ဒိုင်ယာရီ ၁၁

in #blog7 years ago (edited)

image  ဟုတ်ပါတယ်၊ မြန်မာနိုင်ငံသို့ မပြန်ခင် ထွန်းတောက် စံပယ်နှင့် ၃လခန့် အဆက်အသွယ်ဖြတ်ထား လေသည်။ မိမိပြန်ရောက်ကြောင်း မသိစေရန်နှင့် စံပယ်အံ့သြသွားစေရန်း တိတ်တဆိတ် ပြန်ရန်စီစဉ်ထားလေသည်။

   သို့ဖြင့် နှစ်နှစ်ပြည့်သောအခါ ထွန်းတောက် မြန်မာနိုင်ငံသို့ ပြန်လာခဲ့လေသည်။ထွန်းတောက်၏ မိသားစုမှ လေဆိပ်တွင် ပျော်ရွှင်စွာ လာရောက်ကြိုဆိုကြသည်။စံပယ်ကိုမူ အဆက်အသွယ်ဖြတ်ထား၍ မိမိပြန်လာမည်ကိုမသိဟု ထင်ခဲ့သည်။

   မိမိအထင်မှာ မှားကြောင်း ထွန်းတောက်နောက်မှသိခဲ့ရလေသည်။မြန်မာနိုင်ငံ ရောက်ပြီးနောက်တစ်နေ့တွင် ထွန်းတောက် စံပယ်အား အလုပ်ကြိုဖူးသည့် ကားမှတ်တိုင်တွင် သွားရောက်စောင့်ဆိုင်းနေခဲ့သည်။

   အချိန်ကားနေ့လည် ၂ နာရီခန့်၊ စံပယ်မှာ AFTERNOON DUTY ဖြစ်သောကြောင့်ဖြစ်သည်။ တွေ့ပါပြီ၊ မိမိနှင့် ၂နှစ်ကျော်ဝေးကွာခဲ့ရသော ချစ်သူ၊ နေ့စဉ်ရက်စက် တစ်နေ့မှမေ့မရခဲ့သော အချစ်ဆုံးချစ်သူ စံပယ် ကားပေါ်မှဆင်းလာသည်။စံပယ့်ကိုတွေ့ရတာ အနည်းငယ်ပိန်သွားသည်၊ မိမိအား လွမ်း၍ဖြစ်မည်၊

  "ဟေး.  .စံပယ် နေကောင်းရဲ့လား"

  "ထွန်းတောက်ပါလား.  .နင်ပြန်ရောက်နေတယ်ဆို"

   "ဟုတ်တယ်မနေ့ကဘဲ ငါပြန်ရောက်တာ"

   စံပယ် စကားပြောပုံမှာ အေးတိအေးစက် နိုင်လွန်းလှသည်။ထွန်းတောက် စံပယ်လက်အားလက်ကိုင်ကာ

   "လာ.  .တခုခုစားရင်းစကားပြောရအောင်"

   စံပယ်မှာ ထွန်းတောက်ကို သူမလက်အား အကိုင်မခံဘဲ အလုပ်သွားရာလမ်းအတိုင်းလမ်းလျှောက်မပျက်ဘဲ

   "ငါ.  .အလုပ်သွားရတော့မှာ"

   "အစောကြီး ရှိသေးတာဘဲ စံပယ်ကလဲ"

   ထွန်းတောက် စံပယ်ကို ထပ်မံကြိုးစား၍ သူမလက်အား ဖမ်းယူရင်း ခေါ်နေမိသည်။

   "ငါ လက်ထက်ပြီးသွားပြီ ထွန်းတောက်"

   ထွန်းတောက်မျက်လုံးများ ပြာဝေသွားသည်၊ မိမိနားကြားများလွဲလေသလား၊ သို့တည်းမဟုတ် မိမိအား အဆက်အသွယ် မလုပ်၍ စိတ်ဆိုးနေတာများလား

   " နင် ငါကို.  .စိတ်ဆိုးနေတာလား စံပယ်.  .ငါနင့်ကိုအဆက်အသွယ်မလုပ်တာ ငါပြန်လာတာ နင်သိရင် အံ့သြသွားအောင်လို့ပါ"

   "မဟုတ်ဘူးထွန်းတောက်.  .ငါတစ်ကယ်ပြောတာ . . .ငါလက်ထက်ပြီးသွားပြီ"

   မိမိနှင့် စံပယ်တို့ပြောဆိုပုံမှာ တစ်ဖြည်းဖြည်းနှင့် ထွန်းတောက်မှ စံပယ်အား နှောက်ယှက်သည့်ပုံပေါက်လာသည်။လမ်းမပေါ်တွင်ဖြစ်၍ လမ်းသွားလမ်းများနှင့် ဈေးရောင်းချသူများကလည်း ကြည့်နေကြပြီဖြစ်သည်။ထို့ကြောင့် ထွန်းတောက် လက်လျော့ကာ မတ်တတ်ရပ်လျက် ကျန်နေခဲ့လေသည်၊စံပယ်မှာမူ သူမအလုပ်လုပ်သော ဟိုတယ်အတွင်းသို့တစိရွေ့ရွေ့နှင့် ဝင်ရောက်ပျောက်ကွယ်သွားလေတော့သည်။

  

photo credit : Google.com

Sort:  

ဘုတ်ဒေများလှချည်းလား

steem or sdb ပေးပြီး ဘုတ်ခိုင်းတာ ။ မတ်တ်ပါဘူးအကို ကောင်းမလားလုပ်ကြည့်တာ

Coin Marketplace

STEEM 0.18
TRX 0.13
JST 0.030
BTC 58269.26
ETH 3067.65
USDT 1.00
SBD 2.25