အတိတ်ကောင်းနိမိတ်ကောင်း

in #busy6 years ago

@bobokyaw.jpg

စတင်းဈေးကတော့ သူမဟုတ်သလိုပါဘဲ တုပ်တုပ်မျှ မလှုပ်ပါဘူး ဘယ်သူတွေ ဘာပြောနေနေ
ဟန်မပျက် တစ်ဒေါ်လာအောက်မှာ အခန့်သားနေရာယူလို့နေပါတယ် ဒီကောင်ကြီး အပေါ်တက်သွားအောင် ဖင်တွန်းနေလို့တော့ ရလိမ့်မယ်မထင်ပါဘူး အချိန်မကျသေးလို့ နေရာမရွှေ့
သေးတာဘဲဖြစ်ပါစေ ဆုတောင်းနေရပါတယ် စိတ်မထင်လို့ ပြားငါးဆယ်အောက်ကို ဖင်ဒရွတ်တိုက်
ဆင်းလာမှာလည်း စိတ်ပူမိပါသေးတယ် သကောင့်သား အဲ့သလိုတော့ မရွတ်လောက်ဘူးလားလို့ပါ
နောက်စရာမဟုတ်ဘူးနော် ကောင်လေးရေ စိတ်ပျက်အောင် မလုပ်ပါနဲ့ ဒီမယ်တော့နဲ့တဲ့တဲ့ သာ ကျန်တော့တာ
သူကသာ မတက်သေးတာပါ သူ့အတွက် နေစရာထိုင်စရာ အဆင်သင့် ဖြစ်အောင် အထက်အရပ်မှာ
နန်းတော်တမျှခန်းနားသော အဆောင်အယောင်တွေနဲ့ နေရာထိုင်ခင်း ပေးထားပြီးသာပါ
သူ့ဟာသူ တစ်ဒေါ်လာအောက်မှာ လာပြီး ပြာပုံတိုးနေတာပါ တကယ်ဆို တန်ရာတန်ရာ နေပေါ့ကွယ်
ခုတော့ ဒင်းပြာပုံတိုးတာနဲ့ဘဲ ကိုယ်တွေရဲ့ အလုပ်က များစွာ နှောင့်နေးလို့နေခဲ့ပြီလေ

