Blockchain ဆိုတာဘာႀကီးလဲ?

in #blockchain6 years ago

ဒီတစ္ပတ္မွာေတာ့ လူအမ်ား စိတ္ဝင္စားတဲ့၊ လုပ္ငန္းေတြအတြက္ ေကာင္းမြန္တဲ့ အက်ိဳးသက္ေရာက္မႈရွိေစမယ့္ Blockchain အေၾကာင္း နဲ႔ Blockchain ရဲ႕ လုပ္ေဆာင္ပုံေတြ၊ အေရးပါပုံေတြကုိ ေဖာ္ျပေပးလုိက္ပါတယ္။

သင့္ရဲ႕ စီးပြားေရး လုပ္ငန္းမ်ားကုိ Blockchain က ဘယ္လုိ သက္ေရာက္မႈရွိေစမလဲ။
ကမာၻ႔စီးပြားေရးကို နက္နဲသိမ္ေမြ႕စြာ သက္ေရာက္လာမယ့္ နည္းပညာေတာ္လွန္ေျပာင္းလဲမႈ တစ္ခုရွိေနျပီး၊ အဲ့ဒီအရာဟာ လူမဲ့ေမာင္းနွင္နိုင္တဲ့ကား မဟုတ္သလို augmented reality (AR) နည္းပညာေတြ ဒါမွမဟုတ္ (3D printing) လုိ႔ေခၚတဲ့ သံုးဖက္ျမင္ ပံုႏုိပ္ျခင္းေတြလဲ မဟုတ္ပါဘူး။
အဲ့ဒီ နည္းပညာကုိ ေခၚဆုိတာကေတာ့ Blockchain ပဲ ျဖစ္ပါတယ္။ အဲ့ဒါဟာ မၾကာမွီျဖစ္လာမယ့္ Computer Engineering မ်ိဳးဆက္ေတြမွာေတာ့ အသိမ္ေမြ႕ဆံုး ေျပာင္းလဲတိုးတက္မႈတစ္ခုျဖစ္လာဖို႔ ေသခ်ာသေလာက္ပါပဲ။ Blockchain ဟာ အဆင့္သတ္မွတ္ခ်က္ အတုိင္းအတာ တစ္ခုအထိ ယံုၾကည္စိတ္ခ်ဖုိ႔ေကာင္းျခင္း၊ တာ၀န္ခံေပးျခင္းနဲ႔ Electronic Transaction အမ်ိဳးမ်ိဳးတုိ႔အတြက္ ရွင္းလင္းစြာ နားလည္ သေဘာေပါက္ေစျခင္း စတာေတြနဲ႔ တည္ေဆာက္ေပးထားတဲ့ နည္းပညာတစ္ခုပဲ ျဖစ္ပါတယ္ ။

ေနာင္အနာဂတ္မွာ ေတြ႕ျမင္လာရမယ့္ အင္တာနက္။

Blockchain ဆိုတာဟာ မ်ားစြာေသာ Transaction ေတြကို Block အေနနဲ႔ အစဥ္မျပတ္ ထိန္းသိမ္းေပးထားတဲ့ Electronic Ledger တစ္ခုျဖစ္ျပီး အဆိုပါမွတ္တမ္း Block ေတြကိုအတည္ျပဳစစ္ေဆးေပးတဲ့ နည္းပညာတစ္ခုျဖစ္ပါတယ္။
အဆိုပါ Ledger ဟာ Transaction ေတြကို ၾကားကေန ဆက္သြယ္ေဆာင္ရြက္ေပးမယ့္ စနစ္တစ္ခုကို အသံုးျပဳစရာမလိုပဲ ဘယ္သူ႔ကိုမဆို လြယ္ကူျပီး လံုျခံဳစိတ္ခ်ရတဲ့နည္းလမ္းနဲ႔ စီမံခန္႔ခြဲခြင့္ရမွာပဲျဖစ္ပါတယ္။ သူ႔ရဲ႕အက်ိဳးေက်းဇူး (၃) ခ်က္ ကုိလည္း ေဖာ္ျပေပးလုိက္ပါတယ္။

အမွီအခိုကင္းျခင္း - ေငြလႊဲဌာနေတြ၊ ဘဏ္ေတြ၊ အေၾကြး၀ယ္ကဒ္ ကုမၸဏီေတြနဲ႔ လုပ္ငန္းစုၾကီးေတြက ကုိယ့္ရဲ႕ လုပ္ပိုင္ခြင့္ ေတြအေပၚ လႊမ္းမုိးခ်ဳပ္ကုိင္မႈေတြရွိေနတဲ့ ေန႔ေတြကို နႈတ္ဆက္ခဲ့လိုက္ပါ ။ Blockchian နည္းပညာနဲ႔ ဆိုရင္ လူတိုင္းဟာ တူညီတဲ့ အခ်က္အလက္ေတြနဲ႔ လုပ္ကိုင္နိုင္စြမ္းေတြကို သာတူညီမွ်ရရွိၾကမွာျဖစ္ပါတယ္ ။

ေနရာေဒသ အခက္အခဲ ကင္းျခင္း - ဆီလီကြန္ေဗလီ ရဲ႕ အခ်က္အခ်ာက်တဲ့ေနရာမွာတင္မဟုတ္ပဲ အာဖရိကရဲ႕ အစြန္အဖ်ား မွာပဲ ျဖစ္ေနပါေစ လူတိုင္းဟာ မိုဘုိင္း(လ္)ဖုန္းေတြ အသံုးျပဳသလိုမ်ိဳး အလြန္ရိုးရွင္းတဲ့ ခ်ိတ္ဆက္မႈကေနတစ္ဆင့္ အရင္ တုန္းက အဖြဲ႕အစည္းၾကီးေတြအေနနဲ႔သာ အသံုးျပဳခြင့္ရခဲ့့တဲ့ အခြင့္အေရးေတြကို ရယူသံုးစြဲနိုင္မွာပဲျဖစ္ပါတယ္။

