ကျွန်တော်တွင် ပိုစ့်တင်စရာ ကုန်ကြမ်း မရှိတော့ပါ။ (@aggamun)

in #blog5 years ago

Steemit မှာ စာရေးမလို့ steempress ကို ဖွင့်လိုက်သည်။ ခေါင်းထဲတွင် မည်သည့် အကြောင်းအရာ ကို ရေးရမည်ဟူ၍ မစဉ်းစားမိ။ ကုန်ကြမ်းလည်း ရှာလို့ မတွေ့ပါ။ မရေးလျှင် ဒီနေ့ အတွက် vote လွတ်သွားပေလိမ့်မည်။ vote လွတ်သွားလို့တော့ လုံးဝ မဖြစ်ပါ။ ဒါလေး မှီပြီး အသက်ဆက်ထားရတာ ဖြစ်သည်။ တတ်နိုင်သရွေ့ မလွတ်အောင် ကြိုးစားရမည်။

ခေါင်း နည်းနည်း ပူလာသဖြင့် steempress ကို ခဏ ထား၍ နေ့စဉ် claim နေကျ site များမှ coin များ ရယူဖို့ new tab တစ်ခု ဖွင့်လိုက်သည်။ free claim တာဆိုတော့ တကယ့် မသထာရေစာ လောက်ပဲ ရပေမဲ့ တခြား ဆက်စပ် မှုများ ရှိနေတာကြောင့် မချစ်သော်လည်း အောင့်ကာနမ်း ရပေမည်။ freebitcoin ဆိုဒ်က lottery လေး ပေါက်သွားရင်တော့ အိုကေ စိုပြေ မည် မဟုတ်ပါလား။ claim စရာ ကုန်၍ tab ကို ပိတ်လိုက်ပြီး steempress ရှိရာသို့ ပြန်လာကာ ကုန်ကြမ်း စဉ်းစား ပြန်သည်။ သို့သော် ဦးခေါင်း ထက်မှ ညှော်နံ့ သာ ထွက်လာချေပြီ။

သို့နှင့် steempress ကို ဒီအတိုင်းထားကာ esteem app ကိုဖွင့်ပြီး ဒီနေ့ အတွက် schedule post တစ်ခု ဖန်တီးနေ လိုက်သည်။ daily quest from steemmonsters ဆိုတာလေ။ esteem က ဗုတ်ကလည်း မများလှပေမဲ့ steemmonsters ဆီမှ vote နဲ့ ပေါင်းလိုက်ရင်တော့ တော်တော် များသွားပြီ ဖြစ်သည်။ ပြင်ဆင်ပြီး၍ တစ်ခါ steempress ဆီသို့လာသော်လည်း ဘာမှ မယ်မယ်ရရ ရေးဖို့ မရှိသေးပေ။

ထို့ကြောင့် share2steem ကို အသုံးပြုဖို့ရန် twitter ပေါ်သို့ ခြေဆန့် ခဲ့ပြန်သည်။ twitter ပေါ်မှာက အင်္ဂလိပ်လိုက များသော်လည်း စာက အတော်နည်းတော့ ဖတ်ပျော်သည်။ မိမိ စိတ်ဝင်စားမည့် အကြောင်းအရာ မတွေ့လျှင် Following လုပ်ထားသူများ၏ tweet များကို မွှေနှောက်ပြန်သည်။ အတော်အတန် မျက်နှာပန်းလှသော tweet ကိုတွေ့မှသာ comment လေး နည်းနည်း ပါးပါးရေး retweet လုပ်ကာ ဒီနေ့ အတွက် ပိုစ့်တစ်ခုကို သာသာယာယာ ဖန်တီး လိုက်သည်။ ပြီးနောက် steempress ထံ ပြန်လာကာ ရေးစရာ အကြောင်းအရာကို တွေးတောနေပြန်သည်။