စတင်းဈေးအတက်တော့ စောင့်နေလို့ မဖြစ်သေးပါဘူး အခြားလုပ်ကိုင်စရာတွေ လုပ်ထားဦးမှ
တော်ကာကျမယ်ထင်ပါတယ် အခုဆို တစ်နေ့တစ်ခြား အလုပ်အကိုင်တွေက တိုးပွားလို့လာနေတာတွေ့နေရတယ် ဟိုနေရာက အလုပ်သစ်ပေါ်လိုက် ဒီနေရာက လုပ်ကိုင်စရာတွေ
ထွက်လာလိုက်နဲ့ ပေါ်သမျှ ထွက်သမျှ လိုက်လုပ်ရရင်တောင် တစ်နေ့စာ နာရီအချိန် လောက်ငရန်မရှိတော့မယ့်ပုံပါဘဲ ဒါတောင် ရွှေရောင်ဒီဇင်ဘာကာလကိုမဖြတ်ကျော်ရသေးပါဘူး
ြှဆာကြီးတွေ ပြောတဲ့ စတီးမစ်အလုပ်တွေ အားသွန်ခွန်စိုက်လုပ်ကိုင်နိုင်ရန် မူလအလုပ်မှ အနားယူလိုက်သည် တစ်ရက်ကို ဆယ့်လေးငါး နာရီလောက် စတီးမစ်မှာ အချိန်ပေးထားလိုက်သည်
စတီးမစ်ဝင်ငွေဖြင့် အနာဂါတ်ကို ပုံဖေါ်ဖန်တီးလို့နေသည် ဆိုတဲ့ အတိတ်တဘောင်တွေက
ထင်ထင်ရှားရှား တန်ခိုးပြလို့ ရုပ်လုံးကြွလာတော့မယ်ထင်ပါတယ်
အခုကိုဘဲ စတီးမစ်အတွက် အချိန်က မလောက်ဘူးဖြစ်နေတာလေ အလုပ်အသစ်တွေ အကုန်လိုက်လုပ်နိုင်အောင် မူလအလုပ်ကိုတော့ နားမှ ဖြစ်တော့မယ်ထင်ပါတယ်
ဟိုကလည်း ဒါလေးလာလုပ်ပါ ဒီဟာလုပ်ထား စတင်းတွေပေးမယ် အက်ဘီဒီတွေပေးမယ် ပါဝါတွေပေးမယ် အပ်ဘုတ်တွေပေးမယ် စသဖြင့်စသဖြင့် မက်လုံးပေါင်း သောင်းခြောက်ထောင်နဲ့
သူ့ထက်ငါအပြိုင် လာပါလာပါ တစာစာ မဲဆွယ်စည်းရုံးတော့မယ့် ကာလသည် ရောက်လာတော့လေမည်
အဲ့ဒီအချိန်ရောက်ရင်တော့လား မနက်မိုးလင်းကတည်းက စတီးမစ်နဲ့ စတင်နဘန်းလုံးလိုက်တာ ညသန်းခေါင် သန်းလွှဲ ရောက်တာတောင် လုပ်စရာတွေက အကွက်မစေ့ ဒေါင့်မစေ့ မပြီးနိုင်မစီးနိုင်
ပို့စ်တင်ပါဆိုလို့လည်း တင်ရ ဂိမ်းဆော့ပါဆိုလို့လည်းဆော့ရ ဟိုကန်ပဏီက ၀င်ပါဦးဆိုလို့ ၀င်လိုက်ရ
ဒီလုပ်ငန်းရှင်က အားဖြည့်ပေးပါဦးဆိုလို့ လုပ်လိုက်ရ နောက်ဆုံး မနိုင်တော့လို့ စတီးမစ်အကောင့် တစ်ခုအတွက် ရှဲဒိုးစာရေးဆရာသုံးလေးယောက်နဲ့ စကက်ထရီမလေးတစ်ယောက် ကို လစာကောင်းကောင်းပေးပြီး ငှားထားလိုက်မှဘဲ လိပ်ပါတ်လည်တော့တဲ့ အခြေနေရောက်တော့တယ်လေ
နောက်ဆိုရင်တော့ အိမ်ရှေ့မှာလည်း နှစ်ဆယ့်လေးနာရီ စက်ကျူရတီ ထားရတော့မယ့်
အပြင်သွားရင်လည်း ဘောဒီဂါတ်တွေဘာတွေနဲ့ သတိကြီးစွာထားပြီး သွားရလာရတော့မယ်
မလုပ်လို့မဖြစ်ဘူးဗျ ကိုယ့်ရှိတာအကုန်လုံးကို တကဘာလုံးက ၀င်ကြည့်လို့ရနေတယ်လေ ဘယ်လောက်ရှိတယ်သိနေတော့ လုံခြုံရေးက စိတ်မချရတော့ဘူးရယ်
အော်............ အခုလား............ စတီးမစ်ပေါ်က ပဲစားပြားစားလေးတွေ လွင့်စင်လာတာကို ကြက်ကောက်ငှက်ကောက် လိုက်ကောက်နေတုန်းပါဗျာ စုတုန်းဆောင်းတုန်းပါဗျာ
နောင်တစ်ချိန် စတီးမစ်ပလက်ဖေါင်းကြီး အောင်မြင်သွားရင် ဖြစ်လာနိုင်တာတွေ ကြိုတင် နိမိတ်ဖတ်ကြည့်နေမိတာပါဗျာ ဇဘူဒီပါ လက်ယာတောင်ကျွန်း အောဘာ နိမိတ်ထွန်းတဲ့ ကျွန်းဆိုတော့
ကာ ........ မင်္ဂလာရှိသော နိမိတ်ကောင်းသော အတွေးလေးတွေ တွေးကြရအောင် စိတ်ကူးကောင်းလေးတွေ ထားကြရအောင်
စတင်းဈေးများတက်ခဲ့သည်ရှိသော် ဒီကဘာလောကကြီးက ဘယ်နေရာကြည့်ကြည့် သာယာနေတော့မယ်လေ..................
@bobokyaw

Sort:  

အရေးအသားတော့ လန်ထွက်နေတာပါလား

အတော် အားစိုက်ထားရပါတယ်လေ

Thanks bro. Your post has been promoted.

ကျေးဇူးတင်ပါတယ် ဘရားသား

You got a 11.62% upvote from @postpromoter courtesy of @mmunited!

Want to promote your posts too? Check out the Steem Bot Tracker website for more info. If you would like to support the development of @postpromoter and the bot tracker please vote for @yabapmatt for witness!

Thanks you postprommoter

very good bro

Posted using Partiko Android

Thanks you bro

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.034
BTC 63688.35
ETH 3125.30
USDT 1.00
SBD 3.97