FPL အနေအထားက (@aggamun)

in #battle5 years ago

ဒါက ကျွန်တော့ရဲ့ Week.1 က ရမှတ် ထင်ပါတယ်။ အခြေအနေက တော့ မလှပါဘူး။ ပထမဆုံးဆိုတော့ နားမလည် သဘောပေါက်မှားယွင်း တာတွေ ရှိပါတယ်ဗျ။ ဥပမာ လူရွေးတာ ဆိုရင် ကျွန်တော်က ကစားကွက် အတိုင်း ရွေးမိ နေပါတယ်။ တကယ်တော့ အမှတ် အများဆုံး ရနိုင်မယ့် ကစားသမားကို ရွေးသင့်တယ် ဆိုတာ အခုမှ ရှင်းရှင်း လင်းလင်း သိတာပါ။

ဆိုတော့ဗျာ ရွေးမိတဲ့ အချို့ ကစားသမား တွေက အမှတ် သိပ်မရတော့ ကြေကွဲစရာပေါ့။ အခု ဒုတိယ ပွဲကလည်း ပြင်ဆင်ဖို့ ဝင်မယ့်အချိန်မှာ updated လုပ်ချိန် ဖြစ်နေပါတယ်။ နောက်တော့ ကျွန်တော်လည်း မေ့သွားတာနဲ့ အရင်လူ အတိုင်းပဲ ဖြစ်သွားပါ တော့တယ်။ Week.2 အတွက် စိတ်ကြိုက် မပြင်လိုက် ရတော့ပါဘူး။ လဲမယ် ဆိုလည်း တစ်ယောက် နှစ်ယောက်ပါပဲ ဆိုတော့ အဆင် ပြေနိုင်မယ် ထင်ပါတယ်။

Week.2 က ရမှတ် ကတော့ အင်္ဂါနေ့ မန်ယူပွဲ ပြီးမှ ထွက်ပေါ်လာမှာ ဖြစ်ပါတယ်။ ကျွန်တော်က အခုမှ အထာလေး တွေ သိအောင် သူပေးထားတဲ့ အခွင့်အရေး တွေ အသုံးချ တတ်အောင် လေ့လာတုန်းပါ။ နောက်နှစ်ဆိုရင်တော့ FPL ကို ကောင်းကောင်း ကစားနိုင်ဖို့ ဒီနှစ်မှာ အကုန် လေ့လာထားမှ ဖြစ်မှာပါ။ ဒီနှစ် ဆု ရရ မရရ ဂိမ်းပုံစံ တစ်ခုလုံးကို ကျွမ်းကျွမ်း ကျင်ကျင် ကိုယ်တွယ် အသုံးချ ကစားတတ်ရင် အမြတ်ပါပဲ။

အင်း ခုတော့လည်း သုံးလေး ငါးနှစ်လောက် အားကစား ဂျာနယ်တွေ ဖတ်ရတဲ့ အကျိုးကျေးဇူးလေး ခံစားရပြီပေါ့။ အားစိုက်ထုတ်မှု တိုင်းအတွက် တန်ပြန် သက်ရောက်မှု ပေါ့ဗျာ။ အစ ကတော့ ဘာရယ် ညာရယ် မဟုတ်ပါဘူး ကိုယ် ဝါသနာပါရာ အားကစား အကြောင်းလေး ဖတ်ရှု လေ့လာရင်း အချိန်ဖြုန်း တယ်လို့ ခံစားမိခဲ့ဖူးပါတယ်။ အခုတော့ ဒီထက် ပိုပြီး သေသေချာချာ ဖတ်ရှု မလေ့လာခဲ့ခြင်း ဆိုပြီး အားမလို အားမရ တောင် ဖြစ်မိပါသေးတယ်ဗျ။

Written by @aggamun



Posted from my blog with SteemPress : https://steemhosting.com/aggamun/?p=11
Sort:  

ဘရို အသင်းမှာက အိုဇေး နဲ့ ဘယ်လာရင် က နာနေတယ် ဘရို။ နောက်နှစ်ကျရင်တော့ ဒီထက် ကောင်းအောင် ကစားနိုင်မယ်လို့ ထင်ပါတယ်။ နောက်ပြီးတော့ တစ်သင်းလုံးလဲ လိုက်လို့ ရတယ် ဘရို။ ကျွန်တော်လဲ တစ်သင်းလုံးလဲ ထားတာ wildcard ကို သုံးပြီးတော့ >>>>>

အဲဒါ ကျနော် ဘယ်နား နှိပ်ရမှန်း မသိဘူး ဘဒို။ wildcard ကို သုံးတာ။ 😁

Posted using Partiko Android

wildcard ဆိုတာကို ရှာကြည့်လိုက်ဘရို။ သူ့ကို သုံးချင်ရင် လူကို နှစ်ယောက်ထက်ပိုပြီး transfer လုပ်ရတယ်။

ဟုတ်

Posted using Partiko Android

image.png

ကစားသမား နှစ်ယောက်ထက်ပိုပြီးလဲလိုက်ရင် wildcard ကို သုံးမလား ဒါမှမဟုတ် freehit ကို သုံးမလား ဆိုတာ ပေါ်လာတယ် ဘရို။

ဟုတ်ကဲ့ တွေ့ပြီ ဘဒို။ ကျနော် ကလိ လိုက်ဦးမယ်

Posted using Partiko Android

Coin Marketplace

STEEM 0.30
TRX 0.11
JST 0.031
BTC 68643.75
ETH 3779.37
USDT 1.00
SBD 3.67