ဖ်က္စီးမရနိုင္တဲ့ မွတ္တမ္းျဖစ္ျခင္း - State-of-the-art Cryptography ကို အသံုးျပဳထားျခင္းအားျဖင့္ မွတ္တမ္းေတြဟာ မေပ်ာက္ပ်က္ျခင္း၊ လုံျခဳံ စိတ္ခ်ရမႈရွိတဲ့အျပင္ အသံုးျပဳသူမ်ားရဲ႕ ကြန္ယက္ တည္ေနရမ်ားကုိလည္း အတည္ျပဳစစ္ေဆးမႈ ေတြ ရွိမွာလဲျဖစ္ပါတယ္။

Blockchain ဘယ္လို အလုပ္လုပ္သလဲ။

Blockchain ဟာ ကြန္ယက္တစ္ခုအတြင္းက အျမဲတမ္းတြက္ခ်က္မႈရွိေနတဲ့ Transaction ေတြအားလံုးရဲ႕ Public Ledger တစ္ခုပဲျဖစ္ပါတယ္။ Transaction Block ေတြဟာ ေန႔စြဲ အစီအစဥ္အတိုင္း ထည့္သြင္းထားတာမ်ိဳးျဖစ္ျပီး၊ ကြန္ယက္ကို ခ်ိတ္ဆက္လာတဲ့ ကြန္ပ်ဴတာတိုင္းရဲ႕ Transaction ေတြကို အတည္ျပဳစစ္ေဆးမႈေတြကို ျပဳလုပ္ပါတယ္ ။ ထို႔ေနာက္ အဆိုပါ အခ်က္အလက္ေတြကို ဘယ္အဖြဲ႕အစည္းကမွ ၾကီးၾကပ္ထိန္းခ်ဳပ္ထားျခင္းမရွိတဲ့၊ အမွီအခိုကင္းတဲ့ ကြန္ယက္တစ္ခုအျဖစ္ ျပဳလုပ္ပါတယ္။

Block တစ္ခုဟာ Blockchain ရဲ႕ လက္ရွိ အစိတ္အပိုင္းတစ္ခုျဖစ္ျပီး Transaction အခ်ိဳ႕ ဒါမွမဟုတ္ လတ္တစ္ေလာ ရွိသမွ် Transaction ေတြ အားလံုးကို မွတ္သားထားျပီး အဆိုပါ Transaction ေတြ အလံုးစံုျပီးျပည့္စံုသြားတဲ့အခ်ိန္မွာေတာ့ Blockchain သို႔မဟုတ္ တည္ျမဲတဲ့ အခ်က္အလက္သိုမွီးမႈ စနစ္ထဲကို ပို႔လႊတ္ပါတယ္ ။ Block တိုင္းကို အခ်ိန္၊ ေန႔စြဲနဲ႔တကြ အစီအရီ သိမ္းဆည္းထားျပီး Hack လို႔ မရနိုင္ေအာင္ ျပဳလုပ္ထားပါတယ္ ။

Blockchain ဟာ ေျပာင္းလဲတိုးတက္မႈတစ္ခု ျဖစ္တယ္။

Blockchain တစ္ခုအေနနဲ႔ လူသိအမ်ားဆံုး Application တစ္ခုကေတာ့ လတ္တစ္ေလာမွာ ေတာ္လွန္ေျပာင္းလဲလိုက္တဲ့ ေငြေၾကးစနစ္တစ္ခုအျဖစ္ လူသိမ်ားတဲ့ ဘစ္ကြိဳင္ ပဲ ျဖစ္ပါတယ္။ ဘစ္ကြိဳင္ ဟာ ၄င္းရဲ႕ အသံုးျပဳသူ ကြန္ယက္ေပၚမွာသာ မီွခို ထားျပီး ကိုယ္တိုင္စီမံခန္႔ခြဲနိုင္တဲ့ ေငြေၾကးစနစ္တစ္ခုျဖစ္ပါတယ္။ တန္ဖိုးေျပာင္းလဲဖို႔မလြယ္တဲ့ ေငြမာေတြလိုမ်ိဳး အလြယ္တ ကူ အတုျပဳလုပ္လို႔ မရနိုင္တဲ့အျပင္ ေျခရာေကာက္လို႔ မရနိုင္တာမ်ိဳးေတြလဲ မရွိနိုင္ပါဘူး။ ဘာ့ေၾကာင့္လဲဆိုေတာ့ ဘစ္ကြိဳင္ ဟာ Digital Economy အတြက္ တည္ေဆာက္ထားတာျဖစ္ျပီး Transaction တိုင္းဟာ အေသးစိတ္က်တဲ့ အခ်က္အလက္ သမိုင္းေၾကာင္းေတြနဲ႔ မွတ္သားထားတဲ့အတြက္ေၾကာင္႔ပါ။ ဒါေပမယ့္ ဘစ္ကြိဳင္ ဆိုတာဟာ အစပဲရွိပါေသးတယ္။ တိုးတက္ ေျပာင္းလဲလာတဲ့ Ledger နည္းပညာေတြအေနနဲ႔ စီးပြားေရးလုပ္ငန္းေတြကို ဘယ္လို သက္ေရာက္မႈရွိလာမွာပါလဲ ဆုိတာ ကေတာ့...

