းထဲ ရောက်လာသလဲ ဆိုတာကို ပြန်စဉ်းစားကြည့်တော့ လူသားနဲ့ ပါတ်ဝန်း
ကျင်ဆိုတဲ့ စာလေး ဖတ်လိုက်မိတာကနေစတာပါဘဲ နောက်လက်ရှိအချိန်ကာလနဲ့ လွန်ခဲ့သောနှစ်ငါးဆယ် ကာလ ကိုယ်တွေ ဘယ်ဘ၀ရောက်နေသလဲတော့မသိ အဲ့ဒီအချိန်ကာလ
ဒီကဘာ မြေဟာ အလွန်ကို သာယာလှပလို့ နေတယ်လို့ သိလိုက်ရတယ်လေ သဘာဝကျတဲ့ သဘာဝတရားစစ်စစ်တွေ များစွာ ကျန်ရှိနေသေးတဲ့အချိန်ဆိုလည်း မမှားတန်ရာပါဘူး
လွန်ခဲ့သော နှစ်ငါးဆယ်ကလဆီက သဘာဝပါတ်ဝန်းကျင်အခြေအနေနဲ့ ယခုကာလဟာဆိုရင်
သိသာထင်ရှားစွာ ပြောင်းလဲလို့သွားခဲ့ပြီလို့ဆိုပါတယ် ပြောင်းလဲတယ်ဆိုတာကလည်း တိုးတက်ပြောင်း
africa-1797550_960_720.jpg

လဲခြင်းတော့ မဟုတ်ပါဘူးတဲ့ ဆုတ်ယုတ်ပျက်စီးလို့လာတယ်လို့ဆိုပါလေတယ် ဘယ်အရာတွေလဲ
အခြေခံ အရင်းမြစ်တွေဖြစ်တဲ့ မြေတွေ ရေတွေ လေတွေ ရာသီဥတုတွေ ရုပ်ပိုင်းဆိုင်ရာပတ်ဝန်းကျင်
အခြေအနေတွေဟာ ယခုဆိုရင် အလွန်စိုးရိမ်ဖွယ်ရာကောင်းသော ကာလတစ်ခုကို ရောက်ရှိနေတယ်လို့ဆိုပါတယ် ရှင်သန်နေတဲ့ သက်ရှိတွေ သစ်ပင်တွေ ပန်းမန်တွေနဲ့ သက်ရှိဇီဝဆိုင်ရာ
ပါတ်ဝန်းကျင်တို့ကလည်း တစ်နေ့တစ်ခြားယိုယွင်းပျက်စီးလို့လာနေတယ်လေ
ဒါတွေဘာကြောင့် ဖြစ်လာရတာလဲ ဆိုတဲ့ လက်သည် တရားခံ ကို ခြေရာခံကြတဲ့အခါမှာ
ဘယ်လိုမှ ထင်မှတ်မထားတဲ့ တရားခံကို ဘွားကနဲတွေ့ကြရပါတယ် ဒီလောက် အပြောင်းအလဲတွေ
ဖြစ်လာအောင် ဖန်ဆင်းရှင်တစ်ဦး တန်ခိုးရှင်တစ်ဦး နတ်ဒေ၀တာတစ်ဦး နတ်ဆိုးတစ်ဦး တစ်စုံတစ်ယောက်တို့ရဲ့ ဖြစ်စေ...........ဆိုသော အစွမ်းနဲ့ ပြောင်းလဲသွားတာမဟုတ်ပါဘူးတဲ့
ခင်ဗျားတို့ ကျွန်တော်တို့ဆိုသော မဟာလူသားတွေရဲ့ လက်သံပြောင်စွာ လုပ်ဆောင်ကြသော လုပ်ချက်
တွေကြောင့်သာပြောင်းလဲကုန်တာသာ ဖြစ်ပါတယ်တဲ့ ခက်တော့ခက်တယ်နော် ကျုပ်တို့လည်း ဘာမှ
မလုပ်မိလိုက်ဘူးလားလို့ဘဲ နေ့စဉ် စားဝတ်နေရေးအတွက်တောင် လက်မလည်ခြေမလည် လုပ်နေရ
တာ ဘယ်က သဘာဝ ပါတ်ဝန်းကျင်ကိုဖျက်ဆီးတဲ့ တရားခံ အလိုလိုနေရင်း ဖြစ်သွားရတာပါလိမ့်
အေးပေါ့လေ ပြစ်ချက်ရှာရင်တော့ ကိုယ်လည်း အမှုတွဲထဲ ပါကိုပါမှာပါဘဲ

