Voice Tra Translation and speech recognizing apk !

in #blog6 years ago (edited)

မင်္ဂလာပါခင်ဗျာ ...

ကျွန်တော်တို့တွေက မြန်မာလို စာတွေ ရေးကြပါတယ်။ ပို့စ်တွေ တင်ကြတယ်။ တစ်ခါတစ်လေမှာတော့ အင်္ဂလိပ်လို ရေးချင်ကြတယ်။ ဒါပေမဲ့ အခက်အခဲတွေ ကိုယ်စီရှိတယ်။

ပထမအခက်အခဲက အင်္ဂလိပ်လို မရေးတတ်တာ။ ဒီတော့ ဘာသာပြန်ဆော့ဝဲလ်တွေကို သုံးပေမယ့် အင်္ဂလိပ်စာကို နားမလည်တာက ခက်ခဲပါတယ်။ ကိုယ်ရေးတဲ့အတိုင်း ပြန်ပေးမလားဆိုတာ မသေချာပါဘူး။ ဒီတော့ အင်္ဂလိပ်လို မရေးဖြစ်ကြတော့ပါဘူး။

Voice Tra အပလီကေးရှင်းအကြောင်း


အခု ကျွန်တော်မျှဝေလိုတာက အင်္ဂလိပ်စာအခက်အခဲကို ပြေလည်စေမယ်လို့ မျှော်လင့်ပါတယ်။ မိုဘိုင်းဖုန်းထဲမှာ ထည့်ပြီး အသုံးပြုရတာ ဖြစ်လို့ အသုံးပြုရတာ လွယ်ကူပါတယ်။ နောက်ထပ် ကောင်းကျိုးတစ်ခုက သူ့ကို ​ဇော်ဂျီဖောင့်နဲ့ သုံးလို့ရတာပါ။ ယူနီကုတ်ကြောင့် အခက်အခဲဖြစ်စရာ မလိုပါဘူး။

ဟုတ်ကဲ့။ ထပ်မံညွှန်းဆိုလိုက်ပါမယ်။ ဒါက မြန်မာနိုင်ငံကွန်ပျူတာတက္ကသိုလ်ဆရာမတွေ အကူအညီနဲ့ လုပ်ဆောင်ထားတဲ့ ပရောဂျက်ပါ။ ဗားရှင်းအမျိုးမျိုး မြှင့်တင်ထားပြီး ပိုကောင်းသထက် ကောင်းအောင် လုပ်နေတဲ့ အပလီကေးရှင်းတစ်ခုဖြစ်ပါတယ်။ ဇော်ဂျီဖောင့်ရဲ့ ဖခင်ကြီးကိုယ်တိုင်က ဂူဂဲလ်ဘာသာပြန်ဆော့ဝဲလ်ထက် ပိုမိုကောင်းမွန်ကြောင်း ထောက်ခံထားတယ်ဆိုတော့ ဘာပြောကောင်းမလဲဗျာ ... မဖြစ်မနေ ဒေါင်းလုတ်ဆွဲလိုက်ပါတော့။


Google Store Link


App Store Link


အပလီကေးရှင်းကို မိမိဖုန်းထဲတွင် ပြင်ဆင်ပုံ


ဒေါင်းလုတ်ဆွဲပြီးတဲ့အခါ အပလီကေးရှင်းကို ဖွင့်လိုက်ပါ။ အောက်ဆုံးဘယ်ဘက်ထောင့်က ကမ္ဘာလုံးပုံစံလေးကို နှိပ်လိုက်ပါ။


 ပြီးရင် ကိုယ်ပြောင်းချင်တဲ့ဘာသာစကားကို မှတ်ပြီး အိုကေနှိပ်လိုက်ပါ။ ကျွန်တော်ကတော့ အင်္ဂလိပ်ကို ပြောင်းချင်တာကြောင့် အင်္ဂလိပ်ကို မှတ်ထားပါတယ်။


တကယ်လို့ မြန်မာစာက ဖောင့်မမှန်ဘူးဆိုရင် အပေါ်ဆုံးညာဘက်ထောင့်က မျဉ်းသုံးကြောင်းတန်းလေးကို နှိပ်ပြီး အောက်ပါပုံပေါ်လာတဲ့အခါ Settings အထဲကို ဝင်ပါ။


Use Zawgyi-one font ကို အမှန်ခြစ်လေး ခြစ်ပေးပါ။


အသုံးပြုပုံ


ဒီအပလီကေးရှင်းက စာသားရော အသံကိုပါ ပြောင်းလဲပေးနိုင်ပါတယ်။ ဘာသာစကား ၃၁ မျိုးအထိ အကြုံးဝင်ပါတယ်။ အခု ကျွန်တော်တို့က မြန်မာကနေ အင်္ဂလိပ်ကို ပြန်မှာ ဖြစ်ပါတယ်။

အရင်ဆုံး စကားပြန်တာကို စမ်းသပ်ကြည့်ရအောင်။

အောက်ပါပုံထဲက မိုက်ကရိုဖုန်းပုံစံလေးကို တစ်ချက်ထောက်ပါမယ်။


ကိုယ်ပြောချင်တဲ့ စကားကို ပြောပြီးတဲ့အခါ ပိတ်လိုက်ပါမယ်။ ကိုယ်ပြောတဲ့စကားကို သူက အသံနဲ့ရော စာသားနဲ့ပါ ဘာသာပြန်ပေးပါတယ်။