၁. သန္းေပါင္းမ်ားစြာ ေသာ လူေတြကို ကမာၻ႕စီးပြားေရးမွာ ပါ၀င္လာေစနိုင္ျခင္း။

ကမာၻ႕ဘဏ္ရဲ႕အဆိုအရ (၂) သန္းမကေသာ လူေတြဟာ ယေန႔အခ်ိန္ထိ Basic Transaction ေတြကို ထိေတြ႕သံုးစြဲနိုင္စြမ္း မရွိေသးဘူးလို႔ သိရပါတယ္။ ယခင္ အစဥ္အလာေဟာင္း က်င့္သံုးတဲ့ ဘ႑ာေရးအဖြဲ႔အစည္းေတြအေနနဲ႔ ေပးစြမ္းနိုင္ျခင္း မရွိတဲ့ အေသးစိတ္ကိစၥရပ္ေတြဟာ ကမာၻ႕စီးပြားေရးမွာ လူတိုင္းအျပည့္အ၀ ပါ၀င္လာနိုင္ဖို႔အတြက္ကို ေရႊျပည္ေတာ္ရယ္ ေမွ်ာ္တိုင္းေ၀းေစပါတယ္။ Blockchain အေနနဲ႔ကေတာ့ ဒီလူေတြကို သင့္ေတာ္သလို ပါ၀င္လာေစနိုင္မွာျဖစ္ျပီး ဘ႑ာေရး ဆိုင္ရာ ကိစၥရပ္ေတြမွာ ၀င္ေရာက္ အသံုးျပဳနိုင္ခြင့္ကို လြယ္ကူလံုျခံဳမႈရွိေအာင္ ျပဳလုပ္ေပးနိုင္မွာပဲ ျဖစ္ပါတယ္။

ယေန႔ေခတ္ စီးပြားေရးနယ္ပယ္မွာ နိုင္ငံတစ္နိုင္ငံနဲ႔တစ္နိုင္ငံ Transaction ေလး တစ္ေၾကာင္း အဆင္ေျပေခ်ာေမြ႕သြားဖို႔ အတြက္ကို အဖြဲ႕အစည္း တစ္ဒါဇင္ေလာက္ဟာ ရာနဲ႔ခ်ီေအာင္ အဆက္အသြယ္ေတြလုပ္ၾကရပါတယ္။ ဒါဟာ ေျပာင္းလဲ သင့္တဲ့ ကိစၥရပ္ပါပဲ။

အခ်င္းခ်င္း တိုက္ရိုက္ဆက္သြယ္နိုင္မႈ ပံုစံသစ္ကို ဘဏ္ေတြ၊ အေၾကြး၀ယ္ကဒ္ ကုမၸဏီေတြနဲ႔ အစိုးရလိုမ်ိဳး ၾကားခံ ဆက္ သြယ္ေပးမယ့္ အဖြဲ႔အစည္းလိုမ်ိဳး ေနရာေတြမွာ အစားထိုးလိုက္မယ္ဆိုရင္ အရင္တုန္းက ဘဏ္ စနစ္ကို အသံုးမျပဳနိုင္တဲ့ သန္းေပါင္းမ်ားစြာေသာ လူေတြဟာ အသစ္ျဖစ္လာမယ့္ ကမာၻ႕စီးပြားေရးမွာ ပါ၀င္လက္တြဲလာနိုင္မွာပဲ ျဖစ္ပါတယ္ ။

၂. လုပ္ငန္းပိုင္းဆိုင္ရာ အသံုးစရိတ္ ေလွ်ာ႔ခ်နိုင္ျခင္း။

Blockchain နည္းပညာဟာ အုပ္ခ်ဳပ္မႈစနစ္ေတြ၊ ေစာင့္စည္းလိုက္နာစရာေတြ၊ စီမံခန္႔ခြဲမႈေတြစတဲ့ လုပ္ငန္းပိုင္းဆိုင္ရာ ခက္ခဲတဲ့ လည္ပတ္မႈေတြကို ေခ်ာေမြ႕လြယ္ကူေစျပီး အလိုအေလ်ာက္ တာ၀န္ယူေဆာင္ရြက္ ေပးလာနိုင္မယ့္ သိမ္ေမြ႕တဲ့ အေျပာင္းအလဲတစ္ခုအျဖစ္ ရပ္တည္လ်က္ရွိပါတယ္။ ယေန႔ေခတ္မွာ အဖြဲ႔အစည္းတစ္ခုနဲ႔တစ္ခုၾကား စက္ပစၥည္း အခ်င္း ခ်င္း ဆက္သြယ္အသံုးျပဳမႈဟာ ကုန္က်စရိတ္မ်ားျပီး ေႏွးေကြးတဲ့အျပင္ တစ္ခါတစ္ေလမွာ က်ယ္ျပန္႔တဲ့ လူ႔အရင္းအျမစ္ လိုအပ္ခ်က္ေတြလဲ ရွိနိုင္ပါတယ္။ အဖြဲ႕အစည္းအခ်င္းခ်င္း ဆက္သြယ္နိုင္ဖို႔ ကိုယ္ပိုင္ IT Systems ေတြနဲ႔ Solution ေတြကို ေပါင္းကူး တံတားသဖြယ္ တည္ေဆာက္ရတာဟာ တစ္ခါတစ္ေလမွာ ကုန္က်ခံဖို႔ မထိုက္တန္လွပါဘူး ။ Blockchain အေန နဲ႔ကေတာ့ စံသတ္မွတ္ထားတဲ့ ကမာၻသံုး အခ်က္အလက္ သိုမွီးမႈစနစ္ကို မိတ္ဆက္ခဲ့ျပီး စနစ္ေတြ၊ အဖြဲ႔အစည္းေတြၾကား တစ္ခါမွ မရွိခဲ့ဖူးတဲ့ လြယ္ကူသက္သာမႈကို ဖန္တီးေပးနိုင္ခဲ့ပါတယ္။ လတ္တစ္ေလာရရွိထားတဲ့ စစ္တမ္းမ်ားအရ Blockchain နည္းပညာဟာ ဘဏ္လုပ္ငန္းနယ္ပယ္အတြက္ တစ္နွစ္ကို (၈) ဘီလ်ံ နဲ႔ (၁၂) ဘီလ်ံၾကား ပိုမို သက္သာလာ ဖြယ္ရွိတယ္လို႔ ဆိုပါတယ္ ။