မရသော အခါ မထူးပါဘူး ဟု စိတ်ဆုံးဖြတ်၍ c2 အတွက် ပိုစ့်များ ရွေးချယ် ဖတ်ရှုရန် partiko app ကို ဖွင့်လိုက်ပြန်သည်။ c2 ၏ စည်းမျည်း များနှင့် လျော်ညီလောက်သော ပိုစ့်များကို ဖတ်ရှု ရွေးချယ်၍ discord တွင် link များ ချပေးလိုက်သည်။ စိတ်ဝင်စားလျှင် မိမိဉာဏ်မီ သလောက် comment လေး ပေးခဲ့လိုက်သည်။ ( ကျွန်တော် c2 အတွက် ရွေးချယ်ရာတွင် myanmar tag ဖြင့်သာ ရွေးချယ်ပါသည်။ )

အားလုံး နီးပါး ပြီးသွားတော့ steempress ဆီပြန်လာ ပိုစ့် တစ်ခု ထွက်ဖို့ ခေါင်းပေါက်မထွက် စဉ်းစား ရမည်။ အရင်က တော့ steemmonsters ကစားဖို့ရှိသေးသော်လည်း အခုအခါ ကဒ်များ အားလုံး market သို့ ပို့ထားသဖြင့် ကစားလို့ မရတော့ပါ။ ထို့ကြောင့် ပိုစ့် ထွက်အောင်သာ မရမနေ အားထုတ် ကြိုးပမ်းရတော့မည်။ လုံးဝ မရရင်တော့ ဒီနေ့ အတွက် vote ကို လက်လွှတ်ရန်သာ ရှိတော့သည်။


So many thanks for reading and visiting my blog.

Have a good day to all steemians!

@aggamun

To play drugwars : https://staging.drugwars.io/#!/ref/@aggamun

To play steemmonsters : https://steemmonsters.com?ref=aggamun

To play Magicdice : https://magic-dice.com/?ref=aggamun

To play moonSTEEM : https://www.moonsteem.com/?ref=aggamun

Using share2steem.io : https://share2steem.io/?ref=aggamun

My bounty post for this week : https://steemit.com/msu/@aggamun/together-with-you-steembounty-thng-esny-nyaa-thng-wng-atu-week-19-aggamun



Posted from my blog with SteemPress : http://steemhosting.com/aggamun/?p=130
Sort:  

စာတစ်ပုဒ်ဖြစ်ဖို့ ဒီလိုတွေးပြီးရေးတင်လိုက်တာကိုက ဆရာကျပါတယ် very good idea ဒါနဲ့စကားမစပ် bro ,steempress ကို ဖုန်းနဲ့တင်လို့ရလား bro @aggamun

Posted using Partiko Android

ဟုတ် ရပါတယ်ဗျ။ @naythan bro။ mmunited ကြီး လုပ်ပေးတာပါ။ :)

Posted using Partiko Android

ကျွန်တော်လဲ ဟိုရေးဒီရေး ပြန်ရေးမလားလို့ပါ steempress နဲ့ ,ကျေးဇူးပါ bro ,actifit လေးလုပ်ထားပါလား bro upvote လဲရ token လဲရမှာ ဘာမှမရတာထက်စာရင်ကောင်းမယ်ထင်တယ် bro ..actifit က လာ vote တယ် @aggamun

Posted using Partiko Android

ဟုတ် bro။ ကျွန်တော့ ပုံစံနဲ့ actifit မကိုက်လို့ပါ။ ကျေးဇူးပါဗျ။ :)

Posted using Partiko Android

မရှိတာလည်း ပို့စ်တငိလို့ ရတာပဲ😁😁

Posted using Partiko Android

ဒီလိုဘဲ လေဗျာ။ မရှိတာကိုက ရှိနေတာပဲလေ 😜

Posted using Partiko Android

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.032
BTC 57791.14
ETH 2962.27
USDT 1.00
SBD 3.67