မေးစေ့မွေး

in #blog6 years ago (edited)

ကျွန်တော့် သမီးလေး ငယ်ငယ်တုန်းကပေါ့။ အဲ့ဒိတုန်းက သူက စကားပြော တတ်ခါစ အချိန်ပေါ့။ ကျွန်တော့် မုတ်ဆိတ်မွေးကို ကြည့်ပြီး မေးစေ့မွေးလို့ ပြောပါတယ်။ ကျွန်တော်ကတော့ ပြောတာပေါ့ အဲ့ဒါကို မုတ်ဆိတ်မွေး လို့ခေါ်တယ် လို့ပြောလိုက်ပါတယ်။


Goat with bread

Image Source


ကျွန်တော်လဲ သူပြောမှပဲ စဉ်းစားကြည့် မိတယ်။ ဘာဖြစ်လို့ မုတ်ဆိတ်မွေး လို့ခေါ်တာလဲပေါ့။ တစ်ကယ်ဆိုရင် မေးစေ့မွေးလို့ ခေါ်ရမှာလေ။

  • ခေါင်းမှာ ပေါက်ရင် ဆံပင်မွေး(အခိျု့ နေရာမှာတော့ ခေါင်းမွေး လို့ သုံးပါတယ်။ ခေါင်းမွေးဖြူတယ် စသဖြင့်)
  • ချိုင်းမှ ပေါက်ရင် ချိုင်းမွေး
  • ခြေသလုံးမှာ ပေါက်ရင် ခြေသလုံးမွေး
  • မျက်ခုံးမှာ ပေါက်ရင် မျက်ခုံးမွေး


အဲ့ဒိလို ဆိုရင် မေးစေ့မှာ ပေါက်ရင် မေးစေ့မွေးလို့ ခေါ်သင့်တာပေါ့။ ဘာဖြစ်လို့များ မုတ်ဆိတ်မွေးလို့ ခေါ်သလဲ မသိဘူး။

တစ်ခါ တလေကျတော့လဲ အခေါ်အဝေါ်တွေက ကိုယ် စဉ်းစားနိုင်တဲ့ အနေအထားထက်ကို ကျော်လွန်နေတတ်တယ်။ ဥပမာ ယောက္ခထီးပေါ့။ ယောက္ခမရှိ လို့ ယောက္ခထီး ရှိရမယ်ပေါ့။ ဒါပေမဲ့ မြန်မာ စကားမှာ ယောက္ခထီး ဆိုတာ မရှိပါဘူး။ ယောက္ခမ အမရယ်၊ ယောက္ခမ အထီးရယ် ဆိုတာပဲ ရှိပါတယ်။ စဉ်းစားရင်းနဲ့ ရှုပ်ထွေးလာတယ်။ ဆက်ပြီး မစဉ်းစားတာပဲ ကောင်းပါတယ်လေ။


Universal Basic Income

This is for very basic income. Use the following link to register in mannabase.com.

Promoting Service

I am also a whitelisted user of minnowbooster. If someone want to get whitelisted from minnowbooster. I can check your blog and send an invitation. Use the following link to log into minnowbooster.com.

Building Network


Join Discord: https://discord.gg/RSrv669 @mmunited

Posted from my blog with SteemPress : https://myanmarpress.xopus.io/?p=634









Sort:  

ကျမတို့ ဒေသတော့ ယောက်ကထီးလို့ သုံးတယ်

မြန်မာဝေါဟာရလောက် များပြားတာမြန်မာဝေါဟာရပဲရှိတယ်broရေ

Posted using Partiko Android

Coin Marketplace

STEEM 0.20
TRX 0.15
JST 0.029
BTC 64572.94
ETH 2630.79
USDT 1.00
SBD 2.82