၃. သေဘာတူညီမႈ စာခ်ဳပ္စာတန္းေတြကို ပိုမို ျမန္ဆန္ ေခ်ာေမြ႔ လြယ္ကူ လာေစျခင္း။

ဥာဏ္ရည္ျမင့္စာခ်ဳပ္ဆိုတာဟာ အတည္ျပဳစစ္ေဆးမႈေတြနဲ႔ စာခ်ဳပ္ရဲ႕ ဆိုလိုရင္းအနွစ္သာရကို ျဖစ္ေျမာက္ေအာင္ ဖန္တီး ေဆာင္ရြက္ေပးနိုင္တဲ့ Computar Protocol ေတြပဲျဖစ္ပါတယ္။ အေျခခံအားျဖင့္ေတာ့ ဥာဏ္ရည္ျမင့္ စာခ်ဳပ္ေတြဟာ စာခ်ဳပ္ ပါ အေၾကာင္းအခ်က္ သေဘာတူညီမႈေတြကို ေရွ႕ေနေတြ၊ အေပါင္ပစၥည္းေတြနဲ႔ ၾကားပြဲစားလိုမ်ိဳး ၾကားခံေတြ၊ အခ်ိန္၊ ကုန္က်စရိတ္ေတြကုိပါ ပိုျပီးျမင့္တက္ေစတဲ့အရာေတြ မပါ၀င္ေစပဲ တိုက္ရိုက္အေျချပဳ ပံုေဖာ္ေပးနိုင္တဲ့အရာတစ္ခု ျဖစ္ပါ တယ္။

ဥာဏ္ရည္ျမင့္စာခ်ဳပ္ေတြဟာ တာ၀န္၀တၱရားေတြ၊ အစီရင္ခံစာေတြကို မွတ္တမ္းဖမ္းယူေပးနိုင္တဲ့အျပင္ လုပ္ငန္းေဆာင္ ရြက္မႈပိုင္းဆိုင္ရာ အမွားေတြကိုလဲ ေလွ်ာ့ခ်ေပးပါတယ္။ အဆံုးမရွိတဲ့ စာရြက္စာတမ္းကိစၥေတြ၊ အခ်က္အလက္ အရင္း အျမစ္ေတြနဲ႔ အစီရင္ခံစာ ယႏၲယားေတြေၾကာင့္ အလုပ္ေတြပံုေနတတ္တဲ့ အစိုးရအဖြဲ႕အစည္းေတြ၊ လုပ္ငန္းၾကီးေတြ အေနနဲ႔ ေငြေပးေခ်ျခင္းေတြ၊ အတည္ျပဳစစ္ေဆးမႈေတြကို အခ်ိန္နဲ႔တစ္ေျပးညီ လွ်င္လွ်င္ျမန္ျမန္တိတိက်က် ေဆာင္ရြက္လာနိုင္ဖြယ္ ရွိပါတယ္။

Blockchain ရဲ႕ အနာဂတ္။

Blockchain ဟာ ယင္းရဲ႕ အေစာပိုင္း ဖြံ႕ျဖိဳးေရးလုပ္ငန္းမ်ားမွာတင္ ကြ်န္ေတာ္တို႔ရဲ႕ သံသယကို ရိုက္ခ်ိဳးခဲ့ပါျပီ။ ေနာင္ နွစ္ေပါင္း ၂၀ ေက်ာ္မွာ ျဖစ္လာနိုင္မယ့္ Internet အေျခအေနနဲ႔ ေနာင္ ဆယ္စုနွစ္မွာ ျဖစ္လာနိုင္တဲ့ Cloud နည္းပညာေတြ ကို ေကာင္းေကာင္းၾကီးယွဥ္နိုင္တဲ့ အေျခအေနမ်ိဳးမွာ ရွိေနမွာပါ။ လတ္တစ္ေလာ အေနနဲ႔ မရင့္က်က္ေသးတဲ့ အေနအထား လို႔ ဆိုနိုင္ေပမယ့္ Blockchain ဟာ ခဏေလးအတြင္း ေပ်ာက္ပ်က္သြားမယ့္အရာမ်ိဳး မဟုတ္ပါဘူး။ ျပီးခဲ့တဲ့ ေဆာင္းဦး ေပါက္တုန္းက IBM အေနနဲ႔ Blockchain နဲ႔ ပတ္သတ္လို႔ ဖြံ႕ျဖိဳးမႈ သုေတသနလုပ္ငန္းေတြ ေဆာင္ရြက္ဖို႔ (၂၀၀) ဘီလ်ံ ရင္းနွီးျမဳတ္နွံမွာျဖစ္ျပီး အဲ့ဒီအတြက္ လူေပါင္း ၁၀၀၀ ေလာက္ကိုလဲ အလုပ္ခန္႔ဖို႔ ရည္ရြယ္ထားတယ္လို႔ ထုတ္ျပန္ ေၾကညာ ထားပါတယ္။

