လှပသောစိတ်ကူး

in #burmese7 years ago

မင်း အိပ်မက်တွေကို
ပြန်ဖော်ပါ…

တစ်စုံတစ်ယောက်ကြောင့်
သေဆုံးသွားတဲ့ အိပ်မက်တွေကို
ပြန်ဖော်ပါ…

တစ်စုံတစ်ယောက်အတွက်
ပစ်ထားခဲ့အိပ်မက်တွေကို
ပြန်ရှာပါ…

တစ်စုံတစ်ယောက်နောက်ကို
ပြေးလိုက်ရင်းနဲ့
ပစ်ချ ခဲ့တဲ့ အိပ်မက်တွေကို
ပြန်တွဲခေါ်ပါ …

တစ်စုံတစ်ယောက်သွားတဲ့
လမ်းကို လိုက်ဖို့တွက်
လမ်းခွဲထားခဲ့တဲ့
အိပ်မက်တွေ ကို ပြန်ဆက်သွယ်ပါ…

တစ်စုံတစ်ယောက်အတွက်
သတ်ပစ်လိုက်တဲ့
အိပ်မက်တွေကို ပြန်အသက်သွင်းပါ…

ဘဝမှာ အိပ်မက်တွေက
အရေးကြီးတယ်
အိပ်မက်တွေ ဆိုတာ
ဆန္ဒ တွေကိုပြောတာ
တစ်ခါတစ်လေ လူတွေဟာ
ကိုယ့်လမ်းကြောင်းပေါ်မှာ
တစ်ယောက်တည်းလျှောက်နေရာကနေ
အချိန်မတန်ပဲ မတူညီတဲ့
လူသူစိမ်းတွေနောက်ကို
ပြေးလိုက်ဖို့ အတွက် ကိုယ့်အိပ်မက်တွေကို
ပစ်ချ ပြီး ထားပစ်ခဲ့ကြတယ်…

တော်တော်များများ
သူစိမ်းသူတွေက
မင်းကို သူတို့လမ်းကြောင်းထဲကိုပဲ
ဆွဲခေါ်သွင်းသွားတတ်ကြတာ
သူတို့ လိုရာကိုပုံသွင်းဖို့ပဲ
ကြိုးစားကြတာ …

မင်းအိပ်မက်တွေကတော့
အဲ့လိုမဟုတ်ဘူး
မင်းသွားချင်တဲ့ လမ်းကြောင်းတွေကို
လမ်းညွန်ပြမှာ …
ခက်ခဲတဲ့အရာတွေကို
ဘယ်လိုဖြေရှင်းဖို့ ကူညီတတ်ကြသလို
ဘယ်လို ပျံသန်းဖို့ကိုလည်း
သူတို့ ကသင်ကြားပေးမှာ…

မတူဘူး ခလေးရဲ့…
လူတွေက အတ္တ ဆန်တယ်
အိပ်မက်တွေက တော့ အတ္တ မဆန်ဘူး
လူတွေက မင်းကို ဖိနှိပ်ဖို့ကြိုးစားရင်
အိပ်မက်တွေက မင်းကရုန်းထွက်ဖို့
လမ်းခင်းပေးလိမ့်တယ် …

တစ်စုံတစ်ယောက်ကြောင့်
ကိုယ့်အိပ်မက်တွေ ကိုမေ့မထားလိုက်ပါနဲ့
တစ်စုံတစ်ယောက် အတွက်နဲ့
ကိုယ့်အိပ်မက်တွေကို လစ်လျူ မရှုလိုက်ပါနဲ့
အဲ့ဒီ တစ်စုံတစ်ယောက်က
မတည်မြဲပါဘူး…
အိပ်မက်တွေက တော့ တည်မြဲခြင်းတွေနဲ့
မင်းကို စောင့်မျှော်နေတတ်ပါတယ်…