africa-1170029_960_720.jpg

ဘယ်လိုပါသလဲ ဆက်ကြည့်ရအောင် ပတ်ဝန်းကျင်ဆိုင်ရာအရပ်ရပ်တို့ရဲ့ လက်သည်တရားခံသည်
လူသားများသာဖြစ်သည်တဲ့ လူတွေဟာ သူတို့ရဲ့ လိုအပ်ချက် အမျိုးမျိုးအတွက် ကဘာမြေပေါ်က သဘာဝသယံဇာတတွေကို အလွန်အမင်း အလွန်အကျွံ အဆမတန် မဟားဒယား ထုတ်ယူသုံးစွဲသော
ကြောင့်ဖြစ်ပါတယ်တဲ့ နောက်တစ်ချက်ထပ်တွေ့ရပြန်တာကတော့ လေရယ် ရေရယ် မြေရယ် သူတို့အပေါ်မှာ စွန့်ပစ်ပစ်စည်း အမျိုးစုံအောင် စည်းမဲ့ ကမ်းမဲ့ အသိပညာမဲ့စွာ စွန့်ပစ်သောကြောင့်
ညစ်ညမ်းမှုများ တဖြည်းဖြည်းကနေ ယခုဆို အလျှင်အမြန်ဖြစ်ပေါ်လာပြီးသကာလ လက်ရှိလူသားတွေရဲ့ နေထိုင်မှု ဂေဟ စနစ်များဟာ ထိုခိုက်မှုများ ဖြစ်ပေါ်လာတယ်လို့ဆိုပါလေတယ်
ပြင်ကြရအောင် လို့ သတိထားမိတဲ့အချိန်က ဆေးမမှီနိုင်သောအခြေအနေလည်း ဖြစ်နိုင်တယ်မဟုတ်လား နောင်အနှစ် ငါးဆယ် ထပ်ကြာသွားရင် ဘာဖြစ်မလဲ ယခုကတည်းက ပြုပြင်ပြောင်းလဲ ထိန်းသိမ်းရင် နောင်အနှစ်တစ်ရာလောက် ကြာသွားနိုင်သလား
မသေချာပါဘူး........ ဒါကြောင့် လွန်ခဲ့တဲ့ အနှစ်ငါးဆယ်ကို ပြန်သွားလို့ရရင် သွားလိုက်ချင်ပါတယ်
အဲ့ဒီကနေ ပြန်စလို့ရရင် သိပ်ကောင်းလိမ့်မယ်။

Photo Credit : Original source
Author : @bobokyaw
@bobokyaw.jpg

Sort:  

အတိတ်တွေ သိပ်သတိမရနဲ့ အဟောင်းတွေ အသစ်ဖြစ်လာမယ် စတာဘာ

ရည်းစားဟောင်းတော့ သတိရချင်ချင်ရယ်

Steemmonsters par bro. စိတ်ဝင်စားရင် ပါဝင်လို့ရပါတယ်။

https://steemit.com/steemmonsters/@mmunited/promotingsteemmonstersinmyanmar-u2ein8spms

ဟုတ် လေ့လာကြည့်ပါဦးမယ်ဗျ အခုတော့ စာရေးတာနဲ့ဘဲ လက်မလည်သေးဘူး

Coin Marketplace

STEEM 0.20
TRX 0.15
JST 0.029
BTC 64344.88
ETH 2629.39
USDT 1.00
SBD 2.83