ဒါေတြရဲ႕ အက်ိဳးဆက္၊ အက်ိဳးရလာဒ္ကေတာ့ ကမာၻ႕စီးပြားေရးမွာလူေတြ ပိုမိုပါ၀င္လာနိုင္ျပီး လုပ္ငန္းပိုင္း ေဆာင္ရြက္မႈ ကုန္က်စရိတ္ေတြဟာ ေလ်ာ႔က်လာျခင္း၊ သေဘာတူညီမႈ စာခ်ဳပ္ေတြဟာလဲ ပိုျပီး လြယ္ကူေခ်ာေမြ႕ ျမန္ဆန္လာျခင္း စတဲ့ အက်ိဳးေက်းဇူးေတြဟာ Blockchain က စီးပြားေရးလုပ္ငန္းေတြအေပၚ အက်ိဳးျပဳနုိင္တဲ့ အားသာခ်က္ေတြပဲျဖစ္ေၾကာင္း တင္ျပလုိက္ပါတယ္။

Unicode Version Below

ဒီတစ်ပတ်မှာတော့ လူအများ စိတ်ဝင်စားတဲ့၊ လုပ်ငန်းတွေအတွက် ကောင်းမွန်တဲ့ အကျိုးသက်ရောက်မှုရှိစေမယ့် Blockchain အကြောင်း နဲ့ Blockchain ရဲ့ လုပ်ဆောင်ပုံတွေ၊ အရေးပါပုံတွေကို ဖော်ပြပေးလိုက်ပါတယ်။

သင့်ရဲ့ စီးပွားရေး လုပ်ငန်းများကို Blockchain က ဘယ်လို သက်ရောက်မှုရှိစေမလဲ။
ကမ္ဘာ့စီးပွားရေးကို နက်နဲသိမ်မွေ့စွာ သက်ရောက်လာမယ့် နည်းပညာတော်လှန်ပြောင်းလဲမှု တစ်ခုရှိနေပြီး၊ အဲ့ဒီအရာဟာ လူမဲ့မောင်းနှင်နိုင်တဲ့ကား မဟုတ်သလို augmented reality (AR) နည်းပညာတွေ ဒါမှမဟုတ် (3D printing) လို့ခေါ်တဲ့ သုံးဖက်မြင် ပုံနိုပ်ခြင်းတွေလဲ မဟုတ်ပါဘူး။
အဲ့ဒီ နည်းပညာကို ခေါ်ဆိုတာကတော့ Blockchain ပဲ ဖြစ်ပါတယ်။ အဲ့ဒါဟာ မကြာမှီဖြစ်လာမယ့် Computer Engineering မျိုးဆက်တွေမှာတော့ အသိမ်မွေ့ဆုံး ပြောင်းလဲတိုးတက်မှုတစ်ခုဖြစ်လာဖို့ သေချာသလောက်ပါပဲ။ Blockchain ဟာ အဆင့်သတ်မှတ်ချက် အတိုင်းအတာ တစ်ခုအထိ ယုံကြည်စိတ်ချဖို့ကောင်းခြင်း၊ တာဝန်ခံပေးခြင်းနဲ့ Electronic Transaction အမျိုးမျိုးတို့အတွက် ရှင်းလင်းစွာ နားလည် သဘောပေါက်စေခြင်း စတာတွေနဲ့ တည်ဆောက်ပေးထားတဲ့ နည်းပညာတစ်ခုပဲ ဖြစ်ပါတယ် ။

နောင်အနာဂတ်မှာ တွေ့မြင်လာရမယ့် အင်တာနက်။

Blockchain ဆိုတာဟာ များစွာသော Transaction တွေကို Block အနေနဲ့ အစဉ်မပြတ် ထိန်းသိမ်းပေးထားတဲ့ Electronic Ledger တစ်ခုဖြစ်ပြီး အဆိုပါမှတ်တမ်း Block တွေကိုအတည်ပြုစစ်ဆေးပေးတဲ့ နည်းပညာတစ်ခုဖြစ်ပါတယ်။
အဆိုပါ Ledger ဟာ Transaction တွေကို ကြားကနေ ဆက်သွယ်ဆောင်ရွက်ပေးမယ့် စနစ်တစ်ခုကို အသုံးပြုစရာမလိုပဲ ဘယ်သူ့ကိုမဆို လွယ်ကူပြီး လုံခြုံစိတ်ချရတဲ့နည်းလမ်းနဲ့ စီမံခန့်ခွဲခွင့်ရမှာပဲဖြစ်ပါတယ်။ သူ့ရဲ့အကျိုးကျေးဇူး (၃) ချက် ကိုလည်း ဖော်ပြပေးလိုက်ပါတယ်။

အမှီအခိုကင်းခြင်း - ငွေလွှဲဌာနတွေ၊ ဘဏ်တွေ၊ အကြွေးဝယ်ကဒ် ကုမ္ပဏီတွေနဲ့ လုပ်ငန်းစုကြီးတွေက ကိုယ့်ရဲ့ လုပ်ပိုင်ခွင့် တွေအပေါ် လွှမ်းမိုးချုပ်ကိုင်မှုတွေရှိနေတဲ့ နေ့တွေကို နှုတ်ဆက်ခဲ့လိုက်ပါ ။ Blockchian နည်းပညာနဲ့ ဆိုရင် လူတိုင်းဟာ တူညီတဲ့ အချက်အလက်တွေနဲ့ လုပ်ကိုင်နိုင်စွမ်းတွေကို သာတူညီမျှရရှိကြမှာဖြစ်ပါတယ် ။

