KARING NAW

in #beauty7 years ago

မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ် မြစ်ကြီးနားမြို့ကို ရောက်ခဲ့ရင်ဖြင့် ကရိန်နော် အပန်းဖြေ စခန်းစခန်းကို သွားဖြစ်အောင်သွားဖို့တိုက်တွန်းလိုက်ပါရစေ ။
ကရိန်နော်ဟာ ကချင်ပြည်နယ် သမိုင်းတွင် အထင်ကရ နေရာတစ်ခု အဖြစ်သတ်မှတ်ထားသည့် အလှတရား တို့၏မြေပြင် ဖြစ်သည်။ ဧရာဝတီ မြစ်ကြီးသည် ၎င်း၏ ပခုံးထက်၌ မညောင်းမညာ တသွင်သွင် စီးဆင်းခြင်းသည် ကချင်ပြည်နယ်၏ အလှနှင့် လူမျိုးစု တစ်ခု၏သစ္စာတရား ကို ဖော်ကျူးထားသည်။ ရာဇဝတ်သားပမာ နောက်ပြန် မလှည့်ရဲသည့်ဟန်ဖြင့် မြစ်ရေတို့က မည်သည့်အကွေ့ အကောက်တို့ကိုမဆိုရင်ဆိုင်မည့် သဘောဖြင့် ထပ်ကာထပ်ကာ စီးဆင်းမြဲ ဖြစ်သည်။
ကရိန်နော်””ကား မြေဧက ၄ ဧက နီးပါးမျှသာ ဖြစ်သော်လည်း မေခ၊ မလိခ မြစ်ဆုံမှဧရာဝတီ ဟူ၍ ဖြစ်ထွန်း ခဲ့သော ရေစီးကြောင်းတွင် ပထမဆုံး လှပမှုများ စုဝေးရာ အရပ်ဖြစ်၏။ တောင်ခြေများအနီး မြစ်ကွေ့ ကွေ့ တွင် ရေအောက်ရှိ ကျောက်ခဲလေးများ၊ ကျောက်ငါးလေးများကို ရေတွက် နိုင်လောက်အောင် ကြည်လင်လှ၏။ ကျောက်၏ အအေးဓာတ်၊ တော၏ အအေးဓာတ်၊ တောင်၏ အအေးဓာတ်များ ပေါင်းစပ် ထားသဖြင့် ဧရာဝတီ ရေကြည်ချမ်းမြ အစစ်ဖြစ်ပေသည်။ ကျောက်ပြန့်များက ကျယ်ဝန်းပြီး ရေကျသွား လျှင် ကျောက်ဆောင်များ ပေါ်လာတတ် ရာ ရေလယ်ကျောက်ဆောင်ရှိရာ ခြေချင်သွားရသော စွန့်စားခန်းက လူငယ်များအား မြှူဆွယ် ခဲ့မြဲဖြစ်သည်။

ကရိန်နော်လူမျိုးစု ခေါင်းဆောင် သည် မိမိ၏ လူမျိုးစုများအပြင် တိုင်း ရင်းသားပေါင်းစု လာရောက်အပန်း ဖြေ ရန် လွန်ခဲ့သည့် နှစ်ပေါင်း ငါးဆယ်ခန့် က စ၍ ဧရာဝတီမြစ်ကမ်းမြေနေရာ တစ်ခု၏ အလှပန်းချီကို အပန်းဖြေ စခန်းတစ်ခုအဖြစ် အသက်သွင်းပုံဖော် ထားခဲ့ခြင်း ဖြစ်သည်။
ကချင်ပြည်နယ်သို့လေ့လာရေး ခရီးထွက်ခဲ့လျှင် မဖြစ်မနေ သွားရမည့် နေရာများထဲမှ တခုအပါအဝင်ဟု လမ်းညွှန်လိုက်ရပါသည်။FB_IMG_1499753473250.jpgFB_IMG_1499753434716.jpgFB_IMG_1499654827712.jpg
If visit to Myitkyina in Kachin state in northern Myanmar, frames the resort has been urged to go into camp.
Kachin State as a landmark in the history of the ground to maintain its beauty. Along the Irrawaddy River over its shoulder to the frequent flow of Kachin State and portray the truth of an ethnic group.
Frame, but ... "" is not only nearly 4 acres, acres Malikha Confluence 0 to be productive on the currents is the first quantity of beautiful places. Turn at the turning of the river near the foothills of small stones under the water.

The frame profile tribal leader of his visit to all ethnic groups, as well as ethnic groups, about fifty years ago one of the Irrawaddy river from the site to leave a painting portraying life as a resort.

If a visit to Kachin State mandatory guidelines, including one of the places to go out.!

Sort:  

Congratulations @aungzawhtwe! You have completed some achievement on Steemit and have been rewarded with new badge(s) :

Award for the number of upvotes received
You got a First Reply
Award for the number of upvotes

Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here

If you no longer want to receive notifications, reply to this comment with the word STOP

By upvoting this notification, you can help all Steemit users. Learn how here!

Coin Marketplace

STEEM 0.18
TRX 0.16
JST 0.030
BTC 68288.30
ETH 2649.13
USDT 1.00
SBD 2.69