လှုပ် သမျှ မြုပ် နေတော့လည်း (@aggamun)

in #battle5 years ago

ရာသီ သိမ်းတော့ reward ကဒ်လေး 22 ကဒ်ရခဲ့ပါတယ်။ ပြန်စတော့ silver lll ကပေါ့။ ထင်မှတ်ထား သည့်အတိုင်း ကွက်စတိပါပဲဗျ။ နောက်ရာသီ အတွက် ကဒ် အကောင်း စား လေးတွေ စု ရဦးမှာပါ။ ပြောခဲ့သည့် အတိုင်း အရင်ကစား ခဲ့တဲ့ အနေအထား ရောက်ဖို့ က ရာသီ တော်တော်များများ မှာ ကဒ် တွေ စုဆောင်း နေရဦးမှာပါ။

reward ရတဲ့ ကဒ် ထဲမှာ legendary တော့ တစ်ကဒ်မှ မရခဲ့ပါဘူး။ ဒါပေမယ့် 3.09$ ပေါက်ဈေး ရှိတဲ့ Naga Fire Wizard လေးတော့ Gold ကဒ် အနေနဲ့ ရရှိခဲ့ပါတယ်။ အနည်းငယ်တော့ ကျေနပ်စရာ ကောင်းပါတယ်။ မီးကောင်တွေ ဆိုတော့ ရောင်းလိုက်လို့ ရလောက်ပါတယ်။ ကိုယ့်မှာလည်း Lvl.4 တစ်ကောင် ကိုင်ထားပြီးသား ဆိုတော့ သာသာယာယာ လေးပါပဲ။

season စ စ ချင်းတော့ ကဒ် အမြင့်သမားတွေနဲ့ တွေ့နိုင်ပါတယ်။ ဖလားတွေ လျော့ချ ပစ်လိုက်တော့ ခုချိန်မှာ quest ကစားမယ် ဆိုရင်တောင် အချိန်တော်တော် ပေးရနိုင်ပါတယ်။ တစ်ရက် နှစ်ရက် နေရင်တော့ ပုံမှန်အတိုင်း ပြန်ဖြစ်သွားမှာပါ။ အဲဒီအချိန်မှာပဲ ဖလားတွေရ သလောက်စုပြီး အပေါ်ကို ဆွဲတင်ရမှာပဲ ဖြစ်ပါတယ်။

ကဒ်စု တာကတော့ ကျွန်တော်က DEC နဲ့ ပဲ လဲ စုဖို့ စဉ်းစားထားပါတယ်။ STEEM တွေနဲ့ လဲလို့ မဖြစ်နိုင်ပါဘူး။ လကုန်တိုင်း Power up ဖို့ စုထားရဦးမှာ ဖြစ်ပါတယ်။ အဲဒါတောင် နှစ်ကုန်ရင် SP 1000 ရပါ့မလား မသိဘူး။ ဒါကြောင့် STEEM တွေကို အလွယ်တကူ သုံးဖို့ တော်တော် စဉ်းစားနေရပါတယ်။

အခုလောလော ဆယ်တော့ DEC ကို သင့်တော်တဲ့ ဈေးနဲ့ ဝယ်ဖို့ ချောင်း နေပါတယ်။ ပြီးရင်တော့ သင့်တော်တဲ့ ဈေးနဲ့ လိုအပ်တဲ့ ကဒ်တွေ လဲလှယ်ပါ့မယ်။ ကစားရင်းနဲ့လည်း DEC တွေ စုထားဦးမှာပါ။ စတင်းအငဂျင်မှာလည်း အနည်းငယ် မြုပ်နေတဲ့ STEEM တွေ ပြန်ပေါ်လာခဲ့မယ် ဆိုရင်တော့ ကိစ္စ တွေ အကုန် အဆင်ချော သွားနိုင်ပါတယ်။ ခုတော့ လုပ်သမျှဟာ မြုပ်နေတော့ မလှုပ်ရှား ဝံ့ ဖြစ်နေပါတော့တယ်။

Written by @aggamun



Posted from my blog with SteemPress : https://steemhosting.com/aggamun/?p=8
Sort:  

ဂိမ်းတွေဘက် မလှည့်အားသေးဘူး😁

Posted using Partiko Android

ကျနော်က နောက်ထပ်ကို ဘာမှ လှုပ်မရတော့တာ ဗျိုးးး 😁

Posted using Partiko Android

Coin Marketplace

STEEM 0.31
TRX 0.11
JST 0.030
BTC 67598.23
ETH 3714.51
USDT 1.00
SBD 3.71