လာထား အာဘွားပဲ (@aggamun)

in #blog7 years ago

၆ လပိုင်း ကုန်ခဲ့ပါပြီ။ လကုန်ပြီ ဆိုတော့လည်း ကိုယ့် အကောင့် review လေး ရေးဦးမှ ပါပဲ။ ရေးလေ့ ရေးထ မရှိပေမယ့် သူများ ရေးတာ ( အထူးသဖြင့် ဆရာသမားတွေကို ) အားကျပြီး ရေးမှာ ဖြစ်ပါတယ်။ ကိုယ့် အကြောင်းကိုယ် ရေးတယ် ဆိုတာထက် အားမလို အားမရ တဲ့ အချက်တွေ ရေးမှာ ဖြစ်တဲ့ အတွက် စိတ်ပျက် စရာတွေချည်း ဖြစ်နေပါလိမ့်မယ်။

steemworld မှာ ကိုယ့် အကောင့် မွှေ လိုက်တော့ တစ်ပတ်ကို 7 SP ကျော်ကျော် ရပြီး နောက်ဆုံး ရက် ၃၀ မှာ ဆို SP ချည်း သီးသန့် 39 SP လောက် ရနေတာ တွေ့ရပါတယ်။ ဒါဟာ အရင် အစပိုင်း အနေအထားနဲ့ ဆိုရင် ပုရွက်ဆိတ်နဲ့ ဆိတ် လောက်ကွာ ပါတယ်။ target ကို ပြည့်ဖို့ တော့ သုံးဆ လောက် ကြိုးစားရဦးမှာပါ။ မှန်းထားတာနဲ့ ရလာတာနဲ့ ကတော့ ဆင်နဲ့ ဆိတ်လောက် ကွာနေပါသေးတယ်။

ဒါဟာ rewards ကို 50/50 ထားလို့လည်း ဖြစ်ပါတယ်။ rewards 100% ထားမယ်ဆိုရင် ဒီထက်ပိုမို နီးစပ်နိုင်မယ့် အနေအထား တော့ ရှိပါတယ်။ အခုတော့ မှန်းထားတဲ့ SP 400 မပြည့်ဘဲ 369 SP ပဲ ရပါတယ်။ ဒါကြောင့် လိုအပ် တဲ့ SP ကို power up ရတော့မှာပါ။

ခက်တာက စတင်းတွေက သုံးစရာ နေရာ ရှိပါသေးတယ်။ ဒါကြောင့် အခု ချက်ချင်း SP မဖြည့် သေးဘဲ လကုန် ထိ စောင့်နေရင် ကောင်းမလား။ အခု တစ်ခါတည်း power up လိုက်ရင် ပိုကောင်းမလား ဝေခွဲရ ခက်နေပါတယ်။ ဘယ်ဟာ က ပို အကျိုးရှိနိုင်လဲ ဆိုတာ စဉ်းစားရ ခက်နေဆဲပါ။ ကျွန်တော့ နေရာမှာ မိတ်ဆွေ တို့ ဆိုရင် ဘာလုပ်မလဲ သိချင်မိတယ်ဗျာ။

nc က သာ ထိုက်သင့် သလောက် ပြန်ရနေရင် အခုက ပြဿနာ လို့တောင် သတ်မှတ်စရာ မလိုပါဘူးဗျာ။ nc က အရမ်း အေးစက် နေတော့ ဟိုဟာလား ဒီဟာလား လုပ်ရကိုင်ရ ခက်နေတာပါ။ nc ကနေ ခုနေ စတင်း ၇၀၀ လောက်သာ ထုတ်နိုင်ရင် ရှိသမျှ အကုန် ရောင်းပစ်မိမလား မသိဘူး။ လောလောဆယ် nc မှာ က ကျွန်တော် စိတ်ဝင်စားဆုံး အပိုင်းက တစ်ခုပဲ ရှိပါတယ်။ ဒါကို nc player တိုင်း စိတ်ဝင်စားမယ် ထင်ပါတယ်။

Legendary ကို ဘယ်သူ အရင်ဆုံး ပိုင်ဆိုင်နိုင်မလဲ ? ကျွန်တော် ထင်တာက တော့ top 10 က player တွေသာ ပိုင်ဆိုင်နိုင်မယ် ထင်ပါတယ်။ သူတို့က တကယ့်ကို အင်တိုက် အားတိုက် ကစားနေကြသူတွေ မဟုတ်ပါလား။ ပြီးတော့ nc ကလည်း investment တစ်ခုပဲလေ။

ဒီကြား ထဲကမှ ကြမ္မာ ရထားက အထာ မှားပြီး ကျွန်တော့ရှေ့ အသာ လာ နား လိုက်ရင်ဖြင့် ……

Written by @aggamun



Posted from my blog with SteemPress : http://steemhosting.com/aggamun/?p=331
Sort:  

ကံ​ကောင်း​စေချင်​ပါတယ်​ဗျာ 😃

Posted using Partiko Android

ကျေးဇူးပါ ဗျ။ ဆုတောင်း ပေးတာ အားတွေ ရှိလာပြီ။ 👍

Posted using Partiko Android

Coin Marketplace

STEEM 0.04
TRX 0.32
JST 0.075
BTC 64115.74
ETH 1677.03
USDT 1.00
SBD 0.42