နေရာဒေသ အခက်အခဲ ကင်းခြင်း - ဆီလီကွန်ဗေလီရဲ့ အချက်အချာကျတဲ့နေရာမှာတင်မဟုတ်ပဲ အာဖရိကရဲ့ အစွန်အဖျား မှာပဲ ဖြစ်နေပါစေ လူတိုင်းဟာ မိုဘိုင်း(လ်)ဖုန်းတွေ အသုံးပြုသလိုမျိုး အလွန်ရိုးရှင်းတဲ့ ချိတ်ဆက်မှုကနေတစ်ဆင့် အရင် တုန်းက အဖွဲ့အစည်းကြီးတွေအနေနဲ့သာ အသုံးပြုခွင့်ရခဲ့့တဲ့ အခွင့်အရေးတွေကို ရယူသုံးစွဲနိုင်မှာပဲဖြစ်ပါတယ်။

ဖျက်စီးမရနိုင်တဲ့ မှတ်တမ်းဖြစ်ခြင်း - State-of-the-art Cryptography ကို အသုံးပြုထားခြင်းအားဖြင့် မှတ်တမ်းတွေဟာ မပျောက်ပျက်ခြင်း၊ လုံခြုံ စိတ်ချရမှုရှိတဲ့အပြင် အသုံးပြုသူများရဲ့ ကွန်ယက် တည်နေရများကိုလည်း အတည်ပြုစစ်ဆေးမှု တွေ ရှိမှာလဲဖြစ်ပါတယ်။

Blockchain ဘယ်လို အလုပ်လုပ်သလဲ။

Blockchain ဟာ ကွန်ယက်တစ်ခုအတွင်းက အမြဲတမ်းတွက်ချက်မှုရှိနေတဲ့ Transaction တွေအားလုံးရဲ့ Public Ledger တစ်ခုပဲဖြစ်ပါတယ်။ Transaction Block တွေဟာ နေ့စွဲ အစီအစဉ်အတိုင်း ထည့်သွင်းထားတာမျိုးဖြစ်ပြီး၊ ကွန်ယက်ကို ချိတ်ဆက်လာတဲ့ ကွန်ပျူတာတိုင်းရဲ့ Transaction တွေကို အတည်ပြုစစ်ဆေးမှုတွေကို ပြုလုပ်ပါတယ် ။ ထို့နောက် အဆိုပါ အချက်အလက်တွေကို ဘယ်အဖွဲ့အစည်းကမှ ကြီးကြပ်ထိန်းချုပ်ထားခြင်းမရှိတဲ့၊ အမှီအခိုကင်းတဲ့ ကွန်ယက်တစ်ခုအဖြစ် ပြုလုပ်ပါတယ်။

Block တစ်ခုဟာ Blockchain ရဲ့ လက်ရှိ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး Transaction အချို့ ဒါမှမဟုတ် လတ်တစ်လော ရှိသမျှ Transaction တွေ အားလုံးကို မှတ်သားထားပြီး အဆိုပါ Transaction တွေ အလုံးစုံပြီးပြည့်စုံသွားတဲ့အချိန်မှာတော့ Blockchain သို့မဟုတ် တည်မြဲတဲ့ အချက်အလက်သိုမှီးမှု စနစ်ထဲကို ပို့လွှတ်ပါတယ် ။ Block တိုင်းကို အချိန်၊ နေ့စွဲနဲ့တကွ အစီအရီ သိမ်းဆည်းထားပြီး Hack လို့ မရနိုင်အောင် ပြုလုပ်ထားပါတယ် ။

Blockchain ဟာ ပြောင်းလဲတိုးတက်မှုတစ်ခု ဖြစ်တယ်။

Blockchain တစ်ခုအနေနဲ့ လူသိအများဆုံး Application တစ်ခုကတော့ လတ်တစ်လောမှာ တော်လှန်ပြောင်းလဲလိုက်တဲ့ ငွေကြေးစနစ်တစ်ခုအဖြစ် လူသိများတဲ့ ဘစ်ကွိုင် ပဲ ဖြစ်ပါတယ်။ ဘစ်ကွိုင် ဟာ ၄င်းရဲ့ အသုံးပြုသူ ကွန်ယက်ပေါ်မှာသာ မှီခို ထားပြီး ကိုယ်တိုင်စီမံခန့်ခွဲနိုင်တဲ့ ငွေကြေးစနစ်တစ်ခုဖြစ်ပါတယ်။ တန်ဖိုးပြောင်းလဲဖို့မလွယ်တဲ့ ငွေမာတွေလိုမျိုး အလွယ်တ ကူ အတုပြုလုပ်လို့ မရနိုင်တဲ့အပြင် ခြေရာကောက်လို့ မရနိုင်တာမျိုးတွေလဲ မရှိနိုင်ပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ ဘစ်ကွိုင် ဟာ Digital Economy အတွက် တည်ဆောက်ထားတာဖြစ်ပြီး Transaction တိုင်းဟာ အသေးစိတ်ကျတဲ့ အချက်အလက် သမိုင်းကြောင်းတွေနဲ့ မှတ်သားထားတဲ့အတွက်ကြောင့်ပါ။ ဒါပေမယ့် ဘစ်ကွိုင် ဆိုတာဟာ အစပဲရှိပါသေးတယ်။ တိုးတက် ပြောင်းလဲလာတဲ့ Ledger နည်းပညာတွေအနေနဲ့ စီးပွားရေးလုပ်ငန်းတွေကို ဘယ်လို သက်ရောက်မှုရှိလာမှာပါလဲ ဆိုတာ ကတော့...

