Poem

in #bsteem6 years ago

အချစ်!!!ငါ့ကိုသေချာတယ်
~~~~~~~~~~

တစ်နေ့ထက်တစ်နေ့
ဘဝဟာ ချိုမြိန်လာနေတယ်

ချစ်သလား ဆိုတော့ မမုန်းတာ
မုန်းသလားဆိုပြန်တော့လဲ
ဟင့်အင်း...မခွဲနိုင်ပါ..တဲ့

မျှော်လင့်ချက်နဲ့ ပျော်ပျော်ကြီး
နှောင်ကြိုးဆက်
သံယောဇဉ်ထုထည်ကြောင့်
တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားတဲ့လက်
နှုတ်ခမ်းသားများက ပျားသကာ
မုသာဝါဒီကိုတော့ဖြင့် မကိုးကွယ်တန်ရာ

ဒါဆို..ချစ်လားလို့..
တိုးတိုးလေးထပ်မေးမိပြန်တယ်
ဟင့်အင်း.....တဲ့
ရှက်ပြုံးနုနုလေးတချက်လှစ်ကနဲ့
ပြီးတော့...ရင်ခွင်ထဲတိုးဝှက်
အဲ့ဒိတော့..ဆက်ပြီးလဲမမေးရက်
ထွက်သက်မှာအဆုံး
မုန်းစကားမဆိုမှာကိုတော့
သိနေပါပြီ...ခက်ဆစ်နီ

ဘာလိုသေးလို့လဲ...
ချစ်ဖို့ကြောင့်ကြစိတ်နဲ့
ဝေးရမှာစိုးနေပုံလေးကိုက
အချစ်ကငါ..သေချာနေပြီပဲဟာ...။

-ခက်ဆစ်နီ
Photo credit

Coin Marketplace

STEEM 0.17
TRX 0.13
JST 0.027
BTC 60701.27
ETH 2912.80
USDT 1.00
SBD 2.40