လောကမှာ ကိုယ်ဖြစ်ချင်တဲ့အရာတွေ
ဖြစ်လာဖို့ မင်းအိပ်မက်တွေကပဲ ကူညီပေးနိုင်တယ်
တစ်စုံတစ်ယောက်က တော့
မကူညီပေးတတ်ကြပါဘူး …
စွဲလန်းနေတဲ့ အရာတွေတိုင်းဟာ
ဘယ်တော့ မခါမှ လွယ်လွယ်ကူကူ
ဖြတ်လို့ မရသလို ချက်ချင်း ဆိုသလိုလည်း
ဖြတ်ဖို့ မလွယ်ကူဘူး
ဒီတော့ ဘာလုပ်ရသလဲ ဆိုတော့
တဖြည်းတဖြည်း လျော့ ချရတယ်
အာရုံလျော့သွားအောင်
ဖြေသာ ဖို့ကြိုးစားရတယ်…

အနီးစပ်ဆုံး ကိုဥပမာပေးရရင်
ဆေးလိပ်ဖြတ်သလိုပေါ့
ခါတိုင်း ဘူးလိုက်သောက်နေရာကနေ
တစ်လိပ် ချင်း ဖြတ်ရတယ်…
ဒီအတွက် ဘာလိုအပ်သလဲ
အချိန် လိုအပ်တယ်
အချိန်ပေးရမယ် …

ဆိုတော့ …ဒီလိုပဲ
တစ်စုံတစ်ယောက်ကို စွန့်လွှတ်ရမယ်မှန်း
သိလာတယ် ကိုယ့်အပေါ်မှာလည်း
မကောင်းတဲ့ သူဖြစ်နေမယ် ဆိုရင်
တစ်ဖက်မှာလည်း ကိုယ်က အလွန့်အကျွံ
စွဲလန်းမိနေတယ် ဆိုရင်
တဖြည်းဖြည်း နဲ့ ဝေးကွာသွာအောင်
ကိုယ်တိုင်ပဲ ဖန်တီးရမယ်…

ဒီအတွက် အချိန်ပေးရမယ်
သေချာတာ နောက်တစ်ခုက
ခံစားချက်တွေ သက်ရောက်မယ်
လူဟာ လုပ်နေကြ
ထိတွေ့နေကြ အရာတစ်ခုကို
ဆုံးရှုံးရတော့မယ် ဆိုတဲ့
ကိစ္စ ရပ်တစ်ခုကြုံလာရင်
အဲ့ဒီ အရာမရှိပဲ ငါရှင်သန်ဖို့
ဖြစ်ပါ့မလားလို့ တွေးမိတတ်ကြတယ်
အဲ့ဒီ မှာ ခံစားချက်တွေ ကိုရောထွေးပြီး
ဇဝေဇဝါ ဖြစ်လွယ်တယ်
အဲ့ဒီ အချိန်မှာ ရှေ့ကြိုတွေးပြီး
သောက တွေကြောင့် စိတ်ပိုပန်းရတဲ့အခါ…
အဲ့ဒီ အရာကို မဖြတ်တောက်ရဲ တော့ဘူး…

အဲ့ဒီအရာနဲ့ပတ်သတ်သမျှ
ကောင်းကောင်းဆိုးဆိုး
ဖြစ်သမျှ အကုန် လုံးကို
ကိုယ်တာဝန်ယူမယ်ဆိုတဲ့
စိတ်နဲ့ ခွင့်လွတ်တတ်လာကြတယ်…

ဒါဟာ … ကိုယ်စွဲလန်းတဲ့
အရာတွေအပေါ်ကို
ကိုယ့်ဖက် ကမလွှမ်းမိုးနိုင်တဲ့အခါ
အဲ့ဒီ အရာတွေက
ကိုယ့်ကို ပြန်ထိန်းချုပ်လာကြတယ်လို့ခေါ်တယ်…

ဆိုရရင်တော့…
နာကျင်နေလျက်နဲ့
ခွင့်လွတ်ပေးရတာကို အရသာတွေ့ပြီး
မစွန့်လွတ် နိုင်တဲ့အရာတွေအပေါ်မှာ
သာယာ နေကြတာပေါ့…

အဲ့လိုလူတွေကို
အင်မတန်မှ ပျော့ညံ့လွန်းတဲ့လူတွေလို့
သတ်မှတ်လို့ရတယ် …
image

Coin Marketplace

STEEM 0.16
TRX 0.17
JST 0.029
BTC 67118.82
ETH 2473.85
USDT 1.00
SBD 2.56