နွေရာသီသို့

in #blog6 years ago

image


နွေကျောင်းပိတ်ရက်မလိုချင်
အဓိပတိလမ်းကလူ
ငယ်နာမည်လေးခပ်မေ့မေ့
ရှမ်းစကားမတတ်တော့ခက်တယ်
အချစ်ဖျားဒီဂရီ ၁၀၈
မိုးပေါ်မှာနေချင်တယ်
ဒေဝါမိုးလေးဝဋ်လည်မယ်
တစ်ခန်းရပ်
=========
နေရာ။ ။ ကျူရှင်တစ်ခု။စားပွဲတစ်ခုတွင်
ဆရာက ထိုင်နေစေ။ မိဘနှင့်ကျောင်းသားက ဝင်လာစေ။ ကလေးက ဆော့နေစေ။

ကားလိပ်ဖွင့်
👇👇👇👇👇👇👇👇👇👇
မိဘ။ ။ ကျူရှင်စုံစမ်းချင်လို့ပါဆရာ။၈တန်းသင်ပါသလား။

ဆရာ။ ။ ဟုတ်ကဲ့သင်ပါတယ်ခင်ဗျာ။

မိဘ။ ။ ကလေးက အရမ်းဆော့တယ်ဆရာ။၈တန်းရောက်လာပြီ။ မြန်မာလိုတောင်ကောင်းကောင်းမဖတ်တတ်ဘူး။ A,B,C,Dတောင် အသေးအကြီးကွဲအောင်မရေးတတ်ဘူး။အပေါင်းအနှုတ် လည်းမကျွမ်းဘူး။သူ့ကို အခြေခံပါစေချင်တယ်ဆရာ။ ဆရာကူညီနိုင်ပါ့မလား။

ဆရာ တစ်ချက်တွေဝေစေ။
မျက်မှောင်ကျုံ့နေစေ။
ဘောပင်နှင့် နားထင်ကို ထောက်၍ စဉ်းစားနေစေ။

ဆရာ။ ။ အစ်မကြီးသားကို ဘယ်လိုဖြစ်စေချင်တာလဲ?

မိဘ။ ။ ကူညီနိုင်ရင် ကူညီပါဆရာရယ်။
ကျွန်မသားလေးကို ကျွန်မ စာအရမ်းတတ်စေချင်တယ်။

ဆရာ။ ။ အင်းဗာ။ဟုပါပီ။ ပယ်လို ကူညီရမလဲ ဆိုတာ ပျော့ကြည့်လေ အယ်မရယ်။

မိဘ။ ။ ကျွန်မသားကို ၈တန်းကျအောင် ကူညီပါဆရာ။

ဆရာမျက်လုံးပြူးသွားစေ။
ပါးစပ်ဟနေစေ။
တအံ့တသြဖြစ်နေစေ။

ဆရာ။ ။ဘယ်လို ဘယ်လို အစ်မရေ။

မိဘ။ ။ ဟုတ်ပါတယ်ဆရာ။
ကျွန်မသားကို ၈တန်းကျအောင်ကူညီပေးပါ။
အကြံဉာဏ်လမ်းညွှန်ပေးပါ။

သူ့အစ်မတုန်းကလည်း အဖြေလွှာ ဗလာနဲ့ ဖြေခဲ့တာ ကုစားဆိုပြီးအောင်တော့ ဆယ်တန်းမှာ ဒုက္ခရောက်နေလေရဲ့။

သူ့အစ်ကိုတုန်းကလည်း ခြစ်ချခဲ့တာကို
အတင်းပြန်ခေါ် ဖြေခိုင်းလို့ အောင်သွားပြန်တယ်။

အခု သူ့အလှည့်ကျဆော့ တစ်ဘာသာဖြေပြီး
သွားမဖြေခိုင်းတာတောင် နှုတ်နဲ့ဖြေပြီး
အအောင်ပေးမယ်လုပ်နေလို့ ဆရာတို့ဆီမှာ အကြံဉာဏ်တောင်းရတာပါ။

ဟိုက်

ဤတွင် ကားလိပ်ချစေ။

ကဲ
ကိုယ့်ဆရာဆို့
စာမေးပွဲကျနည်း
ကျူရှင်ဖွင့်ကြစို့
😂😂😂😂😂😂😂😂

မေတ္တာဖြင့်
UTR
#သူတို့အတွက်တော့အာဇာနည်ပေါ့ဗျာ

ရပ်​ကွက်​တစ်​ခုမှာ ပြည့်​တန်​ဆာ​တွေ​ခေါ်ထားပြီး လုပ်​စား​နေတဲ့ ဖာ​ခေါင်းအိမ်​တစ်​အိမ်​ရှိတယ်​။

ရပ်​ကွက်​က မ​ကျေနပ်​လို့ တိုင်​​ပေမယ့်​ ဖာ​ခေါင်းက အ​ပေါင်းအသင်း ဆန့်​​တော့ ဘာမှလုပ်​မရဘူး ဖြစ်​​နေတယ်​။ တစ်​​နေ့​တော့ အာ့ဖာ​ခေါင်း​​ဟာ သေချင်းဆိုးနဲ့​ သေပါ​လေ​ရော။ ပြည့်​တန်​ဆာ​တွေဆိုတာ လူးလှိမ့်​ငိုကြတာ မြင်​မ​ကောင်းဘူး။ သူတို့အတွက်​က ဖာ​ခေါင်းမရှိရင်​ ငတ်​ပြီ​လေ။ လူရှာ​ပေးဖို့ ဘိရှာဖို့ ဖာ​ခေါင်းကတာဝန်​ယူထားတာ ဆို​တော့ ​ကြေကွဲရပြီ​ပေါ့။

ရပ်​ကွက်​ထဲက လူ​ကောင်း​တွေက​တော့ အကြီးအကျယ်​​ ပျော်​ကြတာ​ပေါ့။ တစ်​​နေ့ ပြည့်​တန်​ဆာ​တွေက သူတို့ရဲ့ဖာ​ခေါင်း​သေတာ ​ပျော်​ရပါ့မလား ဆိုပြီး ရပ်​ကွက်​ထဲရန်​​တွေဖြစ်​ကြတာ ဆွမ်းခံကြွလာတဲ့ ကိုယ်​​တော်​ပါ မ​နေရဘူး။ ဖြန်​​ဖြေ ​ပေးရတယ်​။

အဲ့မှာ ဘုန်းဘုန်းက ရပ်​ကွက်​ထဲက လူ​တွေကို ဆုံးမသတဲ့။

  • ဒကာတို့ ရန်​မပွားကြနဲ့​တော့။ ဖာ​ခေါင်း​သေတာလဲ တစ်​နှစ်​​ကျော်​ပြီ ခုထိရန်​မီးပွားတုန်းလား.... သူတို့ကို နားလည်​​ပေးလိုက်​ပါ ။ပြည့်​တန်​ဆာအတွက်​က ဖာ​ခေါင်းဆိုတာ #အာဇာနည်​ ပါပဲ * တဲ့

ပုံပြင်​​လေးက​တော့ ဒါပါပဲကွယ်​.....
😁😁😁
.
.
.

Coin Marketplace

STEEM 0.16
TRX 0.13
JST 0.027
BTC 61291.28
ETH 2671.73
USDT 1.00
SBD 2.52