၁. သန်းပေါင်းများစွာ သော လူတွေကို ကမ္ဘာ့စီးပွားရေးမှာ ပါ၀င်လာစေနိုင်ခြင်း။

ကမ္ဘာ့ဘဏ်ရဲ့အဆိုအရ (၂) သန်းမကသော လူတွေဟာ ယနေ့အချိန်ထိ Basic Transaction တွေကို ထိတွေ့သုံးစွဲနိုင်စွမ်း မရှိသေးဘူးလို့ သိရပါတယ်။ ယခင် အစဉ်အလာဟောင်း ကျင့်သုံးတဲ့ ဘဏ္ဍာရေးအဖွဲ့အစည်းတွေအနေနဲ့ ပေးစွမ်းနိုင်ခြင်း မရှိတဲ့ အသေးစိတ်ကိစ္စရပ်တွေဟာ ကမ္ဘာ့စီးပွားရေးမှာ လူတိုင်းအပြည့်အဝ ပါ၀င်လာနိုင်ဖို့အတွက်ကို ရွှေပြည်တော်ရယ် မျှော်တိုင်းဝေးစေပါတယ်။ Blockchain အနေနဲ့ကတော့ ဒီလူတွေကို သင့်တော်သလို ပါ၀င်လာစေနိုင်မှာဖြစ်ပြီး ဘဏ္ဍာရေး ဆိုင်ရာ ကိစ္စရပ်တွေမှာ ၀င်ရောက် အသုံးပြုနိုင်ခွင့်ကို လွယ်ကူလုံခြံုမှုရှိအောင် ပြုလုပ်ပေးနိုင်မှာပဲ ဖြစ်ပါတယ်။

ယနေ့ခေတ် စီးပွားရေးနယ်ပယ်မှာ နိုင်ငံတစ်နိုင်ငံနဲ့တစ်နိုင်ငံ Transaction လေး တစ်ကြောင်း အဆင်ပြေချောမွေ့သွားဖို့ အတွက်ကို အဖွဲ့အစည်း တစ်ဒါဇင်လောက်ဟာ ရာနဲ့ချီအောင် အဆက်အသွယ်တွေလုပ်ကြရပါတယ်။ ဒါဟာ ပြောင်းလဲ သင့်တဲ့ ကိစ္စရပ်ပါပဲ။

အချင်းချင်း တိုက်ရိုက်ဆက်သွယ်နိုင်မှု ပုံစံသစ်ကို ဘဏ်တွေ၊ အကြွေးဝယ်ကဒ် ကုမ္ပဏီတွေနဲ့ အစိုးရလိုမျိုး ကြားခံ ဆက် သွယ်ပေးမယ့် အဖွဲ့အစည်းလိုမျိုး နေရာတွေမှာ အစားထိုးလိုက်မယ်ဆိုရင် အရင်တုန်းက ဘဏ် စနစ်ကို အသုံးမပြုနိုင်တဲ့ သန်းပေါင်းများစွာသော လူတွေဟာ အသစ်ဖြစ်လာမယ့် ကမ္ဘာ့စီးပွားရေးမှာ ပါ၀င်လက်တွဲလာနိုင်မှာပဲ ဖြစ်ပါတယ် ။

၂. လုပ်ငန်းပိုင်းဆိုင်ရာ အသုံးစရိတ် လျှော့ချနိုင်ခြင်း။

Blockchain နည်းပညာဟာ အုပ်ချုပ်မှုစနစ်တွေ၊ စောင့်စည်းလိုက်နာစရာတွေ၊ စီမံခန့်ခွဲမှုတွေစတဲ့ လုပ်ငန်းပိုင်းဆိုင်ရာ ခက်ခဲတဲ့ လည်ပတ်မှုတွေကို ချောမွေ့လွယ်ကူစေပြီး အလိုအလျောက် တာဝန်ယူဆောင်ရွက် ပေးလာနိုင်မယ့် သိမ်မွေ့တဲ့ အပြောင်းအလဲတစ်ခုအဖြစ် ရပ်တည်လျက်ရှိပါတယ်။ ယနေ့ခေတ်မှာ အဖွဲ့အစည်းတစ်ခုနဲ့တစ်ခုကြား စက်ပစ္စည်း အချင်း ချင်း ဆက်သွယ်အသုံးပြုမှုဟာ ကုန်ကျစရိတ်များပြီး နှေးကွေးတဲ့အပြင် တစ်ခါတစ်လေမှာ ကျယ်ပြန့်တဲ့ လူ့အရင်းအမြစ် လိုအပ်ချက်တွေလဲ ရှိနိုင်ပါတယ်။ အဖွဲ့အစည်းအချင်းချင်း ဆက်သွယ်နိုင်ဖို့ ကိုယ်ပိုင် IT Systems တွေနဲ့ Solution တွေကို ပေါင်းကူး တံတားသဖွယ် တည်ဆောက်ရတာဟာ တစ်ခါတစ်လေမှာ ကုန်ကျခံဖို့ မထိုက်တန်လှပါဘူး ။ Blockchain အနေ နဲ့ကတော့ စံသတ်မှတ်ထားတဲ့ ကမ္ဘာသုံး အချက်အလက် သိုမှီးမှုစနစ်ကို မိတ်ဆက်ခဲ့ပြီး စနစ်တွေ၊ အဖွဲ့အစည်းတွေကြား တစ်ခါမှ မရှိခဲ့ဖူးတဲ့ လွယ်ကူသက်သာမှုကို ဖန်တီးပေးနိုင်ခဲ့ပါတယ်။ လတ်တစ်လောရရှိထားတဲ့ စစ်တမ်းများအရ Blockchain နည်းပညာဟာ ဘဏ်လုပ်ငန်းနယ်ပယ်အတွက် တစ်နှစ်ကို (၈) ဘီလျံ နဲ့ (၁၂) ဘီလျံကြား ပိုမို သက်သာလာ ဖွယ်ရှိတယ်လို့ ဆိုပါတယ် ။

