အရေးကြီးတဲ့ Burning Desire

in #busu6 years ago (edited)

FB_IMG_1521908880782.jpg

တစ်စုံတစ်ခုကို ရချင်ရင်...သို့မဟုတ် နေရာတစ်နေရာကို
ရောက်ချင်ရင် အရေးအကြီးဆုံး အချက်က Burning Desire
ဖြစ်ပါတယ်။ Think & Grow Rich စာအုပ်ထဲမှာလည်း
Napoleon Hill က ဒီအကြောင်းကို ဖော်ပြခဲ့ပါတယ်။
လူတစ်ယောက်ဟာ ပြင်းပြတဲ့ ဆန္ဒမရှိပဲ ဘဝမှာအောင်မြင်
ဖို့ မလွယ်ပါဘူး။ Buring Desire မရှိရင် ကောက်ရိုးမီးလို
ခဏလေးတောက်ပြီး ပြန်ငြိမ်းသွားပါလိမ့်မယ်။

အရင်တုန်းက အင်္ဂလိပ်စာ သင်တန်းတစ်ခုရဲ့ နံရံမှာရေးထား
တဲ့ ဆောင်ပုဒ်လေးတစ်ခုကို ပြန်သတိရမိတယ်။ "အိပ်နေရင်း
ယောင်လို့ အင်္ဂလိပ်လို ယောင်တဲ့နေ့ လမ်းကြောင်းမှန်ပေါ်
ရောက်ပြီလို့ သတ်မှတ်ပါ"တဲ့။ အင်္ဂလိပ်စကားကိုအဲ့ဒီလောက်
အထိ စွဲလမ်းမှ လမ်းကြောင်းမှန်ပေါ် ရောက်ရုံပဲရှိပါသေးတယ်။
လေ့လာလိုက်၊ မလေ့လာလိုက်၊ စိတ်ပါလိုက်၊ ပျင်းလိုက်နဲ့
ဆိုရင်တော့ အင်္ဂလိပ်စကား တတ်ဖို့ မလွယ်ပါဘူး။ အင်္ဂလိပ်
စကားမှ မဟုတ်ပါဘူး။ မိမိဘဝမှာ ဘာပဲလိုချင်လိုချင် ပြင်းပြတဲ့
ဆန္ဒရှိဖို့လိုပါတယ်။

နာမည်ကျော်အောင်မြင်ခဲ့တဲ့ ပုဂ္ဂိုလ်တိုင်းဟာ သူတို့ဖြစ်ချင်တဲ့
အရာပေါ် ပြင်းပြတဲ့ ဆန္ဒရှိခဲ့ကြသူတွေချည်းပါပဲ။ လင်ကွန်း၊
အက်ဒီဆင်၊ ဂျက်မား၊ မာ့ခ်ဇက်ကာဘတ်၊....အများကြီးပဲ
ရှိပါသေးတယ်။ အဲ့ဒီအောင်မြင်သူတွေ အားလုံးမှာ တညီ
တညွတ်ထဲရှိကြတာ ပြင်းပြတဲ့ ဆန္ဒ Burning Desire ပါ။
အဲ့ဒီ အရာ မရှိတဲ့သူတွေဟာ တော်ရုံတန်ရုံ ဝေဖန်မှုဒဏ်၊
အခက်အခဲဒဏ်ကို မခံနိုင်ကြပါဘူး။ လွယ်လွယ်ကူကူ လဲပြို
တတ်ကြပါတယ်။ စောစောစီးစီး အရှုံးပေးတတ်ကြပါတယ်။

Burning Desire ရှိသူတွေကတော့ သူတို့လိုချင်တဲ့အရာကို
မရရအောင်၊ ဘယ်လောက်ပဲကြိုးစားရ ကြိုးစားရ၊ဘယ်လောက်
ပဲ စောင့်ရစောင့်ရ ရအောင် ယူတတ်ကြပါတယ်။
ဘာပဲလုပ်လုပ် Buring Desire လေး ရအောင် မွေးပြီး
လုပ်စေချင်ပါတယ်။ ဒါမှသာ ပြီးမြောက်အောင်မြင်နိုင်မှာ
ဖြစ်ပါတယ်။

ဖတ်​မိသမျှကိုပြန်​လည်​​​ဝေမျှသည်
smt 62

Sort:  

Congratulations! This post has been upvoted from the communal account, @minnowsupport, by mooen from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

SMT67
ပြင်းပြတဲ့စိတ်ဆန္ဒရှိတဲ့သူတွေဟာ တကယ်အောင်မြင်သွားခဲ့ကြတာပါ
thank nyi

Coin Marketplace

STEEM 0.26
TRX 0.11
JST 0.032
BTC 64555.14
ETH 3086.03
USDT 1.00
SBD 3.85