ဆဒုံးရေတံခွန် တံတား သတ္တုသယ်ယာဉ်ဖြတ်သန်းစဉ် ကျိုးကျ

in #blog6 years ago

ဆဒုံးရေတံခွန် တံတား သတ္တုသယ်ယာဉ်ဖြတ်သန်းစဉ် ကျိုးကျ

ဝိုင်းမော်၊ ဒီဇင်ဘာ ၁၄
image
ကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ်အတွင်းက ဆဒုံးရေတံခွန်ကျရာ ချောင်းကို ဖြတ်သန်းဖောက်လုပ်ထားတဲ့ ဆဒုံးရေတံခွန်တံတားဟာ ဒီကနေ့ မနက် ၁၁ နာရီလောက်မှာ သတ္တုသယ်ယာဉ်တစ်စီးဖြတ်သန်းစဉ်ကျိုးကျသွားခဲ့ပါတယ်။
image
သတ္တုသယ်ယာဉ်ဖြတ်သန်းစဉ် တံတားရဲ့အလယ်တည့်တည့်ကျနေကျိုးကျတာဖြစ်တဲ့အတွက်မော်တော်ယာဉ်ပါ အောက်ကချောင်းထဲ ကျသွားတယ်လို့ ဒေသခံတွေထံကနေသိရပါတယ်။
image
ဆဒုံရဲစခန်းရဲ့ နယ်ထိန်းရဲတပ်ဖွဲ့ဝင်တစ်ဦးက "ဟုတ်ကဲ့။ ဆဒုံးရေတံခွန်ကိုဖြတ်ထားတဲ့ တံတားပါ။ ကျိုးသွားတယ်။ ကျွန်တော်တို့ တပ်ဖွဲ့တွေသွားနေပါတယ်။ ရောက်တော့မှ အခြေအနေအသေးစိတ်ကိုသိရပါမယ် ခင်ဗျာ" လို့ ပေါ်ပြူလာနယူးစ်ရဲ့မေးမြန်းမှုကိုပြန်လည်ဖြေကြားခဲ့ပါတယ်။

ဆဒုံးရေတံခွန်တံတားဟာ မြစ်ကြီးနား-ကန်ပိုက်တီလမ်းပေါ်မှာတည်ရှိတာဖြစ်ပြီး အဆိုပါလမ်းပိုင်းအတွက်အရေးပါတဲ့တံတားတစ်စင်းလည်းဖြစ်ပါတယ်။

လက်ရှိမှာ ခရီးသွားတွေ ဟိုဘက်ဒီဘက်ပိတ်မိနေပြီး ပြုတ်ကျမော်တော်ယာဉ်ကိုလည်း ဆွဲတင်ခြင်းမပြုရသေးဘူးလို့အခင်းဖြစ်နေရာကိုရောက်ရှိနေတဲ့ ခရီးသွားထံကနေသိရပါတယ်။

PN
Photo Credit- Wunpawng Salum
ZIN MOE

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 64284.72
ETH 2650.82
USDT 1.00
SBD 2.79