အပြောင်းအလဲတွေက ဆက်တိုက်

in #busy6 years ago

@bobokyaw.jpg

အပြောင်းအလဲတွေက ဆက်တိုက်လိုလိုဖြစ်နေပါတယ် စတင်းမွန်းစတားဂိမ်းက
အစဉ်အမြဲ အပြောင်းအလဲ လုပ်လေ့ရှိတာတွေ့ရပါတယ် စည်းကမ်းတွေက
တစ်ခါတစ်မျိုး လုပ်နေတဲ့အတွက် ကစားရတာ တဖြည်းဖြည်းနဲ့ ကျပ်တည်းလာပါတယ် ပေါချောင်ကောင်း ကစားကွက်နဲ့တော့ အဆင်မပြေပါဘူး
ဖလားတင်ချင်သူများအတွက် တကယ်ကို တိုက်ပွဲစွမ်းရည် ပြည့်ဝရမယ်
စကေးကောင်းရမယ်ဆိုတာကို တွေ့မြင်လာရပါတယ်
ရာသီလိဒ် ပွဲစဉ် သုံးမှာတုန်းက စည်းကမ်းထက် ယခု ပွဲစဉ်လေးမှာ ထုတ်လိုက်
တဲ့စည်းကမ်းက ပိုတင်းကျပ်ပါတယ်
ဖလား လျှော့ပြီး ပွဲချောင်အောင် လုပ်နေတာတွေကို ရပ်တန့်စေခဲ့ပြီဖြစ်ပါတယ်
ကဒ်ဈေးတွေကို ပြန်မာအောင် လုပ်ဆောင်တော့မယ် သဘောတွေ့လာရပါပြီ
ဒါကို သဘောကျပါတယ် ဖလားအလှူပေးတာတွေတော့ လျှော့နည်းသွားတော့မှာဖြစ်ပါတယ် ဖလားကို ကျမသွားအောင် ထိန်းထားရတော့မှာဖြစ်ပါတယ် ဖလားများလေ အကျိုးအမြတ်များလေဖြစ်လို့
တစ်ပွဲဆိုတစ်ပွဲ အသေအချာ တိုက်ရပါတော့မယ် ဖြစ်သလို ကြုံသလို တိုက်နေတာတွေကို တွေ့မြင်ရတော့မှာမဟုတ်ပါဘူး အားလုံးက မိမိဖလား ကျဆင်းမသွားရေးကို အာရုံစိုက်ကြတော့မှာဖြစ်ပါတယ်
အရင်တစ်ခါလို ရာသီလိဒ်ပွဲစဉ် နားရက်ပေးမထားတာကိုလည်း တွေ့ရပါတယ်
ချက်ချင်းဘဲ နောက်ရာသီလိဒ်ပွဲစဉ်ကို စပေးထားပါတယ်
ဟီးရိုးအသစ်တွေကိုလည်း ထုတ်ဖေါ်ပြသလာတာတွေ့ပါတယ်
နေ့စဉ်ပေးနေတဲ့ ဘုတ်ုစတားကဒ်တွေကို ပေးပုံပေးနည်း ပြောင်းလဲလိုက်ပါပြီ
ဖလားများများတင်နိုင်လေ များများရလေဖြစ်သွားပါပြီ
လိဒ်တစ်ခုရောက်တိုင်း ဘုတ်စတားကဒ် ပေးခြင်းကိုလည်း အဆများစွာ တိုးမြှင့်
ပေးထားပါတယ်။ လူတိုင်းကို ဖလားတင်ကစားအောင် လုပ်ဆောင်လိုက်ခြင်းပါဘဲ
နောက်တစ်ခုကတော့ ကစားသူတိုင်းကို သူတို့ရဲ့ ဟီးရိုးကဒ်တွေ အမြန်ဆုံးဖြန့်
ဝေပေးလိုက်ခြင်းလည်းဖြစ်ပါတယ်။
အချိန်ပေးကစားနိုင်သူများအတွက်တော့ အကြိုက်ဖြစ်စေခဲ့ပါပြီ
Author : @bobokyaw

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63098.06
ETH 2563.30
USDT 1.00
SBD 2.83