အထက်ပါပုံမှာ မြင်ရတဲ့အတိုင်းပဲ

  • အပေါ်ဆုံးအကွက်မှာ ကိုယ်ပြောလိုက်တဲ့စကားကို မြန်မာလို ရေးပေးထားပါတယ်။
  • အလယ်အကွက်မှာတော့ သူ ပြန်ပေးထားတဲ့အင်္ဂလိပ်စကားပါ။
  • အောက်ဆုံးအကွက်ကတော့ အလယ်က အင်္ဂလိပ်စကားကို မြန်မာလို ဆီလျောအောင် ထပ်မံပြန်ဆိုထားတာပါ။ အပေါ်ဆုံးက ကိုယ်ပြောတဲ့စကားနဲ့ အောက်ဆုံးက ထပ်မံပြန်ဆိုတဲ့စာသား ကိုက်ညီမှု ရှိတယ်ဆိုရင်တော့ အလယ်က အင်္ဂလိပ်စကားကို စိတ်ချလက်ချအသုံးချလို့ ရပါပြီ။

တကယ်လို့ ကိုယ်က စာသားရိုက်ထည့်ချင်လည်း ရပါတယ်။

  • အပေါ်ဆုံး မြန်မာစာသားအကွက်က စာရွက်နဲ့ ဘောပင်ပုံလေးကို နှိပ်လိုက်ပါ။
  • ကိုယ်ရိုက်ချင်တဲ့စာသားကို ရိုက်ထည့်ပါ။
  • အိုကေပေးလိုက်ပါ။
  • ဒုတိယအကွက်မှာ အင်္ဂလိပ်စာ၊ တတိယအကွက်မှာ ထပ်မံပြန်ဆိုပေးတဲ့မြန်မာစာတို့ ပေါ်လာပါမယ်။

ဒါဆိုရင်တော့ မိတ်ဆွေတို့အနေနဲ့ အင်္ဂလိပ်စာအတွက် အခက်အခဲမရှိနိုင်တော့ပါဘူး။ အောက်ပါ ဗီဒီယိုဖိုင်လေးကတော့ အဆိုပါဆော့ဝဲလ်ကို စမ်းသပ်သုံးစွဲပြနေတာပါ။ အခြားဘာသာစကားတွေကိုလည်း စာသားရော အသံပါ ပြောင်းလဲအသုံးပြုနိုင်တာကြောင့် မိတ်ဆွေတို့အနေနဲ့ ပြည်ပခရီးတွေ သွားတဲ့အခါ ဆောင်ထားသင့်တဲ့အပလီကေးရှင်းတစ်ခုဖြစ်ပါတယ်။

သူ့ကို လက်တွေ့သုံးစွဲနေပုံကို ယူကျူ့မှာ ဗွီဒီယိုဖိုင်ရှိပြီး မိတ်ဆွေတို့ ဗဟုသုတအနေနဲ့ လေ့လာရအောင် တစ်ပါတည်း ထည့်ပေးလိုက်ပါတယ်။


အားလုံးပဲ အင်္ဂလိပ်စာအခက်အခဲကို ကျော်လွှားးနိုင်ကြပါစေဗျာ ...

လေးစားစွာဖြင့်

Sawlwin

MSC 176



Posted from my blog with SteemPress : https://kosawblog.xopus.io/?p=57
Sort:  

တကယ်ကို အကျိုးများတဲ့ app တစ်ခုပါပဲ။
ကျေးဇူးပါ ကိုစော

ဟုတ်ကဲ့

Posted using Partiko Android

သုံးကြည့်မယ်ဗျို့

Posted using Partiko Android

သုံးကြည့်သင့်ပါတယ်ဗျာ

Posted using Partiko Android

ဝိုး သုံးကြည့်အုံးမှာ ခုပဲဒေါင်းလိုက်မယ်လေ

လက်မနှေးနဲ့ဗျို့

Posted using Partiko Android

Congratulations @sawlwin! You received a personal award!

1 Year on Steemit

Click here to view your Board of Honor

Support SteemitBoard's project! Vote for its witness and get one more award!

အကို အရမ်းကျေးဇူးတင်Screenshot_20181214-110758.jpgတယ်ဗျာ

ကျွန်တော့်အတွက် အရမ်းအသုံးဝင်တယ် အများအတွက်လည်းကောင်းတယ်

ဟုတ် ဝမ်းသာပါတယ်

Posted using Partiko Android

ဒေါင်းလိုက်​ပီဗျာ စမ်းကြည့်​မလို့

စမ်းကြည့်ပါဗျာ

Posted using Partiko Android

Thank for sharing.

Posted using Partiko Android

သိပ်ကောင်းတဲ့ software လေးပါခင်ဗျာ။အားလုံးအတွက် အသုံးဝင်သော ဘာသာပြန် software ကောင်းလေးတစ်ခုကို ဝေမျှပေးတာဖြစ်တဲ့အတွက် ကျေးဇူးတင်ဝမ်းသာမိပါတယ်ခင်ဗျာ။ရှိထားသင့်တဲ့ software ကောင်းလေးတစ်ခုတင်ပေးထားတဲ့ postကောင်းလေးတစ်ခုပဲဖြစ်ပါတယ်ခင်ဗျာ။

ဟုတ်ကဲ့ ကျေးဇူးပါ

Posted using Partiko Android

ကြိုက်သွားပြီ ကိုစော။ ကျေးဇူးပါဗျာ။

ဟုတ်ကဲ့

Posted using Partiko Android

စမ်းကြည့်မယ် ကိုစောရေ

ဟုတ်ကဲ့

Posted using Partiko Android

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63813.24
ETH 2654.52
USDT 1.00
SBD 2.76