ကုလားကားရဲ့ အားနည်းချက်steemCreated with Sketch.

in #bollywood7 years ago (edited)

ကုလားကားရဲ့ အားနည်းချက်

ကုလားကားတွေဟာ သိပ်ကောင်းပါတယ်။
.
ဒါပေမဲ့ သူတို့မှာလည်း အားနည်းချက်တွေ ရှိတယ်။
.
သူတို့ရုပ်ရှင်လောကက ဟောလိဝုဒ်လိုင်းနဲ့ မတူဘူး။
.
အချိန်ကို ပိုဆွဲဆန့်ထားတယ်။
.
ဒါနဲ့ ကမ္ဘာမှာ ရုပ်ရှင်ရုံအများဆုံးက အိန္ဒိယပါ။
.
ကုလားကားတွေကြည့်ရင် Interval ဆိုတာ တွေ့ရပါလိမ့်မယ်။
.
ဆရာမ ဆွေဇင်ထိုက်ကတော့ ဇာတ်ညွှန်းရေးဆရာတွေက
.
ပထမအပိုင်းကြည့်ပြီးရင် ဒုတိယအပိုင်းမှာ ဘာတွေ လာမလဲဆိုတာ
.
ခန့်မှန်းလေ့ရှိကြတယ်တဲ့။
.
.
ကျွန်တော်ကတော့ ဒီလို ကောက်ချက်ဆွဲပါတယ်။
.
ကုလားကားရဲ့ ဇာတ်ညွှန်းတွေဟာ
.
ဖော်မြူလာနဲ့ လုပ်ထားတယ်။ နှစ်ပိုင်း ခွဲထားတယ်။
.
ပထမအပိုင်းနဲ့ ဒုတိယအပိုင်း။
.
အဓိကအပိုင်းက ဒုတိယအပိုင်း၊
.
ဒုတိယအပိုင်းမှာက ဇာတ်ကို ခေါက်ချိုးတွေ ပြောင်းတာ။
.
အဲဒီလို ခေါက်ချိုးဖြစ်ဖို့ ပထမအပိုင်းမှာတင် ဇာတ်ကို သယ်ပြီးသား။
.
များသောအားဖြင့် ပထမအပိုင်းကို ကြည့်သူ စိတ်ဝင်စားအောင်ရယ်၊
.
ပျော်အောင်၊ မြူးအောင်ရယ်လို့ တင်ဆက်ထားပြီး
.
ဒုတိယအပိုင်းမှာမှ Drama တွေ စလာတော့တယ်။
.
ဇာတ်ကို နောက်ကြောင်းပြန်တာတွေ၊ ဖုံးထားတာတွေ အကုန်ပြန်လှန်ကုန်
.
တော့တယ်။
.
ဒါက ဇာတ်ရဲ့ သဘောသဘာဝကို ကျွန်တော်မြင်သလောက် မှန်းကြည့်တာ။
.
သူတို့ကားတိုင်းနီးပါးရဲ့ အားနည်းချက်တွေက
.
.
၁။ အက တွေ ပါတာ။
.
၂။ အင်္ဂလိပ်စကားပြောတွေကို အမြဲ ညှပ်ပြောလေ့ရှိတာ။
.
၃။ မင်းသားဟာ လူကြမ်းတွေနဲ့ ချရင် ဆူပါမန်းလို ပါဝါတွေ ကြီးနေတာ။
ကန်လိုက် ထိုးလိုက်ရင် လူက အဝေးကို လွှင့်သွားတာတွေက ပေါတယ်။
ဆယ်ယောက်တစ်ယောက်လည်း မင်းသားက အေးဆေးပဲ။
.
၎။ နောက်ပြီး စကားပြောခန်း အတော်များတယ်။
စကားပြောခန်းဟာ နည်းရမယ်လို့ ဆိုပေမယ့်
ကုလားကားမှာတော့ ဇာတ်ညွှန်းဆရာရဲ့ ဖလော်တွေ၊ ဒသနတွေကအစ
တွေ့ရတယ်။
.
.
ဒါပေမဲ့ ကုလားကားတွေဟာ ကျွန်တော်လည်း ပုံမှန်ကြည့်နေရတဲ့
လိုင်းတစ်လိုင်းပါ။
.
နိုင်ငံတကာဈေးကွက်ဖောက်တဲ့ကားတွေဆို နိုင်ငံတကာစံချိန်နဲ့သွားတာကို
.
တွေ့ရပါတယ်။

Coin Marketplace

STEEM 0.20
TRX 0.13
JST 0.030
BTC 64724.35
ETH 3436.21
USDT 1.00
SBD 2.55