ဝါဆိုသင်္ကန်းလှူရအကျိုး(၇)မျိုး.. ~~~~~~~~~~~~~~~~~
in #buddish7 years ago
image
ဝါတွင်းကာလ​​ရောက်​လုနီးပြီဖြစ်​၍ ဗုဒ္ဓဘာသာ
ဝင်​တို့သည်​ တစ်​ဦးချင်း​သော်​လည်း​ကောင်း စု​ပေါင်း
၍​သော်​လည်း​ကောင်း သံဃာ​တော်​များအား ဝါဆို
သင်္ကန်းကပ်​လှူ​လေ့ရှိကြ၏။ ထိုသို့အလှူဒါနပြုလုပ်
ကြသည့်​အခါမှာ...မိမိတို့လှူဒါန်းလိုက်​သည့်​ ဒါန၏
အကျိးတရားကို သိ၍လှူဒါန်းရမည်​ဟု မြတ်​ဘုရား
ဟောကြား​တော်​မူခဲ့ပါသည်​....မြတ်​ဘုရား၏ ထိုအ
ဆုံးအမ ​ဒေသနာ​တော်​နှင့်​အညီ....မိမိတို့ ဝါဆို
သင်္ကန်းကပ်​လှူ ရသည့်​ အ​ကြောင်းတရား ဒါနကု
သိုလ်​​ကြောင့်​...​ကောင်း​သောအကျိးတရားမည်​မျှ
ရရှိမည်​ကိုလည်းသိဖို့ရန်​လို​ပေ၏။ ထို့အတွက်
ကြောင့်​ ဝါဆိုသင်္ကန်းလှူရကျိုး (၇)မျိုးကို သိသာ
အောင်​​ဖော်​ပြ​ပေအံ့......။
       ဝါဆိုသင်္ကန်းလှူရကျိုး(၇)မျိုး
(၁) ယခုဘဝကစ နိဗ္ဗာန်​ကိုမျက်​​မှောက်​မပြုခင်
စပ်​ကြား ဖြစ်​​လေရာဘဝတိုင်းမှာ... မိမိခန္ဓာကိုယ်
ကို ဆင်​မြန်းရန်​ အဝတ်​အထည်​အတွက်​ ​စိုးရိမ်
သောကများမဖြစ်​​စေရခြင်း။
(၂) ယခုဘဝကစ နိဗ္ဗာန်​ကိုမျက်​​မှောက်​မပြုခင်
စပ်​ကြား ဖြစ်​​လေရာဘဝတိုင်းမှာ... မိမိ၏ ခန္ဓာကိုယ်
မှ အသားအ​ရေတို့သည်​ ​ရွှေ​ရောင်​လို ဝင်းဝါ​တောက်
ပ​​နေရခြင်း။
(၃) ယခုဘဝကစ နိဗ္ဗာန်​ကိုမျက်​​မှောက်​မပြုခင်
စပ်​ကြား ဖြစ်​​လေရာဘဝတိုင်းမှာ... မိမိခန္ဓာကိုယ်
မှ နှစ်​လိုဖွယ်​ ​အ​ရောင်​ထွက်​​ပေါ်ခြင်း။
(၄) ယခုဘဝကစ နိဗ္ဗာန်​ကိုမျက်​​မှောက်​မပြုခင်
စပ်​ကြား ဖြစ်​​လေရာဘဝတိုင်းမှာ... မိမိခန္ဓာကိုယ်
အသားအရည်​တို့သည်​ နုညံ့​ချော​မွေ့​နေခြင်း။
(၅) ယခုဘဝကစ နိဗ္ဗာန်​ကိုမျက်​​မှောက်​မပြုခင်
စပ်​ကြား ဖြစ်​​လေရာဘဝတိုင်းမှာ... မိမိခန္ဓာကိုယ်
မှာ မှဲ့​ခြောက်​ တင်းတိတ်​ ဝတ်​ခြံ စ​သောအညစ်​​အ
ကြေးတို့မရှိခြင်း။
(၆) ၁) ယခုဘဝကစ နိဗ္ဗာန်​ကိုမျက်​​မှောက်​မပြုခင်
