ဥရောပblockchain အဖွဲ့ဝင်များအဖြစ်နိုင်ငံပေါင်း ၂၂နိုင်ငံမှ လက်မှတ်ရေးထိုး

in #blockchain6 years ago (edited)


ဥရောပနိုင်ငံများကော်မရှင်(EC)မှ ဦးဆောင်၍ ဥရောပ blockchain အဖွဲ့နိုင်ငံများအဖြစ် တရားပွဲဖွဲ့စည်းဆောင်ရွက်ရန် လက်မှတ်ရေးထိုးပွဲကျင်းပခဲ့ရာ နိုင်ငံပေါင်း ၂၂နိုင်ငံမှကိုယ်စားလှယ်များ လက်မှတ်ရေးထိုးခဲ့တယ်ကြောင်း ဧပြီ ၁၀ရက်နေ့ကထုတ်ပြန်တဲ့ European Commission(EC)ရဲ့ ထုတ်ပြန်ချက်များအရသိရပါတယ်။
ယင်းအခမ်းအနားတွင် European Commissionရဲ့ ဒုတိယဥက္ကဌမှ ဥရောပဟာ AI(artificial intelligent)နည်းပညာအပြင် Blockchain နည်းပညာသစ်ပေါ်တွင် အခြေခံထားတဲ့ ဒီဂျစ်တယ်နည်းပညာအားလုံးရဲ့ စွန့်ဦးနိုင်ငံများဖြစ်လာရန်ရည်ရွယ်ကြောင်းပြောကြားခဲ့ပါတယ်။၎င်းအခမ်းအနားမှကောက်နုတ်ချက်များအရ ယခုကဲ့သို့ဖွဲ့စည်းခြင်းသည် အများပြည်သူတို့အတွက် အကျိုးရှိသော digital marketတစ်ခုဖော်ဆောင်ပြီး ထိုမှတဆင့် နည်းပညာကျွမ်းကျင်မှု၊ထိန်းညှိမှုများနှင့် ဥရောပအနှံ့ Blockchain-based industryများဖွင့်လှစ်သွားနိုင်ရန်အတွက် ယန္တရားကြီးတစ်ခုဖြစ်လာလိမ့်မည်ဟု ဆိုထားပါတယ်။
Digital Economy and Society၏ အကြီးအကဲဖြစ်သူ Mariya Gabrielမှ လက်ရှိဈေးကွက်နယ်ပယ်များကို blockchainနည်းပညာဖြင့်ပေါင်းစပ်နိုင်မည့် အလားအလာများနှင့်ပတ်သက်ပြီး ယခုလိုပြောကြားသွားခဲ့ပါတယ်။
"အနာဂါတ်မှာ အများပြည်သူသုံးလုပ်ငန်းအားလုံးဟာ blockchain နည်းပညာကို အသုံးပြုလာကြပါလိမ့်မယ်။Blockchain နည်းပညာဟာ ဥရောပနဲ့ အဖွဲ့နိုင်ငံများအတွက် ၎င်းတို့၏ သတင်းအချက်အလက်စနစ်တွေ ပြောင်းလဲရန်၊သုံးစွဲသူတို့၏ယုံကြည်ချက် မြှင့်တင်ရန်၊ပုဂ္ဂိုလ်ရေးအချက်အလက်များကာကွယ်ရန်၊အလုပ်အကိုင်အခွင့်အလမ်းသစ်များဖော်ဆောင်ရန်၊နိုင်ငံသားတို့၏အကျိုးဖြစ်ထွန်းမှု၊ဝန်ဆောင်မှုလုပ်ငန်းများနှင့်ကုမ္ပဏီများ၏အကျိုးအမြတ်များရှာဖွေနိုင်ရန်အတွက် ကြီးမားသောအခွင့်အရေးတစ်ရပ်ဖြစ်ပါတယ်" ဟူ၍ပြောကြားသွားခဲ့ပါတယ်။

Blockchainနည်းပညာအားထိန်းညှိရန်ဟူသော ခေင်းစဉ်တစ်ရပ်ကိုလည်း ထိုအခမ်းအနားတွင်ချပြဆွေးနွေးသွားခဲ့ပြီး EU၏ စည်းမျဉ်းဥပဒေများကိုလေးစားလိုက်နာပြီး တိကျသောအုပ်ချုပ်ထိန်းညှိမှုစံနှုန်းများနှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းပြောကြားသွားခဲ့ပါတယ်။ပါဝင်လက်မှတ်ရေးထိုးခဲ့တဲ့နိုင်ငံများအနေနဲ့ သြစတြေးလျ၊ဘူဂေးရီးယား၊ဘယ်ဂျီယံ၊ချက်၊အက်စတိုးနီးယား၊ဖင်လန်၊ပြင်သစ်၊ဂျာမနီ၊အိုင်ယာလန်၊လက်ဗီးယား၊လစ်သူရေးနီးယား၊လူစင်ဘော့၊မော်တာ၊နယ်သာလန်၊နော်ဝေး၊ပိုလန်၊ပေါ်တူဂီ၊ဆလိုဗက်ကီးယား၊ဆလိုဗန်းနီးယား၊စပိန်၊ဆွီဒင်နှင့် UKတို့ဖြစ်ပါတယ်။

ဖေဖော်ဝါရီလအစောပိုင်းမှာတော့ European Commission(EC)မှ ဥရောပနိုင်ငံများ Blockchain ဖိုရမ်အဆောက်အအုံအားဖွင့်လှစ်ခဲ့ပြီး"ကမ္ဘာပေါ်တွင်တစ်ခုတည်းသော Blockchainနည်းပညာအတွေ့အကြုံ၊ ကျွမ်းကျင်မှုတွေနဲ့ပြည့်နှက်နေတဲ့နေရာ"ဟူ၍ညွှန်းဆိုသွားခဲ့ပါတယ်။ထိုလက်မှတ်ရေးထိုးပွဲအခမ်းအနားမှ ထုတ်ပြန်ချက်များအရ ECဟာ Blockchain ဆက်နွယ်တဲ့ လုပ်ငန်းများတွင် 80mln euro($98mln)အထိ ရင်းနှီးမြှုပ်နှံခဲ့ပြီး ၂၀၂၀ခုနှစ်တွင် 300mln euro($371mln) အထိတိုးမြှင့်လာဖို့ရှိနေတယ်လို့ သိရပါတယ်။
###အားလုံးပြောနေကြတဲ့အဆုံးဟာ အရာအားလုံးရဲ့အစဖြစ်နေနိုင်ပါတယ်။ကျနော်တို့ကတော့ ကြိုရောက်နှင့်နေသူများအဖြစ်နေသွားကြတာပေါ့။###
#sayrchan
Img Ref:www.cryptocoinmastery.com
:www.smartereum.com
:www.bitcoinexchangeguide.com

Sort:  

Resteemed your article. This article was resteemed because you are part of the New Steemians project. You can learn more about it here: https://steemit.com/introduceyourself/@gaman/new-steemians-project-launch

Coin Marketplace

STEEM 0.26
TRX 0.13
JST 0.032
BTC 60837.81
ETH 2874.77
USDT 1.00
SBD 3.62