၃. သဘောတူညီမှု စာချုပ်စာတန်းတွေကို ပိုမို မြန်ဆန် ချောမွေ့ လွယ်ကူ လာစေခြင်း။

ဉာဏ်ရည်မြင့်စာချုပ်ဆိုတာဟာ အတည်ပြုစစ်ဆေးမှုတွေနဲ့ စာချုပ်ရဲ့ ဆိုလိုရင်းအနှစ်သာရကို ဖြစ်မြောက်အောင် ဖန်တီး ဆောင်ရွက်ပေးနိုင်တဲ့ Computar Protocol တွေပဲဖြစ်ပါတယ်။ အခြေခံအားဖြင့်တော့ ဉာဏ်ရည်မြင့် စာချုပ်တွေဟာ စာချုပ် ပါ အကြောင်းအချက် သဘောတူညီမှုတွေကို ရှေ့နေတွေ၊ အပေါင်ပစ္စည်းတွေနဲ့ ကြားပွဲစားလိုမျိုး ကြားခံတွေ၊ အချိန်၊ ကုန်ကျစရိတ်တွေကိုပါ ပိုပြီးမြင့်တက်စေတဲ့အရာတွေ မပါ၀င်စေပဲ တိုက်ရိုက်အခြေပြု ပုံဖော်ပေးနိုင်တဲ့အရာတစ်ခု ဖြစ်ပါ တယ်။

ဉာဏ်ရည်မြင့်စာချုပ်တွေဟာ တာဝန်ဝတ္တရားတွေ၊ အစီရင်ခံစာတွေကို မှတ်တမ်းဖမ်းယူပေးနိုင်တဲ့အပြင် လုပ်ငန်းဆောင် ရွက်မှုပိုင်းဆိုင်ရာ အမှားတွေကိုလဲ လျှော့ချပေးပါတယ်။ အဆုံးမရှိတဲ့ စာရွက်စာတမ်းကိစ္စတွေ၊ အချက်အလက် အရင်း အမြစ်တွေနဲ့ အစီရင်ခံစာ ယန္တယားတွေကြောင့် အလုပ်တွေပုံနေတတ်တဲ့ အစိုးရအဖွဲ့အစည်းတွေ၊ လုပ်ငန်းကြီးတွေ အနေနဲ့ ငွေပေးချေခြင်းတွေ၊ အတည်ပြုစစ်ဆေးမှုတွေကို အချိန်နဲ့တစ်ပြေးညီ လျှင်လျှင်မြန်မြန်တိတိကျကျ ဆောင်ရွက်လာနိုင်ဖွယ် ရှိပါတယ်။

Blockchain ရဲ့ အနာဂတ်။

Blockchain ဟာ ယင်းရဲ့ အစောပိုင်း ဖွံ့ဖြိုးရေးလုပ်ငန်းများမှာတင် ကျွန်တော်တို့ရဲ့ သံသယကို ရိုက်ချိုးခဲ့ပါပြီ။ နောင် နှစ်ပေါင်း ၂၀ ကျော်မှာ ဖြစ်လာနိုင်မယ့် Internet အခြေအနေနဲ့ နောင် ဆယ်စုနှစ်မှာ ဖြစ်လာနိုင်တဲ့ Cloud နည်းပညာတွေ ကို ကောင်းကောင်းကြီးယှဉ်နိုင်တဲ့ အခြေအနေမျိုးမှာ ရှိနေမှာပါ။ လတ်တစ်လော အနေနဲ့ မရင့်ကျက်သေးတဲ့ အနေအထား လို့ ဆိုနိုင်ပေမယ့် Blockchain ဟာ ခဏလေးအတွင်း ပျောက်ပျက်သွားမယ့်အရာမျိုး မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ ဆောင်းဦး ပေါက်တုန်းက IBM အနေနဲ့ Blockchain နဲ့ ပတ်သတ်လို့ ဖွံ့ဖြိုးမှု သုတေသနလုပ်ငန်းတွေ ဆောင်ရွက်ဖို့ (၂၀၀) ဘီလျံ ရင်းနှီးမြုတ်နှံမှာဖြစ်ပြီး အဲ့ဒီအတွက် လူပေါင်း ၁၀၀၀ လောက်ကိုလဲ အလုပ်ခန့်ဖို့ ရည်ရွယ်ထားတယ်လို့ ထုတ်ပြန် ကြေညာ ထားပါတယ်။

ဒါတွေရဲ့ အကျိုးဆက်၊ အကျိုးရလာဒ်ကတော့ ကမ္ဘာ့စီးပွားရေးမှာလူတွေ ပိုမိုပါ၀င်လာနိုင်ပြီး လုပ်ငန်းပိုင်း ဆောင်ရွက်မှု ကုန်ကျစရိတ်တွေဟာ လျော့ကျလာခြင်း၊ သဘောတူညီမှု စာချုပ်တွေဟာလဲ ပိုပြီး လွယ်ကူချောမွေ့ မြန်ဆန်လာခြင်း စတဲ့ အကျိုးကျေးဇူးတွေဟာ Blockchain က စီးပွားရေးလုပ်ငန်းတွေအပေါ် အကျိုးပြုနိုင်တဲ့ အားသာချက်တွေပဲဖြစ်ကြောင်း တင်ပြလိုက်ပါတယ်။

Google ကေနေလ့လာရသမ်ွကို ျျပန္ေရးေပးထားတာပါ။

Coin Marketplace

STEEM 0.28
TRX 0.12
JST 0.032
BTC 67146.64
ETH 3123.64
USDT 1.00
SBD 3.80