စပ်​ကြား ဖြစ်​​လေရာဘဝတိုင်းမှာ... ​ခေတ်​ကာလ
အ​လျောက်​​ပေါ်​ပေါက်​လာသည့်​ အဝတ်​အထည်​တို့
ကို မိမိတို့စိတ်​ထဲက​နေ ​တောင်းတလိုက်ရုံဖြင့်​အ
လွယ်​တကူရရှိ၍ ဝတ်​ဆင်​နိုင်​ရခြင်း။
(၇) ​နောင်​ပွင့်​​တော်​မူကြမည့်​ ဘုရားရှင်​တို့နှင့်​ ကံ
ကောင်း​ထောက်​မစွာ ကြုံ​တွေ့သည့်​အခါ ထိုဘုရား
ရှင်​သည်​ ဝါဆိုသင်္ကန်းလှူဒါန်းဘူးခဲ့သည့်​ ကုသိုလ်
ရှင်​အား... ဧဟိ ဘိက္ခု...လာ​လော့ရဟန်းဟု​ခေါ်
လိုက်​ရုံဖြင့်​ ​ခေါင်းကဆံပင်​ ခန္ဓာကိုယ်​မှာဆင်​မြန်
ထားသည့်​အဝတ်​အစား စသည့်​လူ့အသုံးအ​ဆောင်
များ​ပျောက်​ကွယ်​၍ (၁၅၀၀)ကိ​လေသာကုန်​ခမ်းကာ
ရဟန္တာစစ်​စစ်​ ဧကန်​ဖြစ်​ရခြင်းဟူ​သော...​ကောင်း
ကျိး(၇)မျိးကို ဝါဆိုသင်္ကန်းအလှူရှင်​များ ရရှိနိုင်​၏။
ထို(၇)မျိးတို့တွင်​ (၁)မှ(၆)သည်​ ​လောကီ​ကောင်း
ကျိးများဖြစ်​၏ ။ ​နံပါတ်​(၇)သည်​ ​လောကုတ္တရာ
ကောင်းကျိးဖြစ်​၏..။ သို့ဖြစ်​၍ ဝါဆိုသင်္ကန်းအလှူ
ရှင်​တို့သည်​ ​လောကီ​ကောင်းကျိး ​လောကုတ္တရာ
ချမ်းသာ အဖြာဖြာတို့ကို ရရှိကြမှာဖြစ်​လို့ ဤနှစ်​ဝါ
တွင်းကာလ၌ သံဃာ​တော်​များအား ဝါဆိုသင်္ကန်း
လှူ ဒါန်းဆပ်​ကပ်​ဖြစ်​​အောင်​ကြိုးစားအားထုတ်​ကြဖို့
တိုက်​တွန်းလိုက်​ရပါသတည်း......။
 ~~~~~~
စိုးရိမ်​မဲ့ကင်း၊ ​ရွှေဆင်းရုပ်​တူ၊
ကိုယ်​မူ​ရောင်​ထွက်​၊ နုညံ့အသားရည်​၊
မ​ပေညစ်​​ကြေး၊ ကြံ​တွေး​တောင်​တအဝတ်​ရရှိ၊
ဧဟိ ဘိက္ခု ​ခေါ်ပြုရဟန်း ကျွတ်​တမ်းဝင်​ရ၊
ကျိုးခုနှစ်​ဝ(သတ္တ) မှတ်​ကြစီဝရံ....။
မှတ်​ချက်​# ကာလအ​လျောက်​ ဝါဆိုသင်္ကန်းလှူဒါန်းရ
အကျိးဟု ဖွဲ့ဆိုထား​ဖော်​လည်း ဘယ်​ချိန်​ဘယ်​ကာလ
မှာ သင်္ကန်းလှူလှူ ထိုး​ကောင်းကျိး(၇)မျိးကိုရရှိနိုင်
သည်​ဟု စာဖတ်​သူများ သိမှတ်​ကြပါ​လေ...။
အရှင်​​ခေမိန္ဒ
2-7-2017
Coin Marketplace
STEEM 0.17
TRX 0.13
JST 0.030
BTC 56456.73
ETH 2990.61
USDT 1.